မာတိကာသို့ ခုန်သွားရန်

ထားထက်ထက်

ဝီကီပီးဒီးယား မှ
ထားထက်ထက်
မွေးဖွားထားထက်ထက်
(1989-12-19) ၁၉ ဒီဇင်ဘာ၊ ၁၉၈၉ (အသက် ၃၅)
ကလေးမြို့၊ မြန်မာ
အလုပ်အကိုင်အလှမယ်
ဘွဲ့Miss Grand Myanmar ၂၀၁၃
မိဘများ
  • ဒေါက်တာကျော်မိုး (ဖခင်)
  • ဒေါ်တင်တင်ဆွေ (မိခင်)

ထားထက်ထက်သည် ၂၀၁၃ ခုနှစ် ထိုင်းနိုင်ငံ၌ ကျင်းပသော Miss Grand International အလှမယ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာမင်းသမီးတစ်ဦးဖြစ်သည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသည့် Miss Grand International 2013 အလှမယ်ပြိုင်ပွဲတွင် Miss Popular Award ကို ရရှိခဲ့သည်။[][][][][]

ငယ်ဘ၀နှင့် ပညာရေး

[ပြင်ဆင်ရန်]

ထားထက်ထက်ကို ၁၉၈၉ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ကလေးမြို့၌ မွေးဖွားခဲ့သည်။ မွေးချင်းလေးယောက်တွင် အငယ်ဆုံးဖြစ်သည်။[]

အလှမယ်လောက

[ပြင်ဆင်ရန်]

ထိုင်းနိုင်ငံ၌ကျင်းပသော Miss Grand International 2013 မှာ မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့သည်။ ပြိုင်ပွဲဝင် အယောက် ၈၀ ယှဉ်ပြိုင်ခဲ့ရာ ထိပ်ဆုံး ၂၀ စာရင်းဝင်ခဲ့ပြီး Miss Popular ဆုကိုလည်း ရရှိခဲ့သည်။[]

အသက်မွေးဝမ်းကြောင်း

[ပြင်ဆင်ရန်]

ထားထက်ထက်သည် Miss Grand International 2013 တွင် ပါဝင်ယှဉ်ပြိုင်ပြီးနောက် ၂၀၁၄ ခုနှစ်တွင် သရုပ်ဆောင်လောကကို စတင်ဝင်ရောက်ခဲ့သည်။သူမ၏ ပွဲဦးထွက်သည် မြန်မာရုပ်ရှင် လူကြမ်းတစ်ယောက်ရဲ့ ဒိုင်ယာရီတွင် လူမင်း နှင့် ယုန်လေး တို့ နှင့်အတူ အဓိကနေရာမှ ပါဝင်ခဲ့သည်။ သားညီ မှ ဒါရိုက်တာအဖြစ်ရိုက်ကူးထားပြီး ၂၀၁၈ ခုနှစ် ဩဂုတ်လ ၁၇ ရက်နေ့တွင် မြန်မာရုပ်ရှင်ရုံများတွင် ရုံတင်ပြသခဲ့သည်။[][] သို့သော်လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းမှု ကြောင့် ရန်ကုန်မှ ထွက်ပြေးလာကာ ၂၀၂၁ ခုနှစ် ဧပြီလနှောင်းပိုင်းတွင် စစ်သင်တန်းများ စတင်ရန် ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့(KNDO) တို့ ပူးပေါင်း၍ စစ်ရေးလေ့ကျင့်မှု စတင်ခဲ့သည်။[][၁၀] နောက်ပိုင်းတွင် မြန်မာနိုင်ငံ နယ်စပ်ဒေသရှိ တိုင်းရင်းသား လက်နက်ကိုင်များ နှင့် ပူးပေါင်းကာ တိုင်းပြည်၏ စစ်ခေါင်းဆောင်များကို လက်နက်ကိုင် တိုက်ခိုက်ခဲ့သည်။[၁၁][][၁၂]

ပါဝင်ခဲ့သည့် ဇာတ်ကားများ

[ပြင်ဆင်ရန်]
  • လူကြမ်းတစ်ယောက်ရဲ့ ဒိုင်ယာရီ (၂၀၁၈)[]
  • Special Force[]
  • ၂၅%[]
  • အယူတော်မင်္ဂလာ[]


ကိုးကား

[ပြင်ဆင်ရန်]
  1. Miss Gand International 2013 ထားထက်ထက်နှင့် အင်တာဗျူး (24 August 2015)။
  2. ၂.၀ ၂.၁ မြန်မာ့လက်ရွေးစင် ကျွမ်းဘားမယ်နှင့် မြန်မာကိုယ်စားပြုအလှမယ် သရုပ်ဆောင် ထားထက်ထက်၏ ငယ်ဘဝဖြတ်သန်းရာ။ Eleven Media Group။
  3. Interview: Please do not Recognize This Regime။ RFA။
  4. Former Myanmar Beauty Queen Joins Ethnic Rebels Against The Junta။ Latin Times (13 May 2021)။
  5. Myanmar beauty queen takes up arms against junta။ Straits Times (12 May 2021)။
  6. Burmese Beauty Queen Wins 'Miss Popular' Award (20 November 2013)။
  7. "လူမင်း၊ ယုန်လေး၊ ထားထက်ထက်တို့ ပါဝင်သည့် လူကြမ်းတယောက်ရဲ့ဒိုင်ယာရီ ရုပ်ရှင် (နမူနာ)" (in my)၊ Burmese DVB။ 
  8. ၈.၀ ၈.၁ ၈.၂ ၈.၃ ၈.၄ "မကြာခင် ရုံတင်မယ့် ရုပ်ရှင်ကားအတွက် စိတ်လှုပ်ရှားနေရသူ အလှမယ် ထားထက်ထက်" (in my)၊ Burmese Irrawaddy။ 
  9. ၉.၀ ၉.၁ Burmese beauty queen turns rebel, vows to bring down Myanmar military junta or die fightingThe Northeast Today (13 May 2021)။ 13 May 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 October 2021 တွင် ပြန်စစ်ပြီး။
  10. Amlan Home Chowdhury (2 June 2021)။ Young Women and Men from Myanmar Cities Head to the JungleThe Citizen။ 2 June 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 October 2021 တွင် ပြန်စစ်ပြီး။
  11. "Myanmar rebels teach coup protesters how to make war"၊ Bangkok Post၊ 4 June 2021။ 18 October 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 18 October 2021။ 
  12. Rebecca Ratcliffe (1 June 2021)။ Rise of armed civilian groups in Myanmar fuels fears of full-scale civil warThe Guardian။ 24 September 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 October 2021 တွင် ပြန်စစ်ပြီး။