မာတိကာသို့ ခုန်သွားရန်

ခင်လေးဆွေ

ဝီကီပီးဒီးယား မှ

ခင်လေးဆွေ (၁၉၃၂ မွေး) သည် မြန်မာ့ ရုပ်ရှင်သရုပ်ဆောင်ဖြစ်သည်။

၁၉၃၂ ခု၊ ဩဂုတ်လ ၁၃ ရက်တွင် ဦးမောင်ချစ်၊ ဒေါ်အေးကြည်တို့က ဒိုက်ဦးမြို့၌ မွေးသည်။ ငယ်အမည်မှာ အမာ ဖြစ်၏။

အနုပညာခရီး

[ပြင်ဆင်ရန်]

မိတ်ဆွေတဦးဖြစ်သော ဦးနော်၏ ချိတ်ဆက်ပေးမှုဖြင့် ဆွေဗမာဖလင်နှင့် ၃ နှစ်စာချုပ်လုပ်သည်။ ၁၉၄၆ ခုတွင် ဒါရိုက်တာ ဦးလွန်းဖေရိုက်သော မာန်စွယ် ဇာတ်ကားတွင် တင်ညွန့်နှင့်တွဲ၍ ခေါင်းဆောင်မင်းသမီးအဖြစ် စတင်သရုပ်ဆောင်သည်။ သက်တမ်းကုန်သည်နောက် အေဝမ်းဖလင်သို့ ပြောင်းသည်။ ယိုးဒယားကုမ္ပဏီတခုနှင့် အေဝမ်းတို့ ဖက်စပ်ရိုက်ကူးသော ချစ်မုန်တိုင်း ဇာတ်ကား၌ ယိုးဒယားမင်းသားနှင့်တွဲ၍ ပါဝင်ရသည်။ [] ကျော်ဆွေ၊ တင်ညွန့်၊ ဇေယျ၊ ခင်မောင်ညွန့်၊ ဖိုးပါကြီးတို့နှင့် အတွဲများသည်။

ရုပ်ရှင်လောကမှ ခေတ္တပျောက်ကွယ်သွားပြီးနောက် ဝင်းဦးဆောင်းအိပ်မက် ဇာတ်ကား၌ ဇာတ်ရံအဖြစ်ပါဝင်ကာ ရုပ်ရှင်လောကသို့ တကျော့ပြန်လာသည်။ ဝင်းဦး၏ ဇာတ်ကားအများစုတွင် ဖိုးပါကြီးနှင့်တွဲ၍ ပါဝင်သည်။

၁၉၅၇ ခုတွင် မာလာဦး ရုပ်ရှင်ကုမ္ပဏီ ထောင်သည်။

မိသားစုဘဝ

[ပြင်ဆင်ရန်]

