ကန္ဒီကန်
ဤ ဆောင်းပါးသည် မည်သည့် ကျမ်းညွှန်း (သို့) အကိုးအကား ကိုမှ ရည်ညွှန်းထားခြင်းမရှိပေ။ |
ကန္ဒီကန် | |
---|---|
Kiri Muhuda | |
![]() Kandy Lake | |
တည်နေရာ | Kandy |
ကိုဩဒိနိတ် | 7°18′N 80°38′E / 7.300°N 80.633°Eကိုဩဒိနိတ်: 7°18′N 80°38′E / 7.300°N 80.633°E |
အမျိုးအစား | reservoir |
ပင်မ ရေဝင်စီးကြောင်း | Creek from Ampitiya |
ပင်မ ရေထွက်စီးကြောင်း | Creek leading to Mahaweli River |
ရေချိုင့်ဝှမ်းရှိရာ နိုင်ငံများ | Sri Lanka |
တည်ဆောက်ခြင်း | 1807–1812 |
မျက်နှာပြင် ဧရိယာ | ၁၉.၀၁ ha (၄၇.၀ ဧက) |
အနက်ဆုံး အနက်အရှိုင်း | ၁၈ m (၅၉ ft) |
ရေထုထည် | ၈၆၇×၁၀ ၃ m3 (၃၀.၆×၁၀ ၆ cu ft) |
ကမ်းခြေအလျား၁ | ၃.၄ km (၂.၁ mi) |
ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၅၂၉ m (၁,၇၃၆ ft) |
ကျွန်းများ | one |
၁ ကမ်းခြေအလျားသည် တိတိကျကျ တိုင်းတာထားခြင်း မဟုတ်ပေ။ |
ကန္ဒီကန် (သီဟိုဠ်: බෝගම්බර වැව/ කිරි මූද) သည် သီရိလင်္ကာနိုင်ငံ၊ ကန္ဒီမြို့ရှိ တောင်ကုန်းတွင် တူးဖော်ထားသည့် ကန်တစ်ခု ဖြစ်သည်။ ၎င်းကို "ကိရိမုဟုဒ" သို့မဟုတ် "နွားနို့ကန်" ဟူ၍လည်း သိကြသည်။ ၎င်းကန်ကို ဘုရင် Sri Wickrama Rajasinghe လက်ထက် ၁၈၀၇ ခုနှစ်တွင် စွယ်တော်ကျောင်းတော်ဘေးတွင် တူးဖော်ခဲ့သည်။ နှစ်များစွာ ကြာညောင်းလာသည့်အခါတွင် ကန်၏ အရွယ်အစားသည့် ကျုံ့လာခဲ့သည်။ ၎င်းကန်သည် ထိန်းသိမ်းထားသည့် ကန်တစ်ခုဖြစ်ကာ ငါးဖမ်းခြင်းကို တားမြစ်ထားသည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]စွယ်တော်ကျောင်းတော်၏ အရှေ့တွင် ရှိနေသည့် ဤကန်၏ နေရာသည် ယခင်က Tigolwela ဟု သိကြသည့် လယ်ကွင်းများရှိနေသည့် နေရာဖြစ်သည်။ ၎င်းနေရာကို ဘုရင် Sri Wickrama Rajasinha က ၁၈၀၇ ခုနှစ်တွင် ကန်အဖြစ်သို့ ပြောင်းလဲခဲ့သည်။ Tigolwela ၏ အလယ်တွင် Kiri-muhuda (နို့ကန်) ဟု အမည်ပေးထားသည့် ကန်တစ်ခုရှိသည့်အတွက် ဤတူးဖော်ခဲ့သည့်ကန်ကိုလည်း ထိုအမည်အတိုင်း Kiri-muhuda ဟု ခေါ်ဆိုခဲ့ကြသည်။ ကန်၏ ဗိသုကာပညာရှင်သည် Deveda Moolacharya ဖြစ်သည်ဟု ယူဆကြသည်။ ဘုရင်သည် ပထမဆုံးအနေဖြင့် လယ်ကွင်းများတစ်လျှောက်တွင် ဆည်တစ်ခုကို ဆောက်လုပ်ခဲ့သည်။ ၎င်းဆည်သည် Paththirippuwa (octagon) ဘက်မှ စတင်ကာ ဆောက်လုပ်ခဲ့သည်။ ယခုတိုင် ထိုဆည်ဆောက်လုပ်ခဲ့သည်များကို မြင်တွေ့နိုင်သေးသည်။ လျှောက်လမ်းတွင် တည်ဆောက်ထားသည့် ထိုကန်သည် ဘုရင်အား Malwatte သို့ ဖြတ်သန်းသွားလာစေနိုင်ခဲ့သည်။ D’Oyley ၏ အဆိုအရ ကန်ကို ၁၈၁၀ - ၁၈၁၂ အတွင်း ဆောက်လုပ်ပြီးစီးခဲ့သည်။
