မာတိကာသို့ ခုန်သွားရန်

ကျွန်းတော်ရွာ၊ မကွေးမြို့နယ်

ဝီကီပီးဒီးယား မှ
ကျွန်းတော်
ရွာ
ကျွန်းတော်ရွာ
ကျွန်းတော် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ကျွန်းတော်
ကျွန်းတော်
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 19°52′11″N 95°08′18″E / 19.8696994781494°N 95.1383666992188°E / 19.8696994781494; 95.1383666992188ကိုဩဒိနိတ်: 19°52′11″N 95°08′18″E / 19.8696994781494°N 95.1383666992188°E / 19.8696994781494; 95.1383666992188
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး မကွေး
ခရိုင်မကွေးခရိုင်
မြို့နယ်မကွေးမြို့နယ်
ကျေးရွာအုပ်စုတောင်ခွင်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ကျွန်းတော်ရွာ (အင်္ဂလိပ်: Kyuntaw)သည် မကွေးတိုင်းဒေသကြီးမကွေးခရိုင်မကွေးမြို့နယ်တောင်ခွင်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၄၈၈၆ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ တောင်ခွင်ကျေးရွာအုပ်စုတွင် ကျား ၁၃၈၉ ဦး၊ မ ၁၄၉၇ ဦး၊ လူဦးရေ စုစုပေါင်း ၂၈၈၆ ဦးနေထိုင်သည်။ [] မကွေးမြို့တောင်ဖက် မင်းလှမြို့နှင့် မြစ်အရှေ့ဖက်ကမ်း မိကျောင်းရဲမြို့တို့ကို ဆက်သွယ်သော မင်းလှတံတား အောက်ဖက် (၄) မိုင်ခန့်အကွာ ဧရာဝတီမြစ်လယ် ကျွန်းပေါ်တွင် ရှိသည်။ ကျွန်းမှာ ရှေးခေတ် ပုဂံနိုင်ငံတော် ၏ တောင်ဖက်အစွန် နယ်နိမိတ်ဖြစ်၍ ပုဂံခေတ်က "ပြည်တော်သာကျွန်း" ဟုခေါ်သော ကျွန်းဖြစ်သည်။ ပျူခေတ် လက်ရေးစင်းပါအုတ်ချပ်အများအပြား တွေ့ရသည်။ ရှေး‌ဟောင်းသုတေသနဌာန နှင့် ကျွန်းတော်ရွာဒေသခံတို့ ပူးပေါင်းထိန်းသိမ်းထားသော ရှေးဟောင်းစေတီ (၂၇) ဆူရှိပြီး မထိန်းသိမ်းနိုင်သော ရှေးစေတီ၊ ပုထိုး၊ ဂူဘုရား၊ အဆောက်အအုံ၊ အုတ်ရိုးအများအပြားကျန်ရှိသည်။ ဘုရားနံရံဆေးရေးပန်းချီများ ရှိသည်။ []

ကိုးကား

[ပြင်ဆင်ရန်]