မာတိကာသို့ ခုန်သွားရန်

စောချစ်သူ

ဝီကီပီးဒီးယား မှ

ဗိုလ်မှူးကြီး စောချစ်သူ သည် ကရင်လူမျိုး လက်နက်ကိုင်ခေါင်းဆောင်နှင့် စီးပွားရေးသမားဖြစ်ပြီး ဒီကေဘီအေ၊ နယ်ခြားစောင့်တပ်နှင့် ကရင်အမျိုးသားတပ်မတော်တို့တွင် ပါဝင်သည်။ ယိုးဒယား-မြန်မာနယ်စပ်တွင် အာဏာရှိသူတဦးအဖြစ် ရှုမြင်ခံရပြီး အွန်လိုင်းလိမ်လည်မှု၊ လူကုန်ကူးမှုများနှင့် ပါဝင်ပတ်သတ်သောကြောင့် ဗြိတိန်က ပိတ်ဆို့မှုများ ချမှတ်ထားသည်။

လှိုင်းဘွဲ့နယ်၊ ကြာအင်းရွာတွင် မွေးသည်။ [] မှတ်ပုံတင်ပါ အမည်မှာ စံမြင့် ဖြစ်သည်။

စစ်မှုထမ်းဘဝ

[ပြင်ဆင်ရန်]

ကေအန်ယူ၏ အမှတ်(၇)တပ်မဟာမှူး ဗိုလ်ချုပ်တင်မောင်နှင့် ရင်းနှီးသူပြီး အမှတ်(၁၀၁)အထူးတပ်ရင်းမှ ဖြစ်၏။ ၁၉၉၄ ခုတွင် ဗုဒ္ဓဘာသာဝင် ကေအန်ယူတပ်သားများက ခရစ်ယာန်တို့ ဦးဆောင်နေသော ကေအန်ယူမှ ခွဲထွက်သောအခါ အသစ်ဖြစ်လာသော ဒီကေဘီအေ၏ အမှတ် (၉၉၉) တပ်ရင်းမှူး ဖြစ်လာသည်။ တပ်မတော်နှင့်ပေါင်းကာ ကေအန်ယူဌာနချုပ်ဖြစ်သော ကော့မှူးရာ/ဝါးခသစ်တိုက်ပွဲတွင် ကူညီခဲ့သည်။ အပြန်အလှန်အားဖြင့် တပ်ဘက်က သောင်ရင်းမြစ်အနီး သစ်ထုတ်လုပ်ခွင့်နှင့် ရွှေကုက္ကိုဒေသကို ပေး၏။

၂၀၁၀ ပြည့်တွင် အစိုးရကတောင်းဆိုသည့် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် သဘောတူခဲ့သည်။ ၂၀၂၁ ခု၊ ဇန်နဝါရီလတွင် နယ်ခြားစောင့်တပ်မှ စောချစ်သူ၊ ဗိုလ်မှူး စောမုတ်သုန်၊ ဗိုလ်မှူး စောတင်ဝင်းတို့ကို တပ်မတော်က နုတ်ထွက်ရန် ဖိအားပေးသည်။ အမှတ် (၁၀၂၂) တပ်ရင်းမှ စောမုတ်သုန်သည် ဇန်နဝါရီ ၈ ရက်တွင် အခြားခေါင်းဆောင်ငယ်များနှင့် နုတ်ထွက်သွားသည်။ သို့သော် စောချစ်သူက အနားမယူ။

၂၀၂၁ ခု၊ အာဏာသိမ်းစကာလတွင် နိုင်ငံရေးမတည်ငြိမ်မှုများက မြို့သစ်တည်ဆောက်ရေးကို ပြန်စရန် အခွင့်အရေးပေးခဲ့သည်။

