မာတိကာသို့ ခုန်သွားရန်

ဇမ္ဗူဒီပ နိမိတ္တ

ဝီကီပီးဒီးယား မှ

ဇမ္ဗူဒီပ နိမိတ္ထ သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[] ဇမ္ဗူဒိပ် နိမိတ်ထွန်း နှင့် အတူတူဖြစ်သည်။

အဓိပ္ပာယ်

[ပြင်ဆင်ရန်]

ဇမ္ဗူဒီပ နိမိတ္တ ဆိုသည်မှာ ဇမ္ဗူဒိပ်ကျွန်းသည် နိမိတ်ထူးများ ဖြစ်ပေါ်ထွန်းကားသော ကျွန်းဖြစ်သည်ဟု ဆိုလိုသည်။ ဤဆိုရိုးစကားသည် ဗုဒ္ဓဘာသာဆိုင်ရာ ယုံကြည်မှုနှင့် မြန်မာ့ရိုးရာ ယုံကြည်မှုများပေါ်တွင် အခြေခံထားသည်။ ဇမ္ဗူဒိပ်ကျွန်းသည် လူသားများ နေထိုင်ရာ ကျွန်းကြီးလေးကျွန်းတွင် တောင်ဘက်အကျဆုံး ကျွန်းဖြစ်ပြီး ဘုရားရှင်များ ပွင့်ထွန်းရာ၊ စကြဝတေးမင်းများ ပေါ်ထွန်းရာ ကျွန်းဖြစ်သောကြောင့် ထူးခြားသော နိမိတ်လက္ခဏာများ ဖြစ်ပေါ်တတ်သည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် ဇမ္ဗူဒီပ နိမိတ္တ ဆိုသည်မှာ ထူးခြားသော အဖြစ်အပျက်များ၊ အတိတ်နိမိတ်များ ဖြစ်ပေါ်တတ်သော နေရာကို ရည်ညွှန်းသည်။

ဇမ္ဗူဒိပ်

[ပြင်ဆင်ရန်]

ဇမ္ဗူဒိပ်သည် ဗုဒ္ဓဘာသာ အယူအဆအရ ကမ္ဘာကြီးကို ပိုင်းခြားထားသော ကျွန်းကြီးလေးကျွန်းတွင် တစ်ခုအပါအဝင်ဖြစ်သည်။ မြင့်မိုရ်တောင်ကို ဗဟိုပြု၍ တောင်ဘက်တွင် တည်ရှိသည်ဟု ဆိုသည်။

နိမိတ်

[ပြင်ဆင်ရန်]

နိမိတ် ဆိုသည်မှာ အနာဂတ်တွင် ဖြစ်ပေါ်လာမည့် အရာတစ်ခု၏ ရှေ့ပြေး လက္ခဏာ သို့မဟုတ် အရိပ်အမြွက်ကို ဆိုလိုသည်။

ကိုးကားချက်များ

[ပြင်ဆင်ရန်]
  • ဇမ္ဗူဒီပ နိမိတ္တတဲ့၊ ဇမ္ဗူဒိပ်ကျွန်းဆိုတာ နိမိတ်ထွန်းတဲ့ ကျွန်းပါ၊ []
  • ဇမ္ဗူဒပီ နိမိတ္တဆိုသလို ထိုခေတ်ထိုအခါက ရှင်ဘုရင် ရူးရသော ဇာတ်လမ်းများ ပေါ်ပေါက်ခေတ်စားလာဖူးသည်။ []

ဆက်စပ်ဖတ်ရှုရန်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
  2. [၁၂၇၉] ဓမ္မစေတီ။ ၁၆၉။
  3. [၁၃၃၄] ကျွန်းဦး။ ၃၈၉။