တပည့်
တပည့် ဆိုသည်မှာ သင်ယူလေ့လာသူ သို့မဟုတ် ပညာရပ်ဆိုင်ရာ အဖွဲ့အစည်းတစ်ခုခုတွင် တက်ရောက်သင်ကြားမှု ခံယူသူ ဖြစ်သည်။
တပည့်ဝတ် ငါးပါး
[ပြင်ဆင်ရန်]"ညီညာထကြွ၊ ဆုံးမနာယူ
လာမူကြိုဆီး၊ ထံနီးလုပ်ကျွေး
သင်တွေးအံရွတ်၊ တပည့်ဝတ်
မချွတ်ငါးခုသာ"
(သင်္ဂဇာဆရာတော်)
၁။ ဆရာ၏ အမှုတို့ကို ထကြွနိုးကြားစွာ ဆောင်ရွက်ပေးခြင်း။
၂။ ဆိုဆုံးမသော ဆရာစကားကို ရိုသေစွာနာယူခြင်း။
၃။ ဆရာ ရောက်လာသောအခါ ကြိုဆိုပြုစုခြင်း။
၄။ ဆရာ့အနားဝယ် နေသောအခါလည်း ခြေဆုပ် လက်နယ်လုပ်ကျွေးခြင်း။
၅။ သင်ပြသော ပညာများကို သင်အံလေ့ကျက် ရွတ်ဖတ်ခြင်း။[၂]
ပါထိကဝဂ္ဂဋ္ဌကထာ၌ အောက်ပါအတိုင်း ဖော်ပြထားသည်။
၁. ထကြွခြင်း (ဥဋ္ဌာနေန)
[ပြင်ဆင်ရန်]ဆရာ လာရောက်သည်ကို မြင်လျှင် ထိုင်နေရာမှ ထ၍ ကြိုဆိုရမည်။ ဆရာ၏ အသုံးအဆောင်ပစ္စည်းများကို ကူညီသယ်ပိုးပေးခြင်း၊ နေရာထိုင်ခင်း စီစဉ်ပေးခြင်း၊ ခြေဆေးရေပေးခြင်း စသည်တို့ကို ပြုလုပ်ပေးရမည်။
၂. လုပ်ကျွေးခြင်း (ဥပဋ္ဌာနေန)
[ပြင်ဆင်ရန်]နေ့စဉ် သုံးကြိမ် ဆရာထံသို့ သွားရောက်လုပ်ကျွေးပြုစုရမည်။ ပညာသင်ယူချိန်တွင်မူ လိုအပ်ပါက အချိန်မရွေး သွားရောက်ရမည်။ ဆရာအတွက် မနက်အစောထ၍ သွားတိုက်ဆေး၊ သောက်ရေ စသည်တို့ကို ပြင်ဆင်ပေးရမည်။ ထမင်းစားချိန်တွင်လည်း ကူညီဆောင်ရွက်ပေးရမည်။ ညနေပိုင်းတွင် ရေချိုးရန်အတွက် ရေပြင်ဆင်ပေးခြင်း၊ အဝတ်အစားလျှော်ဖွပ်ပေးခြင်း စသည်တို့ကို ပြုလုပ်ပေးရမည်။ နေမကောင်းဖြစ်ပါကလည်း ပြုစုပေးရမည်။ ရဟန်းဖြစ်ပါကလည်း ဤအရာများအပြင် အခြားလိုအပ်သည်များကိုပါ ပြုစုလုပ်ကျွေးရမည်။
၃. နာယူခြင်း (သုဿူသာယာ)
[ပြင်ဆင်ရန်]ဆရာ၏ ဆုံးမဩဝါဒကို လေးလေးစားစား နာခံရမည်။ ယုံကြည်မှုအပြည့်ဖြင့် နာယူခြင်းဖြင့်သာ အသိပညာကို ကောင်းစွာ ရရှိနိုင်မည်။ မယုံကြည်ဘဲ နာယူပါက အကျိုးထူးမရနိုင်ပါ။
၄. ပြုစုခြင်း (ပါရိစရိယာယာ)
[ပြင်ဆင်ရန်]ဆရာ၏ အသေးအဖွဲ ကိစ္စများအပါအဝင် အားလုံးကို ကူညီဆောင်ရွက်ပေးရမည်။
၅. လေ့လာဆည်းပူးခြင်း (သက္ကစ္စံ သိပ္ပပဋိဂ္ဂဟဏေန)
[ပြင်ဆင်ရန်]ဆရာထံမှ ပညာကို ရိုသေလေးစားစွာ သင်ယူရမည်။ အနည်းငယ်ကို သင်ယူပြီး အများကြီးကို ပြန်လေ့ကျင့်ခြင်းဖြင့် အကျိုးရှိမည်။ တစ်လုံးတည်းကိုပင် သေချာစွာ နားလည်အောင် သင်ယူရမည်။ [၃][၄]
ဤကျင့်ဝတ်များသည် ဆရာနှင့် တပည့်တို့အကြား ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်ရန်နှင့် တပည့်၏ ပညာရေး တိုးတက်မှုကို အထောက်အကူပြုရန် ရည်ရွယ်ပါသည်။ ဤကျင့်ဝတ်များကို လိုက်နာခြင်းဖြင့် တပည့်သည် ပညာရေးတွင် တိုးတက်မှုရရှိရုံသာမက လူမှုဆက်ဆံရေးတွင်လည်း ကောင်းမွန်သော အကျိုးရလဒ်များ ရရှိနိုင်ပါသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ ဦးရဲဝေ(မြန်မာစာ)၏ စာစီစာကုံးအရေးအသား
- ↑ သရုပ်ပြ မာတိကာကျမ်း
- ↑ (ဒီ၊ဋ္ဌ၊၃၊၁၃၇။)
- ↑ ပဉ္စဟိ ခေါ, ဂဟပတိပုတ္တ, ဌာနေဟိ အန္တေဝါသိနာ ဒက္ခိဏာ ဒိသာ အာစရိယာ ပစ္စုပဋ္ဌာတဗ္ဗာ – ဥဋ္ဌာနေန ဥပဋ္ဌာနေန သုဿုသာယ ပါရိစရိယာယ သက္ကစ္စံ သိပ္ပပဋိဂ္ဂဟဏေန [သိပ္ပံ ပဋိဂ္ဂဟဏေန (သျာ။), သိပ္ပဥဂ္ဂဟဏေန (က။)]။
ပြင်ပလင့်ခ်များ
[ပြင်ဆင်ရန်]![]() |
ဝစ်ရှင်နရီမှ အဓိပ္ပာယ်ဖွင့်ဆိုချက်များ |
![]() |
Commons မှ မီဒီယာများ |
![]() |
ဝီကီသတင်းမှ သတင်းများ |
![]() |
ဝီကီကိုးကားချက်မှ အဆိုအမိန့်များ |
![]() |
ဝီကီရင်းမြစ်မှ ရင်းမြစ်စာသားများ |
![]() |
ဝီကီစာအုပ်မှ ပြဋ္ဌာန်းစာအုပ်များ |
![]() |
ဝီကီတက္ကသိုလ်မှ လေ့လာနိုင်သော အကိုးအကားများ |