ကန်နှင့်ပတ်သက်၍ ဒဏ္ဍာရီများနှင့် အရပ်စကားများသည် အမျိုးမျိုး ရှိကြသည်။ တစ်ခုဆိုကြပြန်သည်မှာ ကန်၏ အလယ်တွင် ရှိနေသည့် ကျွန်းငယ်တစ်ခုတွင် မင်း၏ မိဖုရားများသည် ရေချိုးကြပြီး ၎င်းနေရမှတဆင့် နန်းတော်သို့ လျှို့ဝှက်လှိုဏ်ခေါင်းဖြင့် ဆက်သွယ်ထားသည်ဟု ဆိုကြသည်။
ဖော်ပြချက်
[ပြင်ဆင်ရန်]ကန်၏ အကျယ်အဝန်းသည် ၆၅၄၄ စတုရန်းမီတာ ရှိသည်။ ကန်၏ အဝန်းသည် ၃.၂၁ ကီလိုမီတာ ရှိသည်။ အမြင့်ဆုံးအနက်သည် ၁၈.၅ မီတာ ရှိသည်။ အောက်ပိုင်းရှိ နံရံသည် တိမ်၏ အသွင်အပြင်ရှိပြီး ၎င်းကို Walakulu Bemma ခေါ်သည်။ အတိုင်းအတာသည် ၆၃၃.၈၂ မီတာ ရှိသည်။ ကန်၏ အလယ်တွင် ရှေးခေတ်ကာလအပျက်အစီးများနှင့်အတူ တည်ရှိနေသည့် အဆောက်အဦတစ်ခု တည်ရှိကာ ၎င်းကို Diyatilaka Mandapaya ဟု ရှေးယခင်က သိခဲ့ကြသည်။ ၎င်းနေရာကို ဘုရင်များသည် အနားယူအပန်းဖြေရာနေရာအဖြစ် အသုံးပြုခဲ့ကြသည်ဟု သိခဲ့ကြသည်။
ကန်ဒီကန်တွင် ပြေးလမ်းများလည်း ရှိသည်။ ကန်ပတ်လည်ရှိ အရိပ်အာဝါသကောင်းမွန်သည့် ပတ်လမ်းသည် တောင်များနှင့် မြို့ကို ကြည့်ရှုခံစားနိုင်သည့် နေရာများ ဖြစ်ကြသည်။ ထေရဝါဒဗုဒ္ဓဘာသာ၏ ဂိုဏ်းခွဲတစ်ခုဖြစ်သည့် Siyam Nikaya ၏ ကျောင်းတော်ကြီးနှစ်ခုထဲမှ တစ်ခုဖြစ်သည့် Malwatte ကျောင်းတော်မှတဆင့် ကန်ကို အပေါ်စီးမှ ကြည့်ရှုနိုင်သည်။
Diyathilaka Mandapaya
[ပြင်ဆင်ရန်]ဘုရင် Sri Wickrama Rajasinghe သည် ကန်၏ အခြားတစ်ဖက်သို့ ရောက်ရှိသွားလာနိုင်ရန် ဆည်တစ်ခုကို တည်ဆောက်ခဲ့သည်။ မင်းကြီးသည် နန်းတော်အစွန်းနှင့် Malwatte ဝိဟာရ အစွန်းမှ မြေများကို ဖယ်ရှားကာ ကျွန်းတစ်ခုအဖြစ် စုပုံထားရှိခဲ့သည်။ အစပထမတွင် ဤကျွန်းကို မိဖုရားနှင့် မိန်းမပျိုများ နားနေနိုင်ရန် တော်ဝင်နွေရာသီအိမ်အဖြစ် အသုံးပြုခဲ့သည်။ နောက်ပိုင်းတွင် ဗြိတိသျှတို့သည် လက်နက်သိုလှောင်ရုံအဖြစ် အသုံးပြုခဲ့ကြကာ ခံတပ်ပုံစံနံရံများကို ၎င်း၏ ပတ်ပတ်လည်တွင် တည်ဆောက်ခဲ့ကြသည်။
ဝါလာကုလာဘမ်းမ (Walakula Bamma)
[ပြင်ဆင်ရန်]ကန်ကို ဝန်းရံထားသည့် နံရံကို "ဝါလာကုလာဘမ်းမ" (သီဟိုဠ်: වළාකුළු බැම්ම) ဟု ခေါ်သည်။ တိမ်နံရံဟု အဓိပ္ပါယ်ရသည်။ ဤနံရံကို ကန်၏ လှပတင့်တယ်မှု တိုးမြင့်လာစေရန် ဆောက်လုပ်ခဲ့သည်။ ကန်၏ တစ်ဝက်အထိ တိုးမြှင့်ကာ လုပ်ဆောင်ခဲ့ပြီး ဗိသုကာကျွမ်းကျင်သူတစ်ဦးကို လုပ်ဆောင်စေခဲ့သည်။ ဗြိတိသျှတို့က မြို့ကို မသိမ်းပိုက်မီ ကန်၏ နံရံကို ပြီးဆုံးအောင် ဘုရင် Sri Wickrama Rajasinghe သည် လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိပေ။ သူသည် ကန္ဒီဘုရင့်နိုင်ငံကို လက်လွှတ်ဆုံးရှုံးခဲ့ရသည်။ ဤနံရံသည်လည်း မပြီးစီးသည့်အတိုင်း တည်ရှိလျက်ရှိသည်။ နံရံရှိ တြိဂံပုံစံ အပေါက်များသည် ရှေးအခါက ပွဲတော်များတွင် ဆီမီးအိမ်များ ထွန်းညှိရန် ထားရှိနိုင်ရန် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
