စည်ဖြိုး
စည်ဖြိုး | |
---|---|
မွေးဖွား | စည်ဖြိုးထွန်း စက်တင်ဘာ ၄၊ ၁၉၉၀ ပုသိမ်မြို့၊ ဧရာဝတီတိုင်း၊ မြန်မာနိုင်ငံ |
ဌာနေ | သင်္ကန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့ |
နိုင်ငံလူမျိုး | ![]() |
အလုပ်အကိုင် | သရုပ်ဆောင်၊ အဆိုတော် |
မိဘ(များ) | ဦးထွန်းအောင်၊ ဒေါ်သီသီဝင်း |
ဆွေမျိုးသားချင်း | ပြည့်ဖြိုးအောင် (ညီ) |
စည်ဖြိုး (၄ စက်တင်ဘာ ၁၉၉၀ မွေးဖွား) သည် မြန်မာလူမျိုး အမျိုးသား သရုပ်ဆောင်တစ်ဦးဖြစ်သည်။ စည်ဖြိုးကို ၁၉၉၀-ခုနှစ်၊ စက်တင်ဘာလ (၄)ရက်၊ အင်္ဂါနေ့တွင် ဧရာဝတီတိုင်း၊ ပုသိမ်မြို့၌ အဖ ဦးထွန်းအောင်နှင့် အမိ ဒေါ်သီသီဝင်းတို့မှ မွေးဖွားသည်။ အမည်ရင်းမှာ စည်ဖြိုးထွန်းဖြစ်သည်။ မွေးချင်းညီအကိုနှစ်ယောက်ရှိသည့်အနက် အကြီးဆုံးသားဖြစ်သည်။ ညီဖြစ်သူအမည်မှာ ပြည့်ဖြိုးအောင်ဖြစ်သည်။ စည်ဖြိုးသည် အကြားမြင်ဆရာမ ဒေါ်ဆွေဆွေဝင်း(အီးတီ) ၏ တူလည်း ဖြစ်သည်။ ၂၀၁၂-ခုနှစ်တွင် ရွာပျောက်ကြီး ဗီဒီယိုဇာတ်ကားဖြင့် အနုပညာလောကသို့ စတင်ဝင်ရောက်ခဲ့သည်။ သူသည် MRTV-4 မှ ထုတ်လွင့်ခဲ့သောအလင်းထဲကလူ ရုပ်သံဇာတ်လမ်းတွဲတွင် အဓိက အမျိုးသားဇာတ်ဆောင်အဖြစ် မြန်မာ့ရိုးရာ လက်ဝှေ့သမားနေရာမှ သရုပ်ဆောင်ခဲ့သည်။
ငယ်ဘဝ
[ပြင်ဆင်ရန်]စည်ဖြိုးကို ပုသိမ်ဆေးရုံကြီးတွင် ၄ရက် ၉လ ၁၉၉၀ မနက် ၁ နာရီတွင် မွေးဖွားခဲ့သည်။ မွေးဖွားစဉ်က ငွေကြေးမတတ်နိုင်ခဲ့သဖြင့် ဆေးရုံတွင် ဆရာဝန်မငှားနိုင်ခဲ့သောကြောင့် သူနာပြုနှင့်သာ မွေးခဲ့ရသည်။ [၁] ၂ နှစ်သားအရွယ်တွင် အဒေါ်ဖြစ်သူ၏ ဗေဒင်ဟောခန်းပြောင်းရွှေ့ခြင်းနှင့်အတူ ရန်ကုန်သို့ မိသားစုလိုက် ပြောင်းရွှေ့ခဲ့သည်။
စီးပွားရေးလုပ်ငန်းများ
[ပြင်ဆင်ရန်]- Happy Pages - Snack & Stationery
- Boombox Recording Studio
- Rasta Myanmar
- Mae Sot Taste Authentic Thai Food[၂]
- E Thi Gems and Jewels
ရိုက်ကူးခဲ့သော ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားများ
[ပြင်ဆင်ရန်]ဗီဒီယိုဇာတ်ကားများ
[ပြင်ဆင်ရန်]ခုနှစ် | ဇာတ်ကားအမည် | တွဲဖက်သရုပ်ဆောင်များ |
---|---|---|
၂၀၁၂ | ရွာပျောက်ကြီး | ဝိုင်းစုခိုင်သိန်း၊ ဇော်ဝင်းနိုင် (မန်း)၊ ငှက်ပျောကြော်၊ စိုးမိုးကြည်၊ ဇော်ဇော်အောင်၊ စည်သူ၊ နန္ဒကျော်စွာ |
၂၀၁၂ | ချစ်သူအိမ် | စိုးပြည့်သဇင်၊ မေသက်ခိုင်၊ ထွန်းထွန်းဝင်း၊ ခင်မို့မို့အေး၊ ဆင်မ၊ နေလင်း၊ ဂွမ်းပုံကြီး၊ ဒေါ်ထားအဖွဲ့ |
၂၀၁၂ | ဂန္ထဝင်သုည | မေကဗျာ၊ ဇော်ဦး၊ စိုးမိုးကြည်၊ ဦးဝင်းမြိုင်၊ ဇော်ဝင်းနိုင်(မန်း)၊ ငှက်ပျောကြော်၊ ဇော်ဇော်အောင် |
