ခွန်ပေါရန်း
ခွန်ပေါရန်း (ပအိုဝ်း : ခွန်ပေါရင်း) သည် ပအိုဝ်းတိုင်းရင်းသား တေးသံရှင်တစ်ဦးဖြစ်သည်။ ပအိုဝ်းသီချင်းသာမက မြန်မာဘာသာဖြင့်ပါ တေးသီချင်းများ ရေးစပ်သီဆိုခဲ့ခြင်းကြောင့် နာမည်ရသောအဆိုတော်တစ်ဦးလည်းဖြစ်သည်။ တိုတောင်းလှသော အနုပညာသက်တမ်းအတွင်း လှတာမက်ရင် ညစာခက် သီချင်းအပါအဝင် နာမည်ရသီချင်းအချို့ကို ရေးစပ်ခဲ့သည်။ အမည်ရင်းမှာ ခွန်သန်းရွှေဖြစ်ပြီး ပအိုဝ်းဘာသာနှင့် သီဆိုထားသော သီချင်းများကို အသံသွင်းရာ၌ ဂစ်တာအတီးသမား ငှားရမ်းတီးခတ်ခြင်းမပြုပဲ ကိုယ်တိုင်ဝင်ရောက်တီးခတ်ခဲ့သည်။ မွေးချင်းမောင်နှမ ၉ ယောက်ရှိသည်။[၁]
ခွန်ပေါရန်း | |
---|---|
ဒေသခံအမည် | ခွန်သန်းရွှေ |
အမည်ရင်း | ခွန်သန်းရွှေ |
မွေးဖွား | ဘုရားဖြုရွာ၊ ပန်းတင်ကျေးရွာအုပ်စု | နိုဝင်ဘာ ၃၀၊ ၁၉၅၉
မူလတိုင်းပြည် | တောင်ကြီးမြို့၊ ရှမ်းပြည်နယ် |
ကွယ်လွန် | မေ ၅၊ ၁၉၈၆ ရှမ်းပြည်နယ် | (အသက် ၂၆)
အလုပ်အကိုင် | တေးရေး၊ တေးဆို |
တူရိယာ | ဂစ်တာ |
တက်ကြွသည့်နှစ်များ | ၁၉၈၀–၁၉၈၄ |
ပူးတွဲ ပါဝင်မှု | မျိုꩻခွန်ခွိုꩻ |
Notable instruments | |
ဂစ်တာ |
သီဆိုခဲ့သော သီချင်းများ
[ပြင်ဆင်ရန်]- (၁) ကုလအလွမ်း
- (၂) ငယ်ချစ်သူလက်ထပ်ပွဲ
- (၃) ပပအနမ်း
- (၄) နေညိုညိုအလွမ်း
- (၅) နောင်း
- (၆) လွမ်းစိတ်သူ့ထံ
- (၇) အားငယ်မိတယ်
- (၈) မျှော်လင့်ချက်နဲ့ ရည်မှန်းချက်
- (၉) နှလုံးသားရင်ပြင်
- (၁၀) ဆောင်းမမ
- (၁၁) နှလုံးသားချစ်သူ
- (၁၂) လှတာမက်ရင် ညစာခက်တတ်တယ်
- (၁၃) စောင်းလုလင်
- (၁၄) သိလိုက်ပြီမေ
- (၁၅) အချစ်နဲ့ကို
- (၁၆) မောင့်အချစ်ဖူး
- (၁၇) တို့တိုင်းရင်းသား
- (၁၈) လှည့်ကြည့်ပါဦး
- (၁၉) အချိုဆုံးစကားသံ
- (၂၀) အချစ်တေးရထား
- (၂၁) တောင်ယာဝင်ချိန်အတွေး
- (၂၂) ချစ်ဆရာမ
ငယ်ဘဝ
[ပြင်ဆင်ရန်]ခွန်ပေါရန်းကို ၁၉၅၉ ခုနှစ်နှောင်းပိုင်း၌ အဖ ဦးမောင်ငယ်၊ အမိ ဒေါ်အေးတင်တို့မှ တောင်ကြီးမြို့နယ်၊ ဘုရားဖြူရွာတွင် မွေးဖွားခဲ့သည်။ အခြေခံပညာရေးတွင် သတ္တမတန်းအောင်သည်အထိသာ ပညာသင်ကြားခဲ့သည်။ မွေးချင်းမောင်နှမ ၉ ဦးအနက် ခွန်ခမ်းခြိုင်ꩻနှင့် ခွန်ပေါရန်းနှစ်ယောက်မှာ ပအိုဝ်းခေတ်ဦးအဆိုတော် တေးရေးသူ ခွန်သာဒွန်း၏ လက်တွဲခေါ်မှုဖြင့် ဂီတနယ်ပယ်တွင် စတင်ခြေလှမ်းခဲ့ကြသည်။
မိသားစု
[ပြင်ဆင်ရန်]ခွန်ပေါရန်းသည် မနန်းအေး (ခ) ငဲမူႏနှင့် အိမ်ထောင်ကျခဲ့ပြီး ခွန်ရန်းထင်ႏအပါအဝင် သားနှစ်ယောက်၊ သမီးတစ်ယောက် ထွန်းကားခဲ့သည်။