ကချင်ပြည်နယ် တရားလွှတ်တော်
ကချင်ပြည်နယ်တရားလွှတ်တော် High Court of the Kachin State | |
---|---|
နိုင်ငံ | မြန်မာနိုင်ငံ |
တည်နေရာ | ဧရာရပ်ကွက်၊ မြစ်ကြီးနားမြို့ |
လုပ်ပိုင်ခွင့်ပြုခြင်း | ဖွဲ့စည်းပုံအခြေခံဥပဒေ |
ရာထူးနေရာ | ၃ |
ဝက်ဘ်ဆိုဒ် | kachin.hc.gov.mm |
တရားသူကြီးချုပ် | |
လက်ရှိ | ဒေါ် အေးအေးမော် |
စတင်တာဝန်ထမ်းဆောင် | ၂၀ ဒီဇင်ဘာ ၂၀၂၄ |
ကချင်ပြည်နယ်တရားလွှတ်တော် သည် ကချင်ပြည်နယ်တွင် အမြင့်ဆုံးတရားရုံးဖြစ်သည်။ မြန်မာနိုင်ငံ၏ ဒုတိယအမြင့်ဆုံးအဆင့်ရှိ တရားရုံးဖြစ်ကာ ခရိုင်တရားရုံး (၄)ရုံး၊ မြို့နယ်တရားရုံး (၁၈)ရုံးရှိသည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]၂၀၁၁ခုနှစ် မတ်လ ၃၀ရက်နေ့မှစ၍ ၂၀၀၈ အခြေခံဥပဒေအရ ယခင် ကချင်ပြည်နယ်တရားရုံးကို ကချင်ပြည်နယ်တရားလွှတ်တော်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ထိုစဉ်က တရားသူကြီးချုပ် (၁)ဦး၊ တရားသူကြီး(၂)ဦး စုစုပေါင်း (၃)ဦးဖြင့် ဖွဲ့စည်းခဲ့သည်။
တည်နေရာ
[ပြင်ဆင်ရန်]ကချင်ပြည်နယ်တရားလွှတ်တော်သည် အမှတ်(၁၅) ဧရာရပ်ကွက် မြစ်ကြီးနားမြို့တွင် တည်ရှိသည်။
တရားလွှတ်တော်တရားသူကြီးချုပ်များ
[ပြင်ဆင်ရန်]- ဦးတူးဂျာ (၃၀ မတ် ၂၀၁၁ မှ ၁၉ ဒီဇင်ဘာ ၂၀၂၄)
- ဒေါ် အေးအေးမော် (၂၀ ဒီဇင်ဘာ ၂၀၂၄ မှ လက်ရှိ) [၁]
ဖွဲ့စည်းပုံ
[ပြင်ဆင်ရန်]ကချင်ပြည်နယ်တရားလွှတ်တော်ကို ခရိုင်တရားရုံး (၄)ရုံး၊ မြို့နယ်တရားရုံး (၁၈)ရုံးဖြင့် ဖွဲ့စည်းထားသည်။[၂]
ခရိုင်တရားရုံးများ
[ပြင်ဆင်ရန်]- မြစ်ကြီးနားခရိုင်တရားရုံး
- မိုးညှင်းခရိုင်တရားရုံး
- ဗန်းမော်ခရိုင်တရားရုံး
- ပူတာအိုခရိုင်တရားရုံး
မြို့နယ်တရားရုံးများ
[ပြင်ဆင်ရန်]- မြစ်ကြီးနားမြို့နယ်တရားရုံး
- ဝိုင်းမော်မြို့နယ်တရားရုံး
- တနိုင်းမြို့နယ်တရားရုံး
- ချီဖွေမြို့နယ်တရားရုံး
- ဆော့လော်မြို့နယ်တရားရုံး
- အင်ဂျန်းယန်မြို့နယ်တရားရုံး
- မိုးညှင်းမြို့နယ်တရားရုံး
- မိုးကောင်းမြို့နယ်တရားရုံး
- ဖားကန့်မြို့နယ်တရားရုံး
- ဗန်းမော်မြို့နယ်တရားရုံး
- မိုးမောက်မြို့နယ်တရားရုံး
- မန်စီမြို့နယ်တရားရုံး
- ရွှေကူမြို့နယ်တရားရုံး
- ပူတာအိုမြို့နယ်တရားရုံး
- မချမ်းဘော့မြို့နယ်တရားရုံး
- နောင်မွန်မြို့နယ်တရားရုံး
- ခေါင်လန်ဖူးမြို့နယ်တရားရုံး
- ဆွမ်ပရာဘွမ်မြို့နယ်တရားရုံး
တရားသူကြီးများ
[ပြင်ဆင်ရန်]၂၀၂၀ပြည့်နှစ်တွင် ပြည်နယ်တရားလွှတ်တော်၌ တရားသူကြီးချုပ်အပါအဝင် (၃)ဦးရှိသည်။ ပြည်နယ်တရားလွှတ်တော်အောက်တွင် တရားသူကြီးချုပ်ရုံးနှင့် ပြည်နယ်တရားရေးဦးစီးမှူးရုံးတို့ရှိသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ ကချင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်း။ CINCDS Myanmar (၂၀ ဒီဇင်ဘာ ၂၀၂၄)။ ၂၁ ဒီဇင်ဘာ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ကချင်ပြည်နယ်တရားလွှတ်တော်။ ၂၀၂၀ပြည့်နှစ် တရားရုံးနှစ်စဉ်အစီရင်ခံစာ။