သံဃဥပုသ်
လပြည့်နေ့, လကွယ်နေ့နှင့် သံဃာ၏ ညီညွတ်ခြင်းကို ပြုသောနေ့များတွင် ရဟန်းသံဃာတော်များသည် ဥပုသ်ပြုကြပြီး မိမိတို့၏ သီလကို ဆင်ခြင်သုံးသပ်ကြသည်။ ထိုသို့ ဥပုသ်ပြုရာတွင် သံဃာအားလုံး စုဝေးကာ ပြုလုပ်ကြသော ဥပုသ်ကို သံဃဥပုသ်ဟု ခေါ်သည်။ သံဃာ့ဥပုသ်[၁]ဟူသည် အယုတ်ဆုံးအားဖြင့် ၄-ယောက်သော ရဟန်းတို့ ပြုအပ်သောဥပုသ်တည်း၊
သုတ္တုဒ္ဒေသဥပုသ်
[ပြင်ဆင်ရန်]ထိုသံဃာ့ဥပုသ်ကို ပါတိမောက် ပါဠိဟူသော သုတ္တကို ရွတ်ဆို၍ ပြု အပ်သောကြောင့် “သုတ္တုဒ္ဒေသဥပုသ်” ဟု လည်းခေါ်သည်။ [၂]
သံဃာ့ဥပုသ်သည်— (၁) စာတုဒ္ဒသိက ဥပုသ်, (၂) ပန္နရသိကဥပုသ်, (၃) သာမဂ္ဂီ ဥပုသ်ဟု သုံးပါးရှိသည်။ [၃][၄] ဥပုသ်နေ့လည်း ကြည့်။
စာတုဒ္ဒသီ ၆-ဥပုသ်, ပန္နရသီ ၁၈-ဥပုသ်တို့ကိုထား၍ တစ်ပါးတည်း လည်းဖြစ်သော အမှတ်မဲ့သောနေ့သည် သာမဂ္ဂီဥပုသ်နေ့မည်သည်။[၅]
သံဃဥပုသ် ပြုရခြင်း၏ ရည်ရွယ်ချက်
[ပြင်ဆင်ရန်]သံဃဥပုသ် ပြုရခြင်း၏ ရည်ရွယ်ချက်မှာ ရဟန်းသံဃာတော်များ အချင်းချင်း အပြန်အလှန် သတိပေးတိုက်တွန်းကြရန်၊ သီလကို ထိန်းသိမ်းကြရန်၊ သံဃာ့စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းရန်နှင့် သာသနာတော်ကို ထောက်ပံ့ရန် ဖြစ်သည်။ ဥပုသ်အမေးအဖြေ လည်းကြည့်။
သံဃဥပုသ် ပြုပုံ
[ပြင်ဆင်ရန်]သံဃဥပုသ်ကို သိမ်အတွင်း၌ ပြုလုပ်ကြသည်။ သိမ်ဆိုသည်မှာ ရဟန်းတော်များ စုဝေးကာ ကံကြီးကံငယ် ပြုလုပ်ရာ နေရာဖြစ်သည်။ ဥပုသ်နေ့တွင် ရဟန်းတော်များသည် သိမ်၌ စုဝေးကြပြီး ပါတိမောက်ကို ရွတ်ဖတ်ကြသည်။ ပါတိမောက်ဆိုသည်မှာ ရဟန်းတော်များ လိုက်နာရမည့် သိက္ခာပုဒ်များဖြစ်သည်။ ပါတိမောက်ကို ရွတ်ဖတ်ပြီးနောက် ရဟန်းတော်များသည် မိမိတို့၏ သီလကို ဆင်ခြင်သုံးသပ်ကြသည်။ တစ်စုံတစ်ရာ ဖောက်ဖျက်ကျူးလွန်မိပါက ထုတ်ဖော်ပြောကြားပြီး ပြန်လည် ဖြေရှင်းကြသည်။ သံဃဥပုသ်ပြုပုံ လည်းကြည့်။ [၆]
