ထုံးအိုင်ရွာ၊ ဘားအံမြို့နယ်
DISPLAYTITLE
ထုံးအိုင်ရွာစံပြကျေးရွာ (အင်္ဂလိပ်: Htone_aing ) သည် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် တည်ရှိသည့် စံပြကျေးရွာဖြစ်သည်။
ထုံးအိုင်စံပြကျေးရွာ | |
---|---|
စံပြကျေးရွာ | |
ထုံးအိုင်စံပြကျေးရွာ | |
![]() | |
Lua error in မော်ဂျူး:Location_map at line 522: တည်နေရာပြမြေပုံ သတ်မှတ်ချက်အား မတွေ့ရှိပါ: "Module:Location map/data/Myanmar, longd" သည် မတည်ရှိနေပါ.မြန်မာနိုင်ငံတွင်း တည်နေရာ | |
ကိုဩဒိနိတ်: 16°43′13″N 97°36′00″E / 16.72019°N 97.599907°Eကိုဩဒိနိတ်: 16°43′13″N 97°36′00″E / 16.72019°N 97.599907°E | |
နိုင်ငံ | ![]() |
ပြည်နယ် | ကရင်ပြည်နယ် |
ခရိုင် | ဘားအံခရိုင် |
မြို့နယ် | ဘားအံမြို့နယ် |
ကျေးရွာအုပ်စု | ထုံးအိုင်စံပြကျေးရွာ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
ထုံးအိုင်ရွာသည် မွန်လူမျိုးများဆုံး နေထိုင်ကြသော ကျေးရွာတစ်ရွာဖြစ်သည်။ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်များရှိ မွန်ရွာများတွင် အကြီးဆုံးသော မွန်ရွာကြီးတစ်ရွာဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ထုံးအိုင်ကျေးရွာအုပ်စုတွင် အိမ်ခြေပေါင်း ၁၈၄၅ အိမ် ရှိကာ၊ လူဦးရေစုစုပေါင်း ၈၃၅၇ ဦး နေထိုင်သည်။ ထုံးအိုင်စံပြကျေးရွာတွင် ထုံးအိုင်ကိုယ်ပိုင်ဈေး ရှိသည်။ အစိုးရပိုင် တိုက်နယ်ဆေးရုံသည် ကုတင် ၁၆ လုံး ဆန့်သည်။ထုံးအိုင်ရွာသည်မွန်စစ်သူကြီး တလပန်း၏ကြင်ယာတော် မိထောအွန်း ကိုအစွဲပြု၍ ထောအွန်း မှ ထုံးအိုင် သုံပြောင်းလဲသုံးနှုန်းလာကြခြင်းဖြစ်သည်။
ဝန်းကျင်ကျေးရွာများ
[ပြင်ဆင်ရန်]ထုံးအိုင်ကျေးရွာသည် ပတ်ဝန်းကျင် ( ၄ ) မျက်နှာအရပ်၌ အရှေ့ဘက်တွင် နောင်ထလုံးကျေးရွာ၊ ကော့သံခါကျေးရွာ၊ နောင်ဘိုကျေးရွာ၊ အနောက်ဘက်၌ သံလွင်မြစ်ကိုကျော်၍ နတ်မှော်ရွာ၊ မကျီးကျွန်းရွာ၊ ရေကျော်ရွာ၊ ဝဲကြီးရွာ၊ တောင်ဘက်တွင် ဒေါက်ဒဲကျွန်း၊ ကော့ရခိုင်ကျွန်း၊ မိန်းမလှကျွန်းရွာ၊ ဖာအွန်ရွာ ရှိပြီး မြောက်ဘက်၌ ဝင်းကျန်ရွာ၊ ဖာလင်ရွာ၊ ကမ်းနားဖာလင်ရွာနှင့် ၆ မိုင်ကွာ ကော့လှိုက်ကျေးရွာတည်ရှိသည်။
