ငါးဘော့ငန်
ပုံပန်းသွင်ပြင်
ငါးဘော့ငန် (Fringescale Sardinella) | |
---|---|
မျိုးရိုးခွဲခြားခြင်း ![]() | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Actinopterygii |
မျိုးစဉ်: | Clupeiformes |
မျိုးရင်း: | Clupeidae |
မျိုးရင်းသေး: | Dorosomatinae |
မျိုးစု: | Sardinella |
မျိုးစိတ်: | S. fimbriata
|
ဒွိနာမ | |
Sardinella fimbriata (Valenciennes, 1847)[၁]
|
ငါးဘော့ငန်သည် ငါးသလောက်မျိုးတွင် ပါဝင်သည်။ ပါဏဗေဒအလိုအရ ငါးဘော့ငန်ကို စာဒီနဲလာ ဖင်ဗရီယေးတား(Sardinella fimbriata) ဟုခေါ်သည်။ အုပ်ဖွဲ့၍ ပင်လယ်ကမ်းရိုးတန်းတွင် ကျက်စားတတ်သော ငါးမျိုး ဖြစ်သည်။ ငါးဘော့ငန်၏ ကိုယ်သည်ပြား၍ ဝမ်းပိုင်းတွင် ခွေးသွားစိတ်ကဲ့သို့ အထစ်များ ပါရှိသည်။ ပါးဟက်ပေါက်မှာ ကျယ်သည်။ ဦးခေါင်း၏ ဘေးဖက်တွင် မျက်စိရှိ၍ မျက်ခွံ၌ အဆီပြည့်ဝလျက်ရှိသည်။ နှုတ်ခမ်းမွေး မပါချေ။ ကိုယ်ပေါ်တွင် အကြေးခွံများ ညီညီညာညာရှိသည်။ သို့သော် ဦးခေါင်းတွင် အကြေးခွံမရှိချေ။ ကျောဆူးတောင်အနား အလယ်တွင် ခွက်နေ၏။ အမြီးခွစောက် နက်၍ အမြီးပေါ်တွင် အကြေးခွံများရှိလေသည်။ အကြေးခွံတို့သည် လွှသွားကဲ့သို့ ရှိကြ သည်။ ငါးဘော့ငန်သည် အလျား ၇ လက်မအထိ ရှိသည်။ ကျောဖက်တွင် စိမ်းပြာပြာရောင်သန်းနေသည်။ ငါးဘော့ငန်ကို မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်း တစ်လျှောက်တွင် တွေ့ရသည်။[၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Rainer Froese နှင့် Daniel Pauly ၏ တည်းဖြတ်မှု (၂၀၀၆ ခုနှစ်)။ "Sardinella fimbriata" ဆိုင်ရာ FishBase ၏ ၂၀၀၆ ခုနှစ် ဧပြီလထုတ် မူကွဲပုံစံပါ အချက်အလက်များ။
- ↑ မြန်မာ့စွယ်စုံကျမ်းစာတည်းအဖွဲ့, ed. (၁၉၅၆)။ "ငါးဘော့ငန်"။ မြန်မာ့စွယ်စုံကျမ်း။ ၃ (ပထမအကြိမ် ed.)။ ဟေဇယ်၊ ဝပ်ဆင်နှင့် ဗိုင်းနေး ပုံနှိပ်လုပ်ငန်း၊ အင်္ဂလန်။: မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း။
![]() | ဤ ငါးနှင့်ပတ်သက်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |