မာတိကာသို့ ခုန်သွားရန်

ငါန်းဇွန်မိဖုရားကြီး

ဝီကီပီးဒီးယား မှ

ငါန်းဇွန်မိဖုရားကြီး (သက်တော်ရှည် ထိုင်းမိဖုရားကြီး) ငါန်းဇွန်မိဖုရားကြီး ဟာ မင်းတုန်းမင်းကြီးရဲ့ မိဖုရားများတွင် ထိုင်းအနွယ်ဝင်မိဖုရားတစ်ပါးဖြစ်ပြီး သက်တော်၉၀ထိနေခဲ့ရသော သက်တော်ရှည်မိဖုရားကြီးတစ်ပါး လဲဖြစ်ခဲ့ပါသည်။၁၂၁၀ခုနှစ်ဖွားမယ်ဖွားဖြူကို "သုသီရိလျာ"ဘွဲ့နဲ့မိဖုရားမြှောက်ခဲ့ပြီး ငါန်းဇွန်မြို့ကို စားစေခဲ့လို့ ငါန်းဇွန်မိဖုရားကြီး ရယ်လို့ အမည်တွင်ခဲ့ရပါတယ်။

မင်းတုန်းမင်းကြီးလို မိဖုရားများပြားတဲ့ဘုရင်အဖို့ မိဖုရားတွေဟာ အနောက်ဆောင်မှာ မငြိုးငယ်ရအောင်၊ ဘုရင့်အချစ်နဲ့အရေးပေး လေးစားမှုရရှိ အောင် အမျိုးမျိုး ကြိုးစားကြရတာ မိဖုရားတိုင်းလိုလိုဖြစ်ခဲ့ပါတယ်။ အဲ့ဒီထဲက အချို့မိဖုရားတွေဟာ နောက်ခံအင်အားကြောင့် နန်းတွင်းမှာ မျက်နှာမငယ်ရသလို၊ အချို့မိဖုရားတွေဟာ သားသမီးမျက်နှာနဲ့ ဘုရင့်အချစ်ကိုရရှိခဲ့သူတွေရှိသလို၊ မိမိရဲ့ရည်ရုပ်ကြောင့်ဘုရင်အလေးပေးမှုကိုရခဲ့သူတွေ ရှိခဲ့ကြပါတယ်။ အဲ့ဒီထဲကနေမှ ထူးထူးခြားခြား စာပေပညာနဲ့ ဘုရင့်အချစ်ကို ရခဲ့သူ မိဖုရားနှစ်ပါးရှိခဲ့ပါတယ်။ ပထမတစ်ယောက်က လှိုင်ကျွန်းမိဖုရားကြီးဖြစ်ပြီး ဒုတိယတစ်ယောက်ကတော့ ထိုင်းသွေးပါသော ထိုင်းအနွယ်ဝင် ငါန်းဇွန်မိဖုရားကြီး ဖြစ်ခဲ့ပါတယ်။[]

ငါန်းဇွန်မိဖုရားကြီး ဟာ ဘုရင်ရဲ့ချစ်ခင်အလေးပေးမှုတင်မကပဲ အထူးအခွင့်အရေးဖြစ်တဲ့ နန်းဓလေ့ကို ချိုးဖောက်ကာ မင်းတုန်းဘုရင်ထံသို့ ဘယ်ပစ္စည်းမဆို ကိုယ်တိုင်တိုက်ရိုက်လက်လှမ်းပေးကမ်း ဆက်သခွင့်ကိုရခဲ့ပါတယ်။ ဒီအခွင့်အရေးကို ဘုရင့်ရဲ့မိဖုရားခေါင်ကြီးတစ်ပါးသာ လုပ်ပိုင်နိုင်ခွင့်ရှိတဲ့ အထူးနန်းဓလေ့တစ်ခုဖြစ်ပါတယ်။