ထုံးအိုင်ရွာဖြစ်ပေါ်လာပုံ( ၁ )
[ပြင်ဆင်ရန်]AD 1756-57 ခုနှစ်တွင် မွန်တို့၏ နေပြည်တော်ဖြစ်သော ပဲခူးမြို့ကို ဦးအောင်ဇေယျမှတိုက်ခိုက်ခဲ့သည်။ မြို့မှာခိုင်လုံသဖြင့် အဝေးမှပင် ရံ၍နေရင်း မွန်တို့သည် မြို့တွင်းမှ အပြင်းအထန် ခုခံကြသည်။ လက်နက်ချမည့်အကြောင်းနှင့် မိမိအား ဘုရင်ခံအဖြစ် ထားရှိရန်အကြောင်းတို့ကို ရဟန်းတော်တို့မှ တစ်ဆင့် ကမ်းလှမ်းလာသည်။ ဤသို့အညံ့ခံသည်ကို ဘုရင့်သမီးတော်နှင့် ရည်ငံနေသော စစ်သူကြီးဒလဘန်း အမှူးရှိသော တပ်မှူးများ,မင်းညီမင်းသားများ, မှူးမတ်များက မကျေနပ်သဖြင့် ဘုရင်အား နန်းချပြီးလျှင် ဆက်လက်ခုခံကြပြန်သည်။ မခံနိုင်သည့်အဆုံး စစ်သူကြီးဒလဘန်းသည် မိမိ၏ကြင်ယာတော်နှင့်အတူ ရံလျှက်ရှိသော ဗမာတပ်များကို စွန့်စားဖောက်ထွက်၍ စစ်တောင်းဘက်သို့ ဆုတ်ခွာသွားသည်။ နောက်ဆုံး၌အလောင်းဘုရားသည် ပဲခူးမြို့ကို သိမ်းပိုက်ကာ မွန်နေပြည်တော်အဖြစ်မှ ရပ်စဲကျရှုံးစေတော့သည်။ ဤကားပဲခူးမြို့ပျက်စီးခြင်းပင် ဖြစ်သည်။ ( မြန်မာနိုင်ငံသမိုင်းစာမျက်နှာ ၂၂၆ ဗိုလ်မှူးဘရှင် မှကူးယူဖော်ပြသည်) မွန်စစ်သူကြီးဒလဘန်း ကြင်ယာတော်နှင့် ရဲမက်စစ်သည်များသည် စစ်တောင်းမှ တဆင့် ကျိုက်ထို သထုံ ၎င်းမှတဆင့် အရှေ့တောင်ဘက် သထုံမြို့နယ် ဒုံသမိချောင်းကမ်းပါး တောကောင်းသည့်နေရာတွင် တပ်တည်ကာနေလေသည်။ မိမိ၏ကြင်ယာတော်နှင့်ဆွေမျိုးတို့ ဘေးရန်ကင်းလွတ်နိုင် ရန်အတွက်ဖြစ်သည်။ ၎င်းနေရာ၏ အရှေ့ဘက် သံလွင်မြစ်ကို ကျော်ဖြတ်ကာ သံလွင်မြစ်၏ အရှေ့ဘက်ကမ်းနဖူးနေရာတွင် နေထိုင်စေပြီး ထိုနေရာတွင် ကျေးရွာထူထောင်ရာ စစ်သူကြီးဒလဘန်းနှင့်ကြင်ယာတော်မိထောအွန်းကို အစွဲပြု၍ မိထောအွန်းမှ တဆင့် ကာလဒေသကြာမြင့်သောအခါ ယခုအခါ ထုံးအိုင်ရွာဟု အမည်တွင်လေ၏ စစ်သူကြီးဒလဘန်းသည် မိမိတပ်တည်ထားသည့် နေရာသို့ပြန်လာပြီးနေထိုင်လေ၏ ထို့နောက် မိမိ၏ အင်အားကို စုစည်းပြီး ဦးအောင်ဇေယျအား ပြန်လည်တိုက်ခိုက်ရန် စီစဉ်သည်။ ဦးအောင်ဇေယျသည် မုတ္တမမြို့တွင် အုပ်ချုပ်ရန်မြို့ စားနယ်စားများကိုခန့်အပ်လိုက်သည်။ စစ်သူကြီး ဒလဘန်းသည် ရန်သူရှိရာ တပ်စခန်းသို့ မကြာခဏ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။ ထို့နောက် ဦးအောင်ဇေယျသည် ယိုးဒယားနိုင်ငံ အယုဒ္ဓယမြို့ကို သွားရောက်တိုက်ခိုက်စဉ် လမ်းခရီး၌ ဖျားနာ၍ ပေါင်မြို့နယ် ဒုံသမိချောင်း ကမ်းနား ကင်းရွာတွင် နတ်ရွာစံပြီး ဦးအောင်ဇေယျ၏ အလောင်းကို မီးသင်္ဂြ ိုလ်၍ အရိုးပြာကို ရွှေဘိုမြို့သို့သယ်ဆောင်သွား၏ စစ်သူကြီးဒလဘန်း၏ ကြင်ယာတော်မိထောအွန်းနှင့်အပေါင်းအဖေါ်တို့က ယခုခေါ်ဝေါ်သည့် ထုံးအိုင်အထက်ပိုင်းတွင် ရွာတည်ပြီး နေထိုင်ကြသည်။ ဒလဘန်း၏ ကြင်ယာတော်မိထောအွန်းသည် ထိုရွာ၌ ဘုရားစေတီ ၄ ဆူတည်သည်ဟု အဆိုရှိပါ၏ ထုံးအိုင်ရွာ ကို မွန်ဘာသာဖြင့် ကျိုက်ပွန် ( ဘုရားလေးဆူ ) ဒေသ-ရွာဟု အနီးပတ်ဝန်းကျင်ရှိ ပိုးကရင်ရွာများက ခေါ်ဝေါ်ကြ၏ စစ်သူကြီးဒလဘန်း၏ကြင်ယာတော်သည် အသက်အရွယ် ကြီးပြင်းလာသော အချိန်၌ ဗုဒ္ဓဘာသာတို့ ဓလေ့ထုံးတမ်းအစဉ်အလာအရ ဘုရားတည်ခြင်း ကျောင်းဆောက်ခြင်း သီလဆောက်တည်ခြင်း အလှူအတန်းပြုလုပ်လာခြင်းကြောင့် မိထောအွန်း အမည်တွင်လေ၏ မိထောအွန်းနာမည်လည်း ထိုရွာတွင်အမည်တွင်ခေါ်ဆိုလာပြီး နောင်တွင် ထုံးအိုင်ကျေးရွာ ဟု ခေါ်ဝေါ်၏။
ထုံးအိုင်ရွာဖြစ်ပေါ်လာပုံ( ၂ )
[ပြင်ဆင်ရန်]ထုံးအိုင်ရွာသည် မူလရွာဟောင်းပိုင်းမှ လူနေထူထပ်လာကာ တောင်ဘက်သို့တဖြေးဖြေး ရွာတည်လာရာ ၎င်းအရပ်ကို ထုံးအိုင်အောက်ပိုင်းရွာဟု အမည်တွင်လာ၏ အထက်ရွာမှ စ၍ စစ်အစိုးရလမ်းစဉ်ပါတီခေတ်တွင် ရွာသစ်ပိုင်း တောင်ဘက်မှ မြောက်ဘက်သို့ ရပ်ကွက် ၁ ၂ ၃ ၄ ၅ ရပ်ကွက်ဟူ၍ သတ်မှတ်ခဲ့ကြသည်။ ရွာ၏အလယ်တွင် နတ်စင်အဆောက်အဦး တည်ဆောက်ထား၏ ထုံးအိုင်ရွာတွင် ဘုန်းတော်ကြီးကျောင်း ( ၉ ) ကျောင်းတည်ရှိပြီး ရပ်ကွက် ( ၉ ) ရပ်ကွက်တည်ရှိသည်။ ( ၁ ) တိုက်ကျောင်း ( ၂ ) ကွင်းကျောင်း( ဘာဝါ ) ( ၃ ) ခြံကျောင်း ( ၄ ) မြန်မာစုကျောင်း ( ၅ ) တောရကျောင်း ( ၆ ) အလယ်ကျောင်း ( ၇ ) ကျောင်းသစ်ကျောင်း ( ထိုကျောင်းတွင်စာသင်သံဃာတော်များပရိယတ္တိစာပေသင်ကြားလျှက်ရှိသည် ) ( ၈ ) လေသာကျောင်း (ကူးဆိပ်ကျောင်း ) ( ၉ ) သာသနာ့ ဂုဏ်ရည်ကျောင်း ထုံးအိုင်ရွာ စတင်တည်ထောင်သောအချိန်တွင် ကမ်းနားက တိုက်ကျောင်းတစ်ကျောင်းသာ တည်ရှိပြီး ကျေးရွာနေလူထုများပြားလာ၍ ယခုကဲ့သို့ ဘုန်းကြီးကျောင်းများ တည်ဆောက်လာကြောင်းသိရသည်။ အမှတ် ( ၅ ) အလယ်ကျောင်း၀င်းတွင် ရှေးကျေးရွာ စတင်တည်ထောင်စဉ်က စ၍ ၀တ်ကျောင်းတစ်ဆောင် တည်ရှိရာ ၄င်းအဆောက်အဦးအတွင်းဘုရားဆင်းတုတော်များ တည်ရှိရာ ရှေးဟောင်းအဆောက်အဦးဖြစ်သည် ။ ထုံးအိုင်ကျေးရွာမှာ ကရင်ပြည်နယ် ဘားအံမြို့နယ် ( တောင်ပိုင်း ) သံလွင်မြစ်၏ အရှေ့ဘက် ကမ်းနဖူးပေါ်တွင် တည်ရှိသည် ။ ဘားအံမြို့နှင့် ၁၅ မိုင် - မော်လမြိုင်မြို့နှင့် ၁၅ မိုင်ကွာ တည်ရှိ၏ ဘားအံမှလည်းကောင်း မော်လမြိုင်မှလည်းကောင်း မော်တော်ကားလမ်းဖောက်လုပ်ဆက်သွယ်ထား၏ ရေလမ်းမှာမူ သံလွင်မြစ်ကိုအသုံးပြု၍ ယခင်နှစ် ၁၀၀ ကျော်မှစ၍ မော်လမြိုင်မှဘားအံသို့လည်းကောင်း ရွှေဂွန်းသို့လည်းကောင်း ခရီးမိုင်ပေါင်း ( ၈၀ ) ခန့်ရေလမ်းခရီးဖြင့် ၂ ထပ်သင်္ဘောများခုတ်မောင်းလျှက်ရှိရာ ထုံးအိုင်ရွာသည် အကြီးဆုံးသော သင်္ဘောဆိပ်ရွာကြီးဖြစ်ပြီး ခရီးသည်များစားသောက်သုံးစွဲဖွယ်ရာအထူးရောင်း၀ယ်ကောင်းမွန်သော ကျေးရွာကြီးတစ်ရွာဖြစ်ခဲ့သည်။ ( ယခုအခါ ရေလမ်းကိုအသုံးမပြုကြတော့ပေ ) ထုံးအိုင်ရွာသည် စစ်သူကြီးဒလဘန်းနှင့်ကြင်ယာတော်မိထောအွန်းမိသားစုအပါအ၀င် မှူးမတ်သေနာပတိနန်းတွင်းသူနန်းတွင်းသားများ စုပေါင်း၍ ထိုဒေသတွင် ရောက်ရှိလာပြီး ကျေးရွာတည်ထားခဲ့သည်ဖြစ်သည့်အတွက် ယနေ့ထုံးအိုင်ရွာတွင် မွေးဖွားလာသည့် မွန်လူမျိုးများသည် ၄င်းတို့၏ ဆွေမျိုးသားအဆက်အနွယ်များ ဖြစ်ကြကြောင်း သုံးသပ်ရပါသည်။