ကန့်သတ်မဲ့ရင်းမြစ် ရှေ့ဆောင်အဖွဲ့ကြီး
![]() | |
ဖွဲ့စည်းခြင်း | ဖေဖော်ဝါရီ ၈၊ ၁၉၉၈ |
---|---|
အမျိုးအစား | စံနှုန်းသတ်မှတ်ပေးသော အဖွဲ့အစည်း (Standards organization)[၁] |
တည်နေရာ | |
ဝန်ဆောင်မှုဒေသ | တစ်ကမ္ဘာလုံး |
Executive Director | စတက်ဖနို မာဖယူလီ (Stefano Maffulli) (စက်တင်ဘာ ၂၀၂၁ – ယခုထိ) |
ဘတ်ဂျက် | US$209,500 (2019)[၃] |
ဘဏ္ဍာရေး | US$209,500 (2019)[၄] |
ဝက်ဘ်ဆိုဒ် | opensource.org |
ကန့်သတ်မဲ့ရင်းမြစ် ရှေ့ဆောင်အဖွဲ့ကြီး (အင်္ဂလိပ်: Open Source Initiative) သို့မဟုတ် အတိုကောက် အိုအက်စ်အိုင် (OSI)ဟုခေါ်သော အဖွဲ့ကြီးသည် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် မှတ်ပုံတင်ထားသော အများပြည်သူအကျိုးပြုကော်ပိုရေးရှင်းတစ်ခု (public-benefit nonprofit corporation) ဖြစ်ပြီး၊ "ကန့်သတ်မဲ့ရင်းမြစ် အသိုင်းအဝိုင်းတည်ဆောက်မှုအတွက်သော်လည်းကောင်း၊ ကန့်သတ်မဲ့ရင်းမြစ်ဆိုင်ရာ ပညာရေးအတွက်သော်လည်းကောင်း၊ မူပိုင်ကန့်သတ်မဟုတ်သော ဆော့ဖ်ဝဲများ၏ လက်တွေ့အသုံးချနိုင်မှုနှင့် အရေးပါမှုကို လူအများသိရှိ ထောက်ခံအားပေးလာစေရန်အတွက် သော်လည်းကောင်း တက်ကြွစွာပါဝင်ဆောင်ရွက်သည်"။[၅]
ကန့်သတ်မဲ့ရင်းမြစ်လိုင်စင် ထောက်ခံအတည်ပြုခြင်း လုပ်ငန်းစဉ်
[ပြင်ဆင်ရန်]အိုအက်စ်အိုင်သည် အချို့သောလိုင်စင်များကို အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် ကိုက်ညီမှုရှိကြောင်း အတည်ပြုပြီး ကိုက်ညီသောလိုင်စင်များစာရင်းကို ထိန်းသိမ်းထားသည်။ လိုင်စင်အသစ်များသည် လိုင်စင်အတွက် ကျိုးကြောင်းဆီလျော်မှု၊ ရှိပြီးသား ခွင့်ပြုထားသော လိုင်စင်များနှင့် နှိုင်းယှဉ်ခြင်းနှင့် ဥပဒေဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုတို့ကို ရှင်းပြသည့် တရားဝင် အဆိုပြုချက်တစ်ခု တင်သွင်းရမည်ဖြစ်သည်။ ၎င်းအဆိုပြုချက်အား အိုအက်စ်အိုင်ဘုတ်အဖွဲ့မှ ထောက်ခံမဲပေးခြင်း သို့မဟုတ် ပယ်ချခြင်းမပြုမီ၊ အနည်းဆုံး ရက် ၃၀ ကြာ အိုအက်စ်အိုင် စာပို့စာရင်း (mailing list)တွင် ဆွေးနွေးကြသည်။ အိုအက်စ်အိုင်သည် ၎င်းထောက်ခံအတည်ပြုခြင်း လုပ်ငန်းစဉ်ကို ပွင့်လင်းမြင်သာမှုရှိရန် ကြိုးပမ်းခဲ့သော်လည်း၊ ၎င်းလုပ်ငန်းစဉ်သည် ဝေဖန်အငြင်းပွားဖွယ်ရာ အရင်းအမြစ်တစ်ခု ဖြစ်နေလေ့ရှိသည်။
အိုအက်စ်အိုင်မှ ထောက်ခံအတည်ပြုထားသော ကန့်သတ်မဲ့ရင်းမြစ် လိုင်စင်များအနက် အောက်ပါလိုင်စင်တို့ကို "လူကြိုက်များသော၊ အသုံးများသော၊ သို့မဟုတ် ခိုင်မာသော နောက်ခံအဖွဲ့အစည်း အသိုင်းအဝိုင်းများရှိသော" လိုင်စင်များအဖြစ် အထူးအကြံပြုထားပါသည်။
- အပါချီလိုင်စင် ၂.၀ (Apache License 2.0)
- ဘီအက်စ်ဒီ အပိုဒ်-၂ နှင့် အပိုဒ်-၃ လိုင်စင်များ (BSD 3-Clause and BSD 2-Clause Licenses|)
- ဂျီပီအယ်လ် (GPL) ဗားရှင်းအားလုံး
- အယ်လ်ဂျီပီအယ်လ် (LGPL) ဗားရှင်းအားလုံး
- အမ်အိုင်တီ လိုင်စင် (MIT License)
- မိုဇီလာ လူထုလိုင်စင် (Mozilla Public License) ၂.၀
- စီဒီဒီအယ်လ် (CDDL သို့မဟုတ် Common Development and Distribution License)
- အီးကလစ် လူထုလိုင်စင် (Eclipse Public License ဗားရှင်း ၂.၀
ကိုးကား
[ပြင်ဆင်ရန်]- ↑ Gardler၊ Ross; Walli၊ Stephen R (2022)။ "Evolving Perspective on Community and Governance"။ Open Source Law, Policy and Practice။ Oxford University Press။ pp. 47–48, 52။ doi:10.1093/oso/9780198862345.003.0002။ ISBN 978-0-19-886234-5။
- ↑ Charity Navigator - Unrated Profile for Open Source Initiative။ 2019-05-12 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ Charity Navigator - Unrated Profile for Open Source Initiative။ 2019-05-12 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ Charity Navigator - Unrated Profile for Open Source Initiative။ 2019-05-12 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ About the Open Source Initiative။ Open Source Initiative။ 24 November 2024 တွင် ပြန်စစ်ပြီး။