ချင်းညီနောင်
ချင်းညီနောင် | |
---|---|
လှုပ်ရှား | ၃၀ ဒီဇင်ဘာ ၂၀၂၃–လက်ရှိ |
အဖွဲ့များ |
|
လှုပ်ရှားသည့် ဧရိယာ | ချင်းပြည်နယ် မကွေးတိုင်းဒေသကြီး စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ-အိန္ဒိယ နယ်စပ် |
မဟာမိတ် | နိုင်ငံ မဟာမိတ်များ
နိုင်ငံမဟုတ်သော မဟာမိတ်များ |
ပြိုင်ဘက် | နိုင်ငံ ပြိုင်ဘက်များ
နိုင်ငံမဟုတ်သော ပြိုင်ဘက်များ ![]() |
တိုက်ပွဲနှင့် စစ်ပွဲများ | မြန်မာ့ပြည်တွင်းပဋိပက္ခများ |
ချင်းညီနောင် (Script error: The function "langx" does not exist. ) သည် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ စစ်ရေးနှင့် နိုင်ငံရေးမဟာမိတ်အဖွဲ့ ဖြစ်သည်။ မြန်မာ့ပြည်တွင်းစစ်ကာလ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။[၅] ချင်းပြည်ကောင်စီနှင့် ချင်းပြည် ဖွဲ့စည်းပုံ ထူထောင်မှုသည် "ဒီမိုကရေစီစံနှုန်းများနှင့် မကိုက်ညီခြင်း၊ တန်းတူမရှိခြင်းနှင့် ချင်းတိုင်းရင်းသားအုပ်စုအားလုံး၏ ညီညွတ်မှုကို မထင်ဟပ်" ဟု ယုံကြည်ကြသော ချင်းဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်မတော်များ ပူးပေါင်းကာ မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
အခြား ချင်းအဖွဲ့များနှင့် ပဋိပက္ခများ
[ပြင်ဆင်ရန်]၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် CDF-မရာလန်း၊ CDF-ပလက်ဝ၊ CDF-ထန်တလန်၊ CDF–ဇိုဖေ၊ CDF-လောက်တူ၊ နှင့် CDF–ဆယ်ထန်တို့သည် ချင်းအမျိုးသားတပ်မတော်နှင့် အတူ ချင်းညီနောင်အဖွဲ့ဝင် မရာလန်းကာကွယ်ရေးတပ်မတော်အား ထိုးစစ်ဆင်ခဲ့ရာ ချင်းအမျိုးသားတပ်မတော်မှ တစ်ဦးကျဆုံးပြီး CDF-မရာလန်းအဖွဲ့ဝင်များ ဖမ်းဆီးခံခဲ့ရသည်။[၆] တစ်လခန့်အကြာတွင် မရာလန်းကာကွယ်ရေးတပ်မတော်နှင့် ချင်းအမျိုးသားတပ်မတော်တို့ ပလက်ဝမြို့နယ်တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။[၃]
မေလအစောပိုင်းတွင် ချင်းညီနောင်အဖွဲ့က ကျင်ဒွေးမြို့အား သိမ်းပိုက်ပြီးနောက် ချင်းပြည်ကောင်စီနှင့် ချင်းအမျိုးသားတပ်ဦးတို့သည် နယ်မြေချဲ့ထွင်ရန် ကြိုးပမ်းသည့်အနေဖြင့် ကျင်ဒွေးမြို့အား ရယူရန် ကြိုးပမ်းခဲ့သည်ဟု မဟာမိတ်အဖွဲ့က စွပ်စွဲထားသည်။ [၃]
အဖွဲ့ဝင်များ
[ပြင်ဆင်ရန်]တည်ထောင်အဖွဲ့ဝင်များ
- ချင်းအမျိုးသားအဖွဲ့ချုပ် (ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့)
- ချင်းအမျိုးသားကောင်စီ (ချင်းဒေသကာကွယ်ရေးတပ်မတော်-မင်းတပ်)
- ဇိုမီးဖက်ဒရယ်ယူနီယံ (ဇိုလန်းကာကွယ်ရေးတပ်မတော်)
နောက်ပိုင်း အဖွဲ့ဝင်များ
- မရာနယ်မြေကော်မတီ (မရာလန်းကာကွယ်ရေးတပ်မတော်)
- ချင်းဒေသကာကွယ်ရေးတပ်မတော်-မတူပီ (တပ်မဟာ ၁)
- ချင်းဒေသကာကွယ်ရေးတပ်မတော်-ကန်ပက်လက်
ကိုးကား
[ပြင်ဆင်ရန်]- ↑ "Kanpetlet Chinland Defense Force joins Chin Brotherhood Alliance"၊ Khonumthung News၊ 30 April 2024။
- ↑ "Chin Brotherhood Alliance Offers Partnership to AA for Mutual Protection of Rakhine and Chin People"၊ Khonumthung News၊ 11 April 2024။
- ↑ ၃.၀ ၃.၁ ၃.၂ "Chin Alliances Clash Over Territory Liberated From Myanmar Junta"၊ The Irrawaddy၊ 4 May 2024။
- ↑ "Chin Anti-Regime Groups Target Town Despite Myanmar Junta Reinforcements"၊ The Irrawaddy၊ 30 April 2024။
- ↑ "Chin Brotherhood Alliance Emerges as Three Organizations Skip Chinland Council Conference, Pledging Enhanced Political and Military Cooperation"၊ Khonumthung News၊ 2 January 2024။
- ↑ "Fighting intensifies between Chin revolutionary forces in Chin’s Maraland"၊ Myanmar Peace Monitor၊ 3 February 2024။