ကွမ်းသီးကြိုက် တောင်ငူပို့
ပုံပန်းသွင်ပြင်
ကွမ်းသီးကြိုက် တောင်ငူပို့ ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။
ရှင်းလင်းချက်
[ပြင်ဆင်ရန်]ကွမ်းသီးကြိုက်တတ်သူကို ကွမ်းသီးကောင်း ထွက်သော တောင်ငူသို့ ပို့လိုက်သကဲ့သို့ စိတ်ကြိုက်အနေအထားဖြစ်အောင် ဖန်တီးပေးလိုက်သည်။
မူလရင်းမြစ်
[ပြင်ဆင်ရန်]- "သည်ခါမှ အလိုက်၊ ကွမ်းသီးကြိုက်၊ ပို့လိုက်တဲ့တောင်ငူ၊ ဝမ်းသာတော်မူလှချေ့။" [၁၂၁၅ ခန့်] ဝံသ၊ ဒု။ ၄၈၁။
- "သဘောမှာ နှစ်ခြိုက်၊ ယားရာကိုလာ၍၊ ရိုက်ဘိသကဲ့သို့၊ ကွမ်းသီးကြိုက်တဲ့ လူကို တောင်ငူကိုပို့မလို့ ထင်ပါရဲ့။" [၁၂၆၇] စကား၊ ပ။ ၄၉။