၂၀၁၂ | ရင်ကွဲနက္ခတ် | သဉ္ဇာနွယ်ဝင်း၊ မေတ္တာ၊ ထွန်းထွန်းဝင်း၊ Kညီ၊ သီဟဖြိုး၊ ကောင်းစံ၊ နှိုင်းယှဉ်မြင့်မိုရ်၊ နိနိ |
၂၀၁၂ | ဂွကျတဲ့ ဂွင် | ခင်လှိုင်၊ ဒိန်းဒေါင်၊ ဗေလုဝ၊ စိုးမိုးကြည်၊ တက္ကသိုလ်ဂွမ်းပုံ |
၂၀၁၃ | ရေဒီယို | မေကဗျာ၊ ဂျူးဂျူးစံသာ၊ တိမ်ညွန့်၊ ခင်လှိုင်၊ အောင်ဇော်မင်း၊ မြို့တော်ချစ်ဖွယ် |
၂၀၁၃ | လေနာ အရပ်က အချစ် | ထိုက်တန်၊ မင်းဦး၊ အကယ်ဒမီ မို့မို့မြင့်အောင်၊ ပုလဲဝင်း၊ နန်းဆုရတီစိုး |
၂၀၁၃ | လွမ်းဆိပ်သင့်စေ | သင်ဇာဝင့်ကျော်၊ စိုးမိုးကြည်၊ ဂျူးဂျူးစံသာ |
၂၀၁၄ | သတ်ပုံမှားတဲ့ အချစ် | နေဆန်း၊ ချစ်သုဝေ |
၂၀၁၄ | စမောဆွဲသူများ | မင်းဦး၊ နေဆန်း၊ မေသန်းနု၊ နန်းမြတ်ဖြိုးသင်း၊ ဖူးပွင့်သခင် |
၂၀၁၆ | မဟာဂေါ်လီ | ဝိုင်းစုခိုင်သိန်း၊ အောင်ခိုင်၊ ဝါဝါအောင် |
ဖိုးစည်ဖြိုး | ခင်လှိုင်၊ မေပန်းချီ၊ ဆင်မ၊ ရှက်တယ်၊ ချစ်လူလူ | |
ခရေကြွေတဲ့မိုး | ချစ်သုဝေ၊ ပြေဇင်၊ စိုးမိုးကြည်၊ မင်းညီ၊ ဦးဝင်းမြိုင်၊ ဦးထူးသာ၊ လမင်းကဗျာ | |
အချစ် (သို့) ကွိုင် | ပိုင်ဖြိုးသု၊ သားညီ | |
သုညသက္ကရာဇ်၊ ဇီးရိုးနိဗ္ဗာန် | မေသက်ခိုင်၊ ဘေဘီမောင် |
ရုပ်ရှင်ဇာတ်ကားကြီးများ
[ပြင်ဆင်ရန်]ခုနှစ် | ရုပ်ရှင်အမည် | ဒါရိုက်တာ | တွဲဖက်သရုပ်ဆောင်များ |
---|---|---|---|
၂၀၁၈ | သတ်ကွင်း | သားညီ | မင်းသွေး၊ နေရဲ၊ ထူးခြား |
၂၀၁၉ | လေးပါးကျော့ရှိန် ဝရဇိန် | သားညီ | အကယ်ဒမီ မင်းမော်ကွန်း၊ အကယ်ဒမီ ထွန်းထွန်း၊ နေမင်း၊ မင်းသွေး၊ အကယ်ဒမီ ပိုင်ဖြိုးသု၊ ရွှေသမီး၊ သံသာမိုးသိမ့် |
ရိုက်ကူးခဲ့သော ရုပ်သံဇာတ်လမ်းတွဲများ
[ပြင်ဆင်ရန်]ခုနှစ် | ဇာတ်လမ်းတွဲအမည် | ပြသသည့် ရုပ်သံလိုင်း | အပိုင်း အရေအတွက် | တွဲဖက်သရုပ်ဆောင်များ |
---|---|---|---|---|
၂၀၁၉ | အလင်းထဲကလူ | MRTV-4 | ၃၀ | ဆန်းတိုးနိုင်၊ မုဏ်း၊ ရှင်မင်းဆက်၊ ဂျူဂျူးစံ၊ အောင်ခန့်မှူး၊ သုတအောင် |
၂၀၁၉ | Love at 7-11 | WeTV (Thailand) | ၈ | All cast from Thailand |
ကိုးကား
[ပြင်ဆင်ရန်]- ↑ စည်ဖြိုးမွေးခါနီးတုန်းက ငွေ၂၀၀ပဲရှိကြောင်း ဖွင့်ပြောလာတဲ့ ဒေါ်သီသီဝင်း။ ၂၈ ၊ ၂၀၁၉ တွင် ပြန်စစ်ပြီး။နို ၂၀၁၉ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ သရုပ်ဆောင်စည်ဖြိုး ပရိသတ်နဲ့ဘာကြောင့် ခဏတာ ဝေးသွားရတာလဲ။ ၂၈ ၊ ၂၀၁၉ တွင် ပြန်စစ်ပြီး။နို ၂၀၁၉ တွင် ပြန်စစ်ပြီး။
- ↑ အီတီဖောင်းတေးရှင်းကို ဆက်လက် လုပ်ဆောင်သွားမည့် စည်ဖြိုးတို့ မိသားစု
- ↑ မွေးနေ့မှာ ကတိပေးလိုက်တဲ့ စည်ဖြိုး
- ↑ အရည်အသွေး မြှင့်ချင်လို့ ကားရိုက် လျှော့ချမယ့် စည်ဖြိုး