တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့
![]() ၂၀၁၉ ခုနှစ်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲအတွင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့။ (အညာဘက်ဆုံးတွင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ အလယ်တွင် ဗိုလ်ချုပ် စိုးနိုင်ဦး၊ ဘယ်ဘက်တွင် ဗိုလ်ချုပ် ထွန်းထွန်းညီ) | |
ဖွဲ့စည်းခြင်း | ၂၀၁၈ |
---|---|
အမျိုးအစား | တပ်မတော်သတင်းအချက်အလက်အဖွဲ့ |
တရားဝင်အနေအထား | မလှုပ်ရှားတော့သောအဖွဲ့ |
ဌာနချုပ် | နေပြည်တော် ၊ မြန်မာနိုင်ငံ |
ဝန်ဆောင်မှုဒေသ | မြန်မာ |
ပြောရေးဆိုခွင့်ရှိသူ | ဗိုလ်ချုပ် ဇော်မင်းထွန်း |
မိခင်အဖွဲ့အစည်း | တပ်မတော် |
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ သည် မြန်မာ့တပ်မတော်၏ တရားဝင် ပြည်သူ့ဆက်ဆံရေးနှင့် သ တင်းအချက်အလက်များကို ထုတ်ပြန်ရာတွင် တာဝန်ယူသော အဖွဲ့ ဖြစ်သည်။ ဤအဖွဲ့သည် တပ်မတော် ၏ ထုတ်ပြန်ကြေညာချက်များကို ဖြန့်ချိခြင်း၊ စွပ်စွဲချက်များကို ဖြေရှင်းခြင်းနှင့် မီဒီယာနှင့် ပြည်သူ လူထုတို့နှင့် ထိတွေ့ဆက်ဆံရေးဆိုင်ရာ စီမံခန့်ခွဲခြင်းတို့၌ အရေးပါသော အခန်းကဏ္ဍ တစ်ခုအနေဖြင့် ထမ်းဆောင်ခဲ့သည်။[၁][၂]
တည်ထောင်မှုနှင့် ရည်ရွယ်ချက်
[ပြင်ဆင်ရန်]တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို ၂၀၁၁ ခုနှစ်နောက်ပိုင်းတွင် တပ်မတော်၏ ပြည်သူ့ဆက်ဆံရေး မဟာဗျူဟာကို ခေတ်နှင့်အညီဖြစ်စေရန် ကြိုးပမ်းမှုအနေဖြင့် တည်ထောင်ခဲ့ သည်။ ဤအဖွဲ့၏ အဓိက ရည်ရွယ်ချက်မှာ စစ်ရေးဆိုင်ရာ အကြောင်းအရာများကို တိကျ မှန်ကန်သော သတင်းအချက်အလက်များဖြင့် အချိန်နှင့်တပြေးညီ ထုတ်ပြန်ခြင်း၊ သတင်းမှားများကို ဖြေရှင်းခြင်းနှင့် နိုင်ငံရေးနှင့် လုံခြုံရေး အဖြစ်အပျက်များအပေါ် တပ်မတော်၏ ရပ်တည်ချက်များကို ထုတ်ပြန်ရန်ဖြစ်သည်။[၃][၄]
ခေါင်းဆောင်မှု
[ပြင်ဆင်ရန်]ဤအဖွဲ့ကို တပ်မတော်မှ ဗိုလ်ချုပ် စိုးနိုင်ဦး က ဥက္ကဋ္ဌ အဖြစ် ဦးဆောင်ပြီး၊[၅] ဒုတိယဥက္ကဋ္ဌ အဖြစ် ဗိုလ်ချုပ် ထွန်းထွန်းညီ[၆] ၊အတွင်းရေးမှူးအဖြစ် ဗိုလ်ချုပ် ဇော်မင်းထွန်း တို့မှ အဓိက ဦးဆောင်ခဲ့သည်။နောက်ပိုင်းတွင် ဗိုလ်ချုပ်ဇော်မင်းထွန်း သည် တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ အဖြစ်သာမက၊ ပြန်ကြားရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။[၇][၈][၉]
လှုပ်ရှားမှုများ
[ပြင်ဆင်ရန်]
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့သည် သတင်းစာရှင်းလင်းပွဲများကို ပုံမှန်ကျင်းပခြင်း၊ တရားဝင် ထုတ်ပြန်ကြေညာချက်များ ထုတ်ပြန်ခြင်းနှင့် ရုပ်/သံ မေးမြန်းမှုများတွင် ပါဝင်ခြင်းတို့မှတဆင့် အမျိုးသား လုံခြုံရေးမှစ၍ နိုင်ငံတကာ ဝေဖန်မှုများအထိ အကြောင်းအရာများကို ဖြေရှင်းခဲ့သည်။ ဤအဖွဲ့သည် တပ်မတော် နှင့် ပြည်သူအကြား ဆက်သွယ်မှုအတွက် အဓိက ချန်နယ်အဖြစ် လုပ်ဆောင်ခဲ့သည်။[၁၀][၁၁][၁၂]
ဖေ့စ်ဘွတ်ခ် ပိတ်ပင်မှု
[ပြင်ဆင်ရန်]၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် Facebook သည် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ တရားဝင် စာမျက်နှာကို ၎င်းတို့၏ မူဝါဒများကို မကြာခဏ ချိုးဖောက်မှုများ၊ အထူးသဖြင့် အကြမ်းဖက်မှု လှုံ့ဆော်ခြင်းနှင့် သတင်းမှားများဖြန့်ဝေခြင်း စသည့် အကြောင်းပြချက်များဖြင့် ဖယ်ရှားခဲ့သည်။[၁၃][၁၄][၁၅]
ပျောက်ကွယ်မှု
[ပြင်ဆင်ရန်]၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းခြင်းအပြီး၊ အဖွဲ့သည် လုပ်ငန်းများကို ရပ်ဆိုင်းလိုက်ပြီး ၎င်း၏ လုပ်ဆောင်မှုများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အချက်အလက် လှုပ်ရှားမှုများထဲသို့ ထည့်သွင်းခဲ့သည်။ ထို့ကြောင့် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့သည် ထိုအချိန်မှစ၍ သီးခြားအဖွဲ့အဖြစ် လည်ပတ်ခြင်း မရှိတော့ပေ။[၁၆][၁၇][၁၈]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Tatmadaw True News Information Team meets media at press conference (25 October 2020)။