၂၀၂၄ ခု၊ ဖေဖေါ်ဝါရီလ ၁၉ ရက်တွင် နယ်ခြားစောင့်တပ်အောက်မှ ကရင်တပ်များကို စုစည်းကာ ကရင်အမျိုးသားတပ်မတော်ကို ထူထောင်သည်။ []

စီးပွားရေးဆောင်ရွက်ချက်

[ပြင်ဆင်ရန်]

နယ်ခြားစောင့်တပ်ကိုယ်စားပြု ချစ်သူမြိုင်ကုမ္ပဏီ ထူထောင်သူနှင့် ယခင်ဥက္ကဋ္ဌဟောင်း ဖြစ်သည်။ ချစ်လင်းမြိုင်စွမ်းအင်ကုမ္ပဏီ၊ ချစ်လင်းမြိုင် သတ္တုတွင်းနှင့်စက်မှုကုမ္ပဏီ၊ ဒေါနသံလွင်ကုမ္ပဏီ၊ ထူးသစ္စာအောင်ကုမ္ပဏီ ချစ်လင်းမြိုင်တိုယိုတာကုမ္ပဏီ၊ ရွှေပဒေသာမြိုင်ကုမ္ပဏီ၊ ထူးမေတ္တာထူးကုမ္ပဏီတို့တွင် ရှယ်ယာပါသည်။ ဆိုင်ဘာလိမ်လည်မှုလုပ်ငန်းများနှင့် ပတ်သက်သော ယူလောင်းကမ်းခြေအပန်းခြေစခန်းခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ၊ မြန်မာအပိုလိုနိုင်ငံတကာရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတို့တွင်လည်း ဝေစုရှိ၏။ []

၂၀၁၇ ခုတွင် ယတိုင်အင်တာနေရှင်နယ်ဟိုးဒင်းဂရုနှင့် လက်တွဲကာ ရွှေကုက္ကိုတွင် ယတိုင်မြို့သစ် တည်၏။ ယင်းကုမ္ပဏီဘက်မှ မြေအသုံးပြုခအဖြစ် ဒေါ်လာ ၃ သိန်း ပေးရသည်။ ၂၀၂၀ ပြည့်၊ ဇွန်လတွင် အစိုးရက မြို့သစ်တည်စီမံကိန်းအား စစ်ဆေးပြီးနောက် ရပ်ဆိုင်းထားရန် အမိန့်ထုတ်သည်။ ယင်းဖြစ်စဉ်မှာ နယ်ခြားစောင့်တပ်နည်းတူ ၎င်းအားကွပ်ကဲသည့် တပ်မတော်အတွက်ပါ အရှက်ရစရာ ဖြစ်ခဲ့သည်။

မိသားစုဘဝ

[ပြင်ဆင်ရန်]

နန်းခင်လှသူနှင့် အိမ်ထောင်ပြုရာ သား ၂၊ သမီး ၁ ရသည်။ ယင်းတို့မှာ စောထူးအယ်မူး၊ ဒုဗိုလ်မှူးကြီး စောချစ်ချစ်၊ မနန်းနှင်းနန္ဒာအေးတို့ ဖြစ်သည်။ []

ဘွဲ့ထူးဂုဏ်ထူးများ

[ပြင်ဆင်ရန်]

၂၀၂၂ ခု၊ နိုဝင်ဘာလတွင် သီရိပျံချီ ဘွဲ့ရသည်။ိ

ကိုးကား

[ပြင်ဆင်ရန်]
  1. Taking tea with Saw Chit Thu, the ‘king of Shwe Kokko’. 2025 Mar 7. The Nation.
  2. Saw Chit Thu: From Karen warlord to scam emperor. 2025 Feb 21. Thai PBS.
  3. The King of Myawaddy: Saw Chit Thu - "I'm Just a Landlord, I Don’t Know About Other Matters". 2025 Mar 7. Global Anti-Scam.
  4. The Karen Border Guard Force/ Karen National Army Criminal Business Network Exposed. Justice for Myanmar. 2024 May 22.