စောနိုင် (ရှမ်းပြည်)
ဤဆောင်းပါးသည် ရင်းမြစ်တစ်ခုတည်းအပေါ်တွင် လွန်ကဲစွာ သို့ဟုတ် လုံးဝ မှီခိုထားသည်။ |
စောနိုင် (ရှမ်းပြည်) (၁၉၃၄ - ၂၀၁၉) သည် မြန်မာ့ရုပ်ရှင်သရုပ်ဆောင် ဖြစ်သည်။
ငယ်ဘဝ
[ပြင်ဆင်ရန်]၁၉၃၄ ခုတွင် ရဲအုပ် (အငြိမ်းစား) လှကျော်၊ ဒေါ်လှတင်တို့က တောင်ငူခရိုင်၊ ထန်းတပင်မြို့၌ မွေးသည်။ အမည်ရင်းမှာ စမ်းကြည် ဖြစ်သည်။ မွေးချင်း ၈ ယောက်အနက် ဒုတိယမြောက် ဖြစ်၏။
အနုပညာခရီး
[ပြင်ဆင်ရန်]၁၉၅၇ ခုခန့်၌ အောင်မင်္ဂလာရုပ်ရှင်က မဲဇာတောင်ခြေ ဇာတ်ကားကို တောင်ငူ၌ ရိုက်ကူးစဉ် တောင်ငူအစိုးရအထက်တန်းကျောင်း၌ ပညာသင်နေသော စမ်းကြည်က ဖြတ်လျှောက်အခန်းမှ ပါဝင်ခဲ့ဖူးသည်။
ရှမ်းပြည်ရောက်ဧည့်သည်ရယ် ဇာတ်ကားတွင် ဝင်းညွန့်၊ စံရှားတင်၊ တင်တင်အေးတို့နှင့် တွဲဖက်ပါဝင်ရရာ စောနိုင်(ရှမ်းပြည်) ဟူ၍ နာမည်ရလာသည်။ ဖြိုးကြွယ်ရုပ်ရှင်မှ ဒါရိုက်တာ မင်းလွင်ရိုက်သော မမသက် ဇာတ်ကားတွင် ခေါင်းဆောင်အဖြစ် စတင်သရုပ်ဆောင်ရသည်။ ယင်းဇာတ်ကားတွင် ဗိုလ်ဗကို၊ မေမြို့မယ်ပန်းဝါတို့ ပါသည်။ မမသက်မှာ ဦးစွာရိုက်သော်လည်း ရှမ်းပြည်ရောက်ဧည့်သည်ရယ်နောက်မှ ရုံတင်သည်။
ပါဝင်သော ဇာတ်ကားများ
[ပြင်ဆင်ရန်]- မဲဇာတောင်ခြေ
- မမသက်
- ရှမ်းပြည်ရောက်ဧည့်သည်ရယ်
- ဤသစ်ဆုံ
- မန်ဒါလီ
- နေခြည်ဖြာမှနွေးသော်ကြောင့်
- လွမ်းဖြေရာ
- သစ္စာပုံပြင်
- ချစ်လိုက်တာမသည်းအူရယ်
- ဒေါင်းမလေး
- ချစ်သောဇာဇာ
ဘဝနိဂုံး
[ပြင်ဆင်ရန်]ရဟန်းပြုခဲ့ရာ အုတ်တွင်းမြို့ရှိ ဈေးကျောင်းတိုက်တွင် ၂၀၁၉ ခု၊ ဧပြီလ ၂၆ ရက်၌ စောနိုင်(ရှမ်းပြည်) တဖြစ်လဲ ဥူးစန္ဒိမာ ပျံလွန်သည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ သရုပ်ဆောင် ရှမ်းပြည်စောနိုင် အသိတွေချို့ယွင်းနေပြီ။ Myanmar Celebrity။ ၂၀၁၇ နို ၁၆။