စစ်မှန်သော (၂၀၁၇ ရုပ်ရှင်)
Real | |
---|---|
ဖိုင်:Real (Korean movie).jpg ရုပ်ရှင်ပိုစတာ | |
အခြေခံအချက်အလက် | |
ဒါရိုက်တာ | လီဆာရန်း |
ဇာတ်ညွှန်း | လီဂျောင်ဆတ် |
အခြေခံထားသည်မှာ | TMS Comics Entertainment characters |
သရုပ်ဆောင် | ကင်ဆိုဟွန်း ဆူလီ ဆောင်းဒုန်းအီ လီဆောင်းမင် ချွဲဂျင်းရီ ဂျိုဝူဂျင်း |
ဂီတမှူး | လီဂျယ်ဂျင်း SOSEOL (Kwon Sun-gyu) |
ဓာတ်ပုံ | ကင်ဂျောင်ဝန် |
ထုတ်လုပ်ရေး ကုမ္ပဏီ | Cove Pictures TMS Comics Entertainment |
ကြာမြင့်ချိန် | 137 minutes |
နိုင်ငံ | South Korea |
ဘာသာစကား | Korean |
အမျိုးအစားခွဲခြင်းနှင့် ဖြန့်ဖြူးခြင်း | |
ဖြန့်ချိသည့်နေ့ |
|
ထုတ်ဝေသူ | CJ E&M (Korea) Alibaba Pictures (China) Global Road Entertainment (Others) |
ရောင်းရငွေ | US$၃ million[၁] |
စစ်မှန်သော(Real)သည် တောင်ကိုရီးယား ရုပ်ရှင် ဖြစ်ပြီး၊ TMS အင်တာနက် ကာတွန်းဇာတ်ကောင်ကို မှီငြမ်းထားသည်။ ဒါရိုက်တာ လီဆာရန်း ဖြစ်ကာ၊ ကင်ဆုဟွန်း၊ ဆောင်းဒုန်းအီ၊ လီဆောင်းမင်၊ ဆူလီ(နောက်ဆုံး ပါဝင်သော ဇာတ်လမ်း) နှင့် ဂျိုဝူဂျင်း တို့ ပါဝင်သည်။ ဇွန်လ ၂၈, ၂၀၁၇ တွင် စတင် ထုတ်လွှင့်သည်။
ဇာတ်လမ်း
[ပြင်ဆင်ရန်]စိတ်ကူးယဉ် မြို့တော် တခု၏ ဒုစရိုက် လောကတွင်၊ ဂျန်တေးယုံ (ကင်ဆုဟွန်း) သည် ကာစီနိုကြီး တရုံ၏ ပိုင်ရှင် ဖြစ်သကဲ့သို့ အောင်မြင်သော ပြဿနာဖြေရှင်းသူ တဦးလည်း ဖြစ်သည်။ လုံးဝကွဲပြားနေသော ကိုယ်တွင်း စိတ်ခွဲစရိုက် တမျိုး၏ အနှောင့်အယှက်ကို ခံစားနေရသော ၎င်းသည် နောက်ဆုံးတွင် ဒေါက်တာ ချွဲဂျင်ကီ၏ အကူအညီကို တောင်းရန် ဆုံးဖြတ်လိုက်သည်။ ကိုယ်တွင်းစရိုက်ကို ခွဲထုတ်ရာတွင် ဒေါက်တာချွဲက ပူပေါင်း ဆောင်ရွက်ပေးပြီး၊ ဂျန်က ယင်းအစီအစဉ်များကို လိုက်နာ လုပ်ဆောင်သော်လည်း၊ မျှော်လင့် မထားသော အကျိုးဆက်များထွက်ပေါ်လာသည်။ စရိုက်နှစ်မျိုး ကွဲထွက်သွားသော ဂျန်တေးယုံ အတုနှင့် အစစ် ပြဿနာ မည်သို့ ဖြေရှင်းကြသည်ကို ရိုက်ကူးတင်ပြထားသည်။
Cast
[ပြင်ဆင်ရန်]
အဓိကဇာတ်ရုပ်များ
[ပြင်ဆင်ရန်]- ဂျန်တေးယုံအဖြစ် ကင်ဆုဟွန်း [၂]
- ဂျိုဝန်ဂွန်အဖြစ် ဆောင်းဒုန်းအီ
- ဒေါက်တာ ချွဲဂျင်ကီအဖြစ် လီဆောင်းမင် [၃]
- ဆုန်းယူဟွာ အဖြစ် ဆူလီ
