ချစ်ဆွေ (သံအမတ်ကြီး)
H.E ချစ်ဆွေ | |
---|---|
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၃၁ ဇန်နဝါရီ ၂၀၂၅ | |
ယခင်လူ | ဦးမြင့်နောင် |
ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး | |
တာဝန်သက်တမ်း ၁၈ ဇွန် ၂၀၂၂ – ၁၀ ဇန်နဝါရီလ ၂၀၂၅ | |
သမ္မတ | ဦးမြင့်ဆွေ (ယာယီ) |
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ | မင်းအောင်လှိုင် |
ယခင်လူ | ဦးမျိုးမြင့်သန်း |
ကိုယ်ရေး အချက်အလက်များ | |
လူမျိုး | မြန်မာ |
ကြင်ဖော်(များ) | နီနီအောင် |
မိခင်ကျောင်း | စစ်တက္ကသိုလ် |
စစ်မှုထမ်းခြင်း | |
သစ္စာခံနိုင်ငံ | မြန်မာနိုင်ငံ |
တပ်/တပ်ဖွဲ့ခွဲ | တပ်မတော် |
ရာထူး | ဗိုလ်မှူးချုပ် |
ချစ်ဆွေ (သံအမတ်ကြီး) သည် မြန်မာ့တပ်မတော်အရာရှိတစ်ဦး နှင့် သံအမတ်ကြီးဟောင်း တစ်ဦးဖြစ်သည်။လက်ရှိတွင် အလုပ်သမားဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးဖြစ်သည်။ယင်းမတိုင်မီက သူသည် မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ်တစ်ဦး ဖြစ်ခဲ့သည်။
စစ်မှုထမ်းဘဝ
[ပြင်ဆင်ရန်]သူသည် တပ်မတော် တွင် ဗိုလ်မှူးချုပ် ရာထူးအထိ စစ်မှုထမ်းသည်။၂၀၁၅ ခုနှစ် နောက်ပိုင်းတွင် မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) တာဝန်အပ်နှင်းခံရသည်။ထိုင်းနိုင်ငံ နှင့် အမေရိကန် နိုင်ငံ [၁] တို့တွင် စစ်သံမှူးအဖြစ်တာဝန်ထမ်းဆောင်သည်။၂၀၂၁ နောက်ပိုင်းတွင် အရပ်ဘက်သို့ ကူးပြောင်းလာပြီး နိုင်ငံခြားရေးဝန်ကြီးဌာန တွင် သံအမတ်ကြီး ဖြစ်လာသည်။
သံအမတ်ဘဝ
[ပြင်ဆင်ရန်]သူ့ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိုင်းနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသည့် မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ပေးပြီးဖြစ်ကြောင်း ၂၀၂၂ ခုနှစ် ဇွန်လ ၁၈ရက်တွင် ကြေညာသည်။သံအမတ်ကြီး ဦးချစ်ဆွေသည် ၎င်း၏ခန့်အပ်လွှာကို ၂၀၂၂ ခုနှစ် ဇွန် ၁၇ ရက်တွင် ဗန်ကောက်မြို့၌ ထိုင်းနိုင်ငံဘုရင်မင်းမြတ်ထံ ပေးအပ်ခြင်းဖြင့် သံတာဝန်ကို စတင်ထမ်းဆောင်သည်။[၂] နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၀ရက်တွင် ၎င်းအား ဝန်ကြီးရုံးအမိန့်ကြော်ငြာစာအမှတ် (၀၃၃/၂၀၂၅) ဖြင့် ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးတာဝန်မှ နိုင်ငံခြားရေးဝန်ကြီးဌာန သို့ ပြောင်းရွှေ့ခန့်ထားသည်။၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၁ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အလုပ်သမားဝန်ကြီး ဌာန ၏ ပြည်ထောင်စုဝန်ကြီး တာဝန်ပေးအပ်သည်။[၃]
ကိုးကား
[ပြင်ဆင်ရန်]- ↑ "ရိုဟင်ဂျာ" ဆိုတဲ့ အပေါ် သဘောထား မြန်မာသံအမတ် ရှင်းပြ။ VOA Burmese (၁၈ ဖေဖော်ဝါရီ ၂၀၁၈)။ ၄ ဖေဖော်ဝါရီ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ သံအမတ်ကြီး ဦးချစ်ဆွေ ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်ထံ ခန့်အပ်လွှာပေးအပ်။ MOI Myanmar (၁၉ ဇွန် ၂၀၂၂)။ ၄ ဖေဖော်ဝါရီ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း။ MOI Myanmar (၃၁ ဇန်နဝါရီ ၂၀၂၅)။ ၄ ဖေဖော်ဝါရီ ၂၀၂၅ တွင် ပြန်စစ်ပြီး။