မိဖုရားများ ရေချိုးရာအဆောင်
[ပြင်ဆင်ရန်]မိဖုရားများရေချိုးဆောင်သည် ကန္ဒီကန်၏ ရေပြင်တွင် တစ်စိတ်တပိုင်းအနေဖြင့် တည်ရှိလျက်ရှိသည်။ ဘုရင်ကြီး Sri Wickrama Rajasinghe ၏ မိဖုရားများနှင့် မောင်းမများသည် ကန်တွင် ရေချိုးရာတွင် ရေချိုးဆောင်ကို အသုံးပြုကြသည်။ ဗြိတိသျှတို့သည် မြို့ကို သိမ်းပိုက်ပြီးနောက်တွင် အဆောက်အဦကို နောက်တစ်ဆင့်ထပ်တိုးကာ စာကြည့်တိုက်အဖြစ် အသုံးပြုခဲ့သည်။ လက်ရှိအချိန်တွင် ထိုအဆောက်အဦကို ရဲဌာနအဖြစ် အသုံးပြုလျက်ရှိသည်။
ကန်၏ အချက်အလက်များ
[ပြင်ဆင်ရန်]
- ရေလျှံအမြင့်: 1740 M.L.S[ကိုးကားချက်လိုသည်]
- ဝင်ဆံ့သည့် ပမာဏ: 704 acre-feet[ကိုးကားချက်လိုသည်]
- ကန်၏ ပတ်လည်အတိုင်းအတာ: ၃.၄ ကီလိုမီတာ (၂.၁ မိုင်)[ကိုးကားချက်လိုသည်]
- အမြင့်ဆုံး အနက်: ၁၈ မီတာ (၅၉ ပေ)[ကိုးကားချက်လိုသည်]
- ကာရံထားသည့်နံရံ၏ အလျား: ၆၃၀ မီတာ (၂,၀၇၀ ပေ)[ကိုးကားချက်လိုသည်]
- ရေစုဆောင်းဧရိယာ: 1.045 Q.M.I[ကိုးကားချက်လိုသည်]
ကန်၏ ပတ်လည်တွင် အမျိုးမျိုးသော အပင်များကို စိုက်ပျိုးထားသည်။ ၎င်းအပင်များတွင် ထန်းပင်များ၊ ညောင်မုတ်ဆိတ်ပင်များ၊ သစ်သီးပင်များ စသည်တို့ ပါဝင်သည်။ အချို့အပင်များသည် သက်တမ်း ၇၄ နှစ်ခန့် ရှိသည်။ လက်ရှိအချိန်တွင် ထိုအပင်များကို ကန်ဒီမြို့နယ်မြူနီစီပယ်ကောင်စီက ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည်။ ကန်တွင် ငှက်မျိုးစိတ်အချို့ကိုလည်း တွေ့ရသည်။ ၎င်းငှက်များတွင် Indian cormorant, white egret ကြိုးကြာ, wood stork နှင့် pelican တို့ ပါဝင်သည်။
ညစ်ညမ်းမှုများ
[ပြင်ဆင်ရန်]ကန်၏ ညစ်ညမ်းမှုများသည် ဆိုးရွားသည့် ပြဿနာတစ်ခု ဖြစ်သည်။ အစိုးရနှင့် ပတ်ဝန်းကျင်တွင် ရှိနေသည့် စာသင်ကျောင်းများသည် ညစ်ညမ်းမှုများကို လျှော့ချနိုင်ရန်အတွက် ပတ်ဝန်းကျင်ရှိ လူမှုအသိုင်းအဝန်းတွင် သင်္ကေတပြအမှတ်အသားများဖြင့်လည်းကောင်း၊ လှုပ်ရှားဆောင်ရွက်မှုများဖြင့်လည်းကောင်း လုပ်ဆောင်ခဲ့သည်။ ၁၉၆၀ ခုနှစ် မတိုင်မီ ကန်ဒီရေအဖွဲ့ (Kandy water board) သည် ကန်ကို ပတ်ဝန်းကျင်ရှိ ဒေသများအတွက် ရေပေးဝေရန် အသုံးပြုခဲ့သည်။ ကန်သည် ညစ်ညမ်းမှုများ တိုးလာသည့်အတွက် ကန်မှရေကို စုပ်ယူမှုမကို ရပ်တန့်ခဲ့သည်။