- ↑ Domino၊ Jenny (2021-05-11)။ Beyond the Coup in Myanmar: The Other De-Platforming We Should Have Been Talking About (in en-US)။ 2025-04-06 တွင် ပြန်စစ်ပြီး။
- ↑ "Incitement Of Violence": Facebook Takes Down Myanmar Military's Page (in en)။ 2025-04-06 တွင် ပြန်စစ်ပြီး။
- ↑ Irrawaddy၊ The (2022-06-14)။ The army officer from Anyar – Zaw Min Tun, who graduated with the 37th intake of the Defense Services Academy, was a friend of U Zaw Htay, who served as spokesperson for Myanmar’s ousted National League for Democracy (NLD) government. U Zaw Htay died last month.။ 2025-04-06 တွင် ပြန်စစ်ပြီး။
- ↑ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ် စိုးနိုင်ဦး အငြိမ်းစားယူ။ DVB Burmese (၂၆ အောက်တိုဘာ ၂၀၁၉)။ ၁၀ ဧပြီ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ တပ်မတော်၏ပြောဆိုချက်များသည် မီဒီယာများ လုပ်စားရန် မဟုတ်ဟု ဗိုလ်ချုပ် ထွန်းထွန်းညီ ပြော။ The Irrawaddy (၂၃ ဇွန်် ၂၀၂၅)။ ၁၀ ဧပြီ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ Press Statement of Tatmadaw True News Information Team about allegations regarding villages in Maungdaw area။ 2025-04-06 တွင် ပြန်စစ်ပြီး။
- ↑ Tatmadaw True News Information Team holds press conference | CINCDS Myanmar (in en)။ 30 October 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-04-06 တွင် ပြန်စစ်ပြီး။
- ↑ FACEBOOK DISCRIMINATION?: Tatmadaw resurfaced after two years of absence from social media (in en)။ 2025-04-06 တွင် ပြန်စစ်ပြီး။
- ↑ Brigadier-General Zaw Min Tun is the Press Team Leader of the State Administrative Council and the Deputy Minister for Information. He was the former Head of the Tatmadaw’s True News Information Team. (in en) (26 March 2025)။ 2025-04-06 တွင် ပြန်စစ်ပြီး။
- ↑ AA၊ ULA / (2020-07-18)။ Clarification of the instances on the news released by Tatmadaw True News Information Team on16 July (in en)။ 2025-04-06 တွင် ပြန်စစ်ပြီး။
- ↑ Zaw၊ Htet Naing (2020-06-09)။ Myanmar’s Military Returns to Facebook to Provide ‘Accurate’ News (in en-US)။ 2025-04-06 တွင် ပြန်စစ်ပြီး။
- ↑ An Update on Myanmar (21 February 2021)။ 31 March 2025 တွင် ပြန်စစ်ပြီး။
- ↑ "Facebook takes down main page of Myanmar military"၊ Reuters၊ 21 February 2021။
- ↑ CISOMAG (2021-02-25)။ Facebook bans Myanmar Military Accounts (in en-US)။ 2025-04-06 တွင် ပြန်စစ်ပြီး။
- ↑ Brigadier-General Zaw Min Tun is the Press Team Leader of the State Administrative Council and the Deputy Minister for Information. He was the former Head of the Tatmadaw’s True News Information Team. (in en) (26 March 2025)။ 2025-04-06 တွင် ပြန်စစ်ပြီး။
- ↑ AA၊ ULA / (2020-07-18)။ Clarification of the instances on the news released by Tatmadaw True News Information Team on16 July (in en)။ 2025-04-06 တွင် ပြန်စစ်ပြီး။
- ↑ Zaw၊ Htet Naing (2020-06-09)။ Myanmar’s Military Returns to Facebook to Provide ‘Accurate’ News (in en-US)။ 2025-04-06 တွင် ပြန်စစ်ပြီး။