- ဆာဒိုဂျင် အဖြစ် ဂျိုဝူဂျင်း
ဇာတ်ရံများ
[ပြင်ဆင်ရန်]- နိုယွန် အဖြစ် လီဂေါင်းယောင်း
- ချွဲနတ်ဟျော် အဖြစ် ကင်ဟုန်ပ
- ဟန်ယဲဝန် အဖြစ် ဟန်ဂျီအွန်း
- လျူဂီဆူး အဖြစ် ရစ်တင်း
- ဌာနဘဲ့ ခေါင်းဆောင် အဖြစ် ချွဲကွန်
- စားသောက်ဆိုင် စားပွဲထိုးသမ အဖြစ် ပတ်ဂြုံရီ
- ပါမောက္ခ ကင် အဖြစ် ဂျောင်းအင်ဂြုံ
- လီစန်းဟွန်း
- ယွန်းဂျီကျွံ
- ယွန်းကျောင်းဟို
- တရုတ်လူဆိုးဂိုဏ်းသား အဖြစ် ဟွန်းဘုံဆစ်
- ကိုကျူဖီ
ဧည့်သည်သရုပ်ဆောင်များ
[ပြင်ဆင်ရန်]- အချစ်ဆုံးသူငယ်ချင်း ဆုန်းယူဟွာ အဖြစ် ဘဲ့ဆူဇီ[၄][၅]
- ဆုပေးပွဲ အခမ်းအနားမှူး အဖြစ် အိုင်ယူ[၆]
- ပြန်လည်ပျိုးထောင်သန်စွမ်းရေး ကုထုံးဆရာ အဖြစ် ကင်ဒါဆွမ်
- တရုတ်တန်း စက်ချုပ်ခန်းမှ အလုပ်သမလေး အဖြစ် အာန်ဆိုဟီး
- ဝတ်စုံပြည့် ကိုယ်ရံတော် အဖြစ် ပတ်ဆောဂျွန်
- မသန်စွမ်းလူနာ အဖြစ် ဆွန်ဟွန်းဂျူ
- ကာစီနို ဝိတ်တာမ အဖြစ် နမ်ကျောင်း
- ဆီယက်စတာ ဝန်ဆောင်ပေးသူ နတ်သမီး အဖြစ် အဆိုတော် ပတ်မင်ဟာ
ထုတ်လုပ်ခြင်း
[ပြင်ဆင်ရန်]- ၎င်းရုပ်ရှင်မှာ ရင်းနှီးရန်ဟူ၍ ၂၀ ကြိမ်မြောက် ဘူဆန် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာတုန်းက အလီဘာဘာထုတ်လုပ်ရေးက ၂၀၁၅-၁၀-၁၂ တွင် သဘောတူ စာချုပ်လိုက်သည်။[၇] ပါရာဒိုက်ဂရုကလည်း ဒေါ်လာ ၇ သန်း ပူးတွဲ ရင်းနှီးသည်။ ပါရာဒိုက်စီးတီးရှိ လုပ်ငန်းပိုင် အပန်းဖြေစခန်း တွင်လည်း ရိုက်ကူးခွင့် ပြုသည်။[၈][၉]
- သရုပ်ဆောင် ဟန်ဂျီအွန်းမှာ အခြား ယှဉ်ပြိုင်သူ ၄၂၀၀ ပါသော လူရွေးပွဲ ကို ဖြတ်ကျော်ပြီး၊ အရွေးခံရသည်။ [၁၀]
- ရုပ်ရှင်ကို အင်ချွန်းရှိ ယုံဂျုံဒိုရပ်ကွက်၊ ပါရာဒိုက်စီးတီး၌ ၂၀၁၆-၁-၃ မှ စတင်ရိုက်ကူးပြီး၊ ၂၀၁၆-၆-၃၀ တွင် ပြီးစီးသည်။[၁၁][၁၂]
- အစက ဒါရိုက်တာ လီဂျောင်ဆတ် ရိုက်ကူးနေသော်လည်း၊ ဒါရိုက်တာ လီဆာရန်း နှင့် အစားထိုးခံရပြီး၊ လီဆာရန်းသည် စစ်မှန်သော ရုပ်ရှင်ကို ထုတ်လုပ်သော ကုမ္ပဏီ ပိုင်ရှင် ဖြစ်ကာ၊ ပွဲဦးထွက် ရိုက်ကူး ထုတ်လုပ်ခြင်း ဖြစ်သည်။[၁၃]
ဖြန့်ချိ
[ပြင်ဆင်ရန်]စစ်မှန်သော ကို ကိုရီးယားနိုင်ငံ၌ ၂၀၁၇-၆-၂၈ တွင် ရုံတင်ပြီး၊ ဒီဂျစ်တယ်အဖြစ်မူ ၂၀၁၇ ဇူလိုင်လလယ်တွင် ဖြန့်သည်။
ကိုရီးယား ပြည်ပတွင် စစ်မှန်သောကို ရုံတင်ပြရာ၌ ထိုင်ဝမ်သည် ဦးဆုံးဒေသ ဖြစ်ကာ၊ ၂၀၁၇-၈-၄ တွင် ဖြန့်သည်။ [၁၄]
