တောင်မဲအုပ် (လက်ပံခါး)
တောင်မဲအုပ် | |
---|---|
![]() | |
en:Alstonia scholaris, habit (above), details (below) | |
![]() | |
မျိုးရိုးခွဲခြားခြင်း ![]() | |
လောက: | Plantae |
Clade: | Angiosperms |
Clade: | Eudicots |
Clade: | Asterids |
မျိုးစဉ်: | Gentianales |
မျိုးရင်း: | Apocynaceae |
မျိုးရင်းသေး: | Rauvolfioideae |
မျိုးဇာတ်: | Alstonieae |
မျိုးစု: | Alstonia R.Br. |
အမျိုးအစား မျိုးစိတ် | |
en:Alstonia scholaris | |
Synonyms[၁] | |
|
ပုံသဏ္ဌာန် : အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အခေါက် ၊ အရွက် ၊ အစေး။
မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ
[ပြင်ဆင်ရန်]သဘာ၀ အလျောက် ပေါက်ရောက် သည်။
အသုံးဝင်ပုံ : အာနိသင်
[ပြင်ဆင်ရန်]မြန်မာဆေးကျမ်းများ အလိုအရ တောင်မဲ အုပ် (လက်ပံခါး) ပင်သည် ပူ၍ ခါးသော အရသာ ရှိ၏ ။ အကြော လေသွား လေလာ ကောင်း စေသည်။ ၀ဖြိုး စေ၏ ။ နှလုံး ရောဂါ ၊ အခေါက် သည် ခွန်အား နည်းသော ရောဂါ ၊ အဖျား ရောဂါ ၊ အစာအိမ် ရောဂါ တို့ကို ပျောက်ကင်း စေနိုင်၏ ။ အစေးသည် အနာနှင့် အကိုက် အခဲ များကို ပျောက်စေ နိုင်သည်။
အသုံးပြုပုံ
[ပြင်ဆင်ရန်]အခေါက်
[ပြင်ဆင်ရန်]၁။ အခေါက် ကို အဖျား ဖြတ်ဆေး ၊ လေငန် ဆေး၊ ဝမ်းကိုက် ပျောက်ဆေး အဖြစ် ဖော်စပ် သုံး၏ ။ အဖျား ဖြတ်ဆေး အဖြစ် သုံးရာ၌ ကွီနိုင် ကဲ့သို့ ပင် သုံးနိုင် ၏ ။
၂။ အနာ စိမ်း ၊ သွေးစုနာ၊ အနာ ပေါက် များ အတွက် အခေါက် ကို သွေးလိမ်း ပါက နုလျှင် ပိန်၍ ရင့်လျှင် ပြည်ပေါက် စေ၏ ။
၃။ အမြစ် ခေါက်ကို ကျို၍ အိပ်မွေ့ သီးမှုန့် နှင့် သင့်ရုံ ရောသောက် သော် ဝမ်းတွင်း ရှိ တုတ်များ သန်ကောင် များ ကျ၏။
၄။ အခေါက် ကို သုံးခွက် တစ်ခွက် တင် ကျိုသောက် သော် အဆုတ် ရောဂါ ၊ အစာ အိမ် အချဉ်ပေါက် ၊ အနာပေါက် ရောဂါ ၊ လေငန်း ဖြစ်စ ရောဂါ ၊ အကြောဆွဲ ရောဂါ၊ နှလုံး ရောဂါ၊ ပန်းနာ ၊ အဖျား ၊ လေထိုး ၊ လေအောင့် ရောဂါများ ပျောက်၏ ။
၅။ မီးဖွား ပြီး ပထမ နေ့၌ အခေါက် မှုန့်ကို ချင်းနှင့် ရောစပ် သောက်သော် မီးနေသည် များ နို့ထွက် များ၍ သွေးသား စင်ကြယ် စေသည်။
အရွက်
[ပြင်ဆင်ရန်]၁။ တောင်မရိုး ရွက်နု များကို နွမ်းလာအောင် မီးကင် ၍ ကြိတ်ပြီး အနာဟောင်း ၊ အနာဆွေး များနှင့် အနာ မကျက် နိုင်ဘဲ သွေးပြည် ယို၍ အနံ့ ဆိုးထွက် နေသော အနာ များကို လိမ်းပေးက မကြာမီ ပျောက်ကင်း စေနိုင်၏။
အစေး
[ပြင်ဆင်ရန်]၁။ အစေးကို အနာ များတွင် သုတ်လိမ်း ပေးပါက အနာ အသားနု တက်၍ လျင်မြန်စွာ ပျောက်ကင်း၏။
၂။ အစေးကို နှမ်းဆီနှင့် ရော၍ နားကြပ် ပေးသော် နားကိုက်နာ ပျောက်၏ ။ [၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ World Checklist of Selected Plant Families။ May 21, 2014 တွင် ပြန်စစ်ပြီး။
- ↑ http://arogyamonline.com/commodity/materials/?raw=46[လင့်ခ်သေ]