သံဃဥပုသ်၏ အကျိုးကျေးဇူး
[ပြင်ဆင်ရန်]သံဃဥပုသ် ပြုခြင်းဖြင့် ရဟန်းတော်များသည် မိမိတို့၏ သီလကို စင်ကြယ်စေနိုင်ပြီး သံဃာ့စည်းလုံးညီညွတ်မှုကိုလည်း ထိန်းသိမ်းနိုင်ကြသည်။ ထို့အပြင် သံဃဥပုသ်သည် သာသနာတော်ကို ထောက်ပံ့ရာတွင်လည်း အထောက်အကူ ဖြစ်စေသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ သံဃဥပေါသထာဒိဘေဒေန နဝဝိဓ (ဝိ၊ဋ္ဌ၊၃၊၃၄၁) န္တိ သံဃေ ဥပေါသထော ဂဏေ ဥပေါသထော ပုဂ္ဂလေ ဥပေါသထောတိ ဧဝံ ကာရကဝသေန တယော။ သာရတ္ထ၊၃၊၂၇၇။
- ↑ အပရေပိ တယော ဥပေါသထာ သုတ္တုဒ္ဒေသော ဥပေါသထော ပါရိသုဒ္ဓိ ဥပေါသထော အဓိဋ္ဌာနုပေါသထော။ ဝိ၊၅၊၂၂၂။ သုတ္တုဒ္ဒေသော နာမ “သုဏာတု မေ ဘန္တေ သံယော"တိ အာဒိနာ နယန ဝုတ္တော ပါတိမောက္ခုဒ္ဒေသော။ ဝိ၊သင်္ဂဟ၊၂၀၀။ သုတ္တုဒ္ဒေသော နာမ ပါတိမောက္ခုဒ္ဒေသော ဝုစ္စတိ။ ကင်္ခါ၊၉၃။ သုတ္တဿ ဥဒ္ဒေသော သုတ္တုဒ္ဒေသော။ ကင်္ခါ၊ဋီ၊သစ်၊၁၅၀။ (ဝိ၊၃၊၁၄၄။ ဝိ၊ဋ္ဌ၊၄၊၁၆၄။ သာရတ္ထ၊၃၊၂၇၇)။
- ↑ (အကျယ်ကို-ဝိ၊၃၊၁၂၅၊ ၁၅၂၊ ၁၅၈၊ ၁၈၄-၅၊ ၁၈၇၊ ၅၀၇။ ဝိ၊ဋ္ဌ၊၃၊၃၁၇၊ ၃၃၇-၈၊ ၃၄၄၊ ၃၄၇။ ကင်္ခါ၊၈၄-၇၊ ၉၅။ ဝိ၊သင်္ဂဟ၊၁၉၉၊ ၂၀၃။ ဝဇိရ၊၄၆၃။ ကင်္ခါ၊ဋီ၊သစ်၊၁၅၄။ ပါစိတ်၊ ယော၊ ၃၁၀။ ဝိ၊ လင်္ကာရ၊ဋီ၊၁၊၃၉၇-၄၀၀။ ဝိနယသမူဟဝိနိစ္ဆယ၊၂၊၁၁၂-၂၁၊ ၁၂၂-၄။ မဟာဝါ၊ ဂဏ္ဌိ၊ သစ်၊ ၂၁၅၊ ၂၂၆-၈။ ကြည့်။)
- ↑ တယော ဥပေါသထာ စာတုဒ္ဒသိကော ပန္နရသိကော သာမဂ္ဂီဥပေါသထော။ ဝိ၊၅၊၂၂၂။ ဝိ၊ဋ္ဌ၊၃၊၁၄၄။ ဝိ၊သင်္ဂဟ၊၄၆၇။ ယဒါ ပန ကောသမ္ဗက္ခန္ဓကေ ...သံဃဿ သာမဂ္ဂိံ ကရောတိ၊ တဒါ တာဝဒေဝ ဥပေါသထော ကာတဗ္ဗော။ ကင်္ခါ၊၈၆။ (ဝိ၊သင်္ဂဟ၊၁၉၉)။ သာမဂ္ဂီဥပေါသထော နာမ သံဃသာမဂ္ဂိကတဒိဝသေ ကာတဗ္ဗဥပေါသထော။ ကင်္ခါ၊ဋီ၊သစ်၊၁၁၃-၅။
- ↑ ဌပေတွာ စာတုဒ္ဒသပန္နရသေ အညောပိ ယော ကောစိ ဒိဝသော သာမဂ္ဂီဥပေါသထဒိဝသော နာမ ဟောတိ။ ကင်္ခါ၊၈၆။ (ကင်္ခါ၊ဋီ၊သစ်၊၁၃၅။ ဝိမတိ၊၂၊၃၁၄)။
- ↑ ဦးဩဘာသ။ ဝိနည်းဥပဒေတော်ကြီး။