ကိုယ့်ဝမ်းနာ ကိုယ်သာသိ
ပုံပန်းသွင်ပြင်
ကိုယ့်ဝမ်းနာ ကိုယ်သာသိ ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။
ရှင်းလင်းချက်
[ပြင်ဆင်ရန်]မိမိ၏ ဝမ်းနာဝေဒနာ မည်မျှ ပြင်းပြသည်ကို မိမိသာ သိနိုင်သကဲ့သို့ အခက်အခဲ မည်မျှရှိသည်ကို အခြားသူများထက် ကာယကံရှင်ကသာ ပိုမိုသိရှိနိုင်သည်။
မူလရင်းမြစ်
[ပြင်ဆင်ရန်]- "လှိုက်လှိုက်လှဲလှဲ ပျော်ချင်သလောက် မပျော်ပါနိုင်။ ကိုယ့်ဝမ်းနာ ကိုယ်သာသိဆိုသကဲ့သို့ ငါ၏စီးပွားရေး အခြေအနေကို ငါသာလျှင် သိ၍..." [၁၃၀၉] ဂျာနယ်ကျော်၊ ၁၁၊ ၆။ ၄။
- "ဖအေ ဒါလောက်ဖြစ်နေတာ ဇွတ်လိုက်ရမလားဟု ကျွန်မ ကြီးတော်ကြီးက ကျွန်မအား ငြူစူသည်ကို ကိုယ့်ဝမ်းနာ ကိုယ်သာသိသော ကျွန်မမှာ ဂရုမစိုက်တော့ပါ။" [၁၃၁၅] မြဝတီ၊ ၂၊ ၁။ ၁၅၀။