မာတိကာသို့ ခုန်သွားရန်

ဂျေညီညီ

ဝီကီပီးဒီးယား မှ
ဂျေညီညီ
မွေးဖွားဝဏ္ဏဌေးခိုင်
(1953-12-12)ဒီဇင်ဘာ ၁၂၊ ၁၉၅၃
ဝါးခယ်မမြို့
ကွယ်လွန်မတ် ၃၁၊ ၂၀၂၅(2025-03-31) (အသက် ၇၁)
ရန်ကုန်မြို့
အလုပ်အကိုင်
  • ​တေး​ရေးဆရာ
  • အဆို​တော်
ကျော်ကြားမှုအရင်းခံ​တေး​ရေးဆရာ၊အဆိုတော်
အိမ်ထောင်ဖက်(များ)ဒေါ်စန္ဒီ
သားသမီးသားတစ်ဦး

ဂျေညီညီ (၁၂ ဒီဇင်ဘာ ၁၉၅၃ - ၃၁ မတ် ၂၀၂၅) သည် မြန်မာလူမျိုး တေးရေးဆရာ နှင့် အဆိုတော် တစ်ဦး ဖြစ်သည်။ဂီတလောကထဲ ဂျေမိသားစု (J Family)ဝင်တစ်ဦး အဖြစ် ထင်ရှားသူလည်းဖြစ်သည်။

အဆိုတော်ဘဝ

[ပြင်ဆင်ရန်]

ဧရာဝတီတိုင်းဒေသကြီး၊ဝါးခယ်မမြို့ တွင် မွေးဖွားသည်။မွေးချင်း ၃ဦး အနက် ဒုတိယမြောက် သားဖြစ်သည်။ငယ်စဉ်ကတည်းက ဂီတကို ရူးသွပ်ခဲ့ပြီး သူ့အသက် ၂၀ကျော်အရွယ်ကတည်းက ဂီတလောကထဲ ဝင်ရောက်ခဲ့သည်။၁၉၈၄ ခုနှစ် တွင် ထုတ်ခဲ့သော စွဲနေပြီ တေးစီးရီးဖြင့် စတင်အောင်မြင်ကျော်ကြားလာက ပရိသတ်အခိုင်အမာရရှိခဲ့သည်။အကိုဖြစ်သူ ဂျေမောင်မောင် နှင့် တစ်နှစ်သာခြား၍ ဂီတလောကထဲ နေရာတစ်ခုစရလာသူဖြစ်သည်။တေးသီချင်းများလည်း ရေးစပ်ပြီး သူသီဆိုသည့် အလွမ်းကဖီး၊ပလက်ဖောင်းရှိုး၊ စွဲနေပြီ တို့မှာ ပရိသတ်များအကြား ထင်ရှားခဲ့သည်။၂၀၁၂ ခုနှစ် မေလ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့၊အင်းစိန်မြို့နယ် R.I.T ကျောင်းဝင်းရှေ့ ကုန်းပေါ်တွင် ဘိလပ်မြေတင်ယာဉ် နှင့်တိုက်မိသည့် ယာဉ်မတော်မဆဖြစ်ခဲ့မှုကြောင့် ဂီတလောကထဲမှ ၈နှစ်နီးပါး အနားယူခဲ့ရသည်။[] ယာဉ်မတော်တဆမှုကြောင့် ရရှိထားသည့် ဒဏ်ရာများသက်သာပျောက်ကင်းခဲ့ပြီးနောက် စတိတ်ရှိုးစင်မြင့်ထက် နှင့်တေးသံတွင်းစတူရီယိုများတွင်သာမက လမ်းမများပေါ်က ဂီတပွဲများ၌ပါ တေးသီချင်းများပါဝင်ကူညီ သီဆိုပေးခဲ့သည်။[]

ရေးသားခဲ့သော တေးသီချင်းများ နှင့် သီဆိုခဲ့သောတေးသီချင်းများ

[ပြင်ဆင်ရန်]
  1. စွဲနေပြီ
  2. လူပျိူကြီးပဲ လုပ်တော့မယ်
  3. ချစ်မိနေပြီ
  4. အရိပ်ကလေး
  5. ဒီမိုး
  6. ပလက်ဖောင်းရှိုး
  7. အချစ်မိုး
  8. စွဲ
  9. ကိုယ့်ကံပဲရှိပါစေ
  10. အိပ်မက်ထဲကကျွန်တော်
  11. အလွမ်းကဖီး

မိသားစုဘဝ

[ပြင်ဆင်ရန်]

သူသည် အိမ်ထောင်သည် တစ်ဦးဖြစ်သည်။BONO ဆိုသည့် သားတစ်ဦး ထွန်းကားသည်။သူ၏ အကိုဖြစ်သူ မှာ အဆိုတော် ဂျေမောင်မောင် ဖြစ်ပြီး ညီမဖြစ်သူမှာ အဆိုတော် ဂျေညီမလေး ဖြစ်ကာ တူမဖြစ်သူ သီရီဂျေမောင်မောင် သည်လည်း တေးဂီတလောကတွင် ထင်ရှားသည်။

ဘဝနိဂုံး

[ပြင်ဆင်ရန်]

၂၀၂၅ ခုနှစ် မတ် ၃၁ ရက် မနက် ၄နာရီခွဲအချိန်တွင် ကွယ်လွန်သည်။[]


ကိုးကား

[ပြင်ဆင်ရန်]
  1. ယာဉ်တိုက်မှုကြောင့် ဂီတလောကနဲ့ ဝေးခဲ့တဲ့ ဂျေညီညီMyanmar Celebrity (၂၂ ဩဂုတ် ၂၀၂၀)။ ၃၁ မတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  2. လမ်းဘေးမှာ အလှူခံ နေရပြီလို့ အထင်ခံရတဲ့ ဂျေညီညီMyanmar Celebrity (၁၂ ဒီဇင်ဘာ ၂၀၂၃)။ ၃၁ မတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  3. ဝါရင့်အဆိုတော် ဂျေညီညီကွယ်လွန်DVB Burmese (၃၁ မတ် ၂၀၂၅)။ ၃၁ မတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။