ငါန်းဇွန်မိဖုရားကြီးဟာ လက်မိုင်းမင်းသမီး၊ မြို့လှမင်းသမီး၊ထရံကာမင်းသမီးဆိုပြီး သမီးတော်သုံးပါး မွေးဖွားခဲ့ပေမယ့် အငယ်ဆုံးသမီးတော် ထရံကာမင်းသမီးတစ်ပါးသာ အဖတ်တင်ကျန်ရစ်ခဲ့ပါတယ်။ ပါတော်မူပြီးနောက်မှာ ၁၂နှစ်အရွယ်သမီးငယ်ကိုလက်ဆွဲကာ အသက်၃၇နှစ်အရွယ် မုဆိုးမ မိဖုရားကြီးဟာ နန်းတွင်းကထွက်ခဲ့ရပြီး မောရဂီဝါအရပ်မှာနေထိုင်ခဲ့ပြီး သမီးဖြစ်သူကို မိမိတတ်အပ်တဲ့စာပေ၊ သတ္ကတဘာသာရပ်များကို ကိုယ်တိုင်သင်ကြားပေးခဲ့သလို နန်းတွင်းဆရာ ပိဋကတ်ကြပ်ဟောင်း ဆရာဖြိုးကို ပါခေါ်ယူသင်ကြားပေးစေခဲ့ပါတယ်။

သမီးတော်ထရံကာမင်းသမီးသက်တော်၂၇နှစ်တွင် ကြေးမြှင့်မိဖုရားကြီး သားတော် ပျဉ်းမနားမင်းသားကြီးနဲ့လက်ဆက်ပေးခဲ့ပြီး ငါန်းဇွန်မိဖုရားကြီးသည် တစ်ဦးတည်း သော သမီးဖြစ်သူကို မခွဲခွာနိုင်၍ ပျဉ်းမနားမင်းသားကြီးနေထိုင်ရာ အိန္ဒိယနိုင်ငံ အလ္လာဟတ်ဘတ်မြို့အထိ လိုက်ပါနေထိုင်ခဲ့ပါတယ်။

နောက်ပိုင်း ပျဉ်းမနားမင်းသားကြီးမြန်မာပြည်ပြန်ခွင့်ရတဲ့အခါမှာ ယောက္ခမတော် ငါန်းဇွန်းမိဖုရားကြီးပါလိုက်ပါခဲ့ပြီး ရန်ကုန်တွင် သမီးတော်၊သမက်တော်တို့နဲ့နေထိုင်ခဲ့ပါတယ်။ ၁၂၈၅ခုနှစ်မှာ ခမည်းခမက်ဖြစ်သော ကြေးမြှင့်မိဖုရားကြီးဟာ သူနေထိုင်ရာ စိတ္တရမဟီရပ်တွင်ကံကုန်ခဲ့၍ ငါန်းဇွန်မိဖုရားကြီးသည် သမီးတော်၊သမက်တော်တို့နှင်ပါရော၍ မန္တလေးမြို့သို့ပြောင်းရွှေ့ခွင့်ရခဲ့ပါတယ်။

မန္တလေးမြို့ရောက်ရှိပြီး ၁၅နှစ်အကြာ သက်တော်၉၀အရွယ်တွင် ငါန်းဇွန်မိဖုရားကြီးသည် စိတ္တရမဟီရပ်ရှိ စံအိမ်တော်ပေါ်တွင် ကံကုန်ခဲ့ရပါသည်။ ကံကုန်ပြီးတဲ့နောက် ခမည်းခမက်ဖြစ်သော ကြေးမြှင့်မိဖုရားကြီး သင်္ချိုင်းတော်တွင် ဂူသွင်းမြှုပ်နှံထားခဲ့သည်။


ကိုးကား

[ပြင်ဆင်ရန်]
  1. ดำรงราชานุภาพ, สมเด็จพระเจ้าบรมวงศ์เธอ กรมพระยา။ เรื่องเที่ยวเมืองพม่า ตอนที่ ๖ เที่ยวเมืองมัณฑเล ภาคปลายวชิรญาณ။ 15 Aug 2018 တွင် ပြန်စစ်ပြီး။