၁၉၅၇ ခုတွင် မင်းသား ကျော်ဖေနှင့် လက်ထပ်သည်။

ပါဝင်သော ဇာတ်ကားများ

[ပြင်ဆင်ရန်]
  • မာန်စွယ်
  • ချစ်မုန်တိုင်း
  • သမလ-ဝိမလ
  • ထားသစ္စာ
  • စကြာယာဉ်
  • ဒေးစွန်ပါ
  • ချစ်ရိပ်မြုံ
  • ငါးပွင့်တခိုင်
  • မှော်ဝိဇ္ဇာ
  • ချစ်မေမေ
  • မြို့မဲ့လုင်
  • လူယောက်ျား
  • ပိုင်ပိုင်နိုင်နိုင်
  • ချစ်သဲဒါလီ
  • သုံးတောင်ပြည့်ခန်းသာလယ်
  • ရွှေမြား
  • ဗုဒ္ဓဂုဏ်ရောင်
  • လောကီကြေးမုံ
  • ဒဿကုမ္မာ
  • တွေးရခက်ကြီး
  • ယမ်းငွေ့ဝေဝေ
  • ယမင်းရွှေစင်
  • ရံရွေတော်
  • လေနီကြမ်း
  • တရားနဲ့ဓါး
  • ကုန်းဘောင်ဆက်
  • လေးဆူဒီပါ
  • ရူပါယဉ်
  • လောကလက်ဆောင်
  • နှောင်ကြိုးမေတ္တာ
  • မောင့်လပြည့်ဝန်း
  • စမ်းရေပမာ မိမေတ္တာ
  • မရွှေအထက်တန်းစား
  • ချစ်လွန်းတင်
  • ခြေရာတထောင် မောင်မဲခေါင်
  • တကျော့နှစ်ကျော့ တေးကိုသီ
  • ဆောင်းအိပ်မက်
  • ဪယောက်ျား
  • တိမ်လွှာမို့မို့လွင်
  • အညံ့ပန်း
  • ဝမ်းနဲဝမ်းသာ
  • မောင့်အချစ်တော်
  • နှင်းပျောက်တဲ့နွေ
  • တယူသန်
  • ကျောက်မဲအကျဉ်းသား
  • တိမ်လှိုင်းပမာ
  • ချစ်ပိုင်ဆက်ရာ
  • မှုန်ရွှေရည်
  • မုန်းပါတယ်မောင့်ကို
  • မွန်းဂျန်
  • နွေး
  • ကညာပျိုနဲ့ဇရာအို
  • ရင်ခွင်ဦး
  • အသည်းကျော်မလေး
  • ဆောင်ချင်အုံးဟဲ့ မင်္ဂလာ
  • ဒီကမ္ဘာမှာ ကျွန်တော်အပျော်ဆုံး
  • ကျားအသည်းနဲ့ချစ်ရဲသူ
  • ပိုးနှင်းဖြူ
  • ချစ်သူအောင်ပွဲ ခြိမ့်ခြိမ့်သဲ
  • ဒေါနနဲ့စပယ်
  • ငွေဆယ်သိန်း၊ လူငါးယောက်နှင့် နန်းကျော့ခိုင်
  • မမုန်းလေနဲ့ ငပလီ
  • ဘတပြန် ကျားတပြန်
  • နေခြည်ဖြာမှ နွေးသောကြောင့်
  • မိန်းကလေးရှင်ရဲ့ဆန္ဒ
  • ပွမ်ပွမ်မြည်တဲ့ကားလေး
  • ကိုယ်ထင်ရင် ခုတင်ရွှေနန်း
  • ကိုကိုညီညီ
  • ချစ်ကြိုးတွေ သွယ်ကာရစ်ကာ
  • စပယ်တင်မှဲ့နဲ့ မိန်းကလေး
  • ၃ သို့မဟုတ် ၄
  • ရွှေချည်ငွေချည်တန်းပါလို့
  • ချစ်သူများရဲ့ချစ်တဲ့သူ
  • ကျွန်တော့်အချစ် ဈေးမဆစ်နဲ့
  • ချစ်ဦးတိမ်ပန်းချီ
  • ယောဆရာကြီး
  • သည်အရွယ်နဲ့ သည်စပယ်
  • ဘာအခုမှ ချစ်ပါပြီလဲ
  • အဆိပ်ပန်းနှင့်မေတ္တာလမ်း
  • စုံနံ့သာမြိုင်
  • မောင်မောင့်အချစ် နံပါတ် ၁
  • ဘဝကြေးမုံ
  • သံသယဝင်္ကပါ
  • ရွှေနွယ်ရိုး
  • သိုင်းသမားနဲ့ မစံပယ်
  • ရှစ်စပ်က ဂျင်ခြေလည်
  • တရားတဖက် ဓါးတလက်
  • မျက်နှာမများတတ်သူပါ
  • နေရာချင်းတော့ မလဲနိုင်ပါ

ကိုးကား

[ပြင်ဆင်ရန်]
  1. မောင်နေကြည် (၂၀၁၈ ဇွန်) ရွှေခေတ် ဂန္ထဝင်မင်းသားမင်းသမီးများ။ နှစ်ဆယ့်ခွန်စာပေ၊ ရန်ကုန်။