ဟောင်ကောင်တွင် ၂၀၁၇-၁၁-၁၆ တွင် ဖြန့်ချိသည်။
ဂျပန်တွင် ၂၀၁၈-၄-၁၄ တွင် ဖြန့်ချိသည်။
စိတ်ကူးယဉ် နှင့် ချောက်ချားဖွယ် ရုပ်ရှင်များကို အထူးအလေးပေးသော နိုင်ငံတကာ ရုပ်ရှင်ပွဲတော်များထဲမှ တခု ဖြစ်သည့် Sitges ရုပ်ရှင်ပွဲတော် က စစ်မှန်သော ကို ၂၀၁၇ ကတ်ကလောက်ထဲ ထည့်သွင်း အသိအမှတ်ပြုသည်။[၁၅]
ဝေဖန်မှုများ
[ပြင်ဆင်ရန်]ရုံတင်ဇယား
[ပြင်ဆင်ရန်]ထိုင်ဝမ်တွင် ဖြန့်ချိသော ပထမပတ်၌ ထိုင်ဝမ်ဒေါ်လာ တသန်းကျော် မြတ်စွန်းသည်။ တချိန်တည်းတွင်ပင် ကိုရီးယားရုပ်ရှင် တကား အတွက်မူ ပထမဦးဆုံး အမြင့်ဆုံး ဇယားချိတ်ခြင်းလည်း ဖြစ်သည်။ [၁၄]
ရုံကျသောအခါ၊ ထိုင်ဝမ်မှ စုစုပေါင်းထိုင်ဝမ်ဒေါ်လာ ၄.၇ သန်းကျော် မြတ်စွန်းခဲ့လေပြီ။[၁၆]
ကိုးကား
[ပြင်ဆင်ရန်]- ↑ REAL (2017) - Korean Film Council။ 2017-08-05 တွင် ပြန်စစ်ပြီး။
- ↑ "김수현, 영화 '리얼' 출연 확정…2년만에 스크린 컴백"၊ 2015-04-09။ 30 September 2020 တွင် ပြန်စစ်ပြီး။ Archived from the original on 5 August 2018။
- ↑ "'김수현과 호흡'… 이성민, 영화 '리얼' 출연 결정" (in ko-KR)၊ 2015-12-15။
- ↑ "[리폿@이슈 설리-아이유-수지 가진…김수현은 좋겠다]"။
- ↑ "Suzy, IU to cameo in 'Real'"။
- ↑ "[단독 수지·아이유까지…김수현 1인2역 '리얼'에 요정들 총집합]"။
- ↑ "Alibaba Pictures invests in Kim Soo-hyun's upcoming film" (in en)။
- ↑ "Kim Soo-hyun's new film draws new investment"။
- ↑ "김수현 영화 '리얼' 파라다이스그룹에서도 80억 투자 결정"။
- ↑ "한지은, 김수현 주연 영화 '리얼' 여주인공 확정" (in ko-KR)။
- ↑ ""REAL"在韩杀青 金秀贤"星你"后演技变身"။ 22 August 2020 တွင် ပြန်စစ်ပြီး။ Archived from the original on 1 November 2016။
- ↑ ""김수현이 온다" 영화 '리얼' 스틸컷 첫 공개"။
- ↑ "Filmmaker Lee Jung-sub drops out of upcoming film 'Real'"။
- ↑ ၁၄.၀ ၁၄.၁ ကိုးကား အမှား - Invalid
<ref>
tag; no text was provided for refs namedREAL (2017) - Yahoo! Taiwan News
- ↑ Sitges Film Festival » REAL။ 2017-10-15 တွင် ပြန်စစ်ပြီး။
- ↑ 全國電影票房截至2017年九月前資訊 (in zh-TW) (2017-10-05)။ 18 January 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2017-10-09 တွင် ပြန်စစ်ပြီး။