မာတိကာသို့ ခုန်သွားရန်

ကရင်ပြည်နယ်

ဝီကီပီးဒီးယား မှ
ကရင်ပြည်နယ်
ဖၠုံခါန်ႋကၞင့် ကညီကီၢ်စဲၣ်
ပြည်နယ်
ကရင်
ကရင်ပြည်နယ်၏ အလံတော်
အလံတော်
မြန်မာနိုင်ငံတွင်း တည်နေရာ
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 17°0′N 97°45′E / 17.000°N 97.750°E / 17.000; 97.750ကိုဩဒိနိတ်: 17°0′N 97°45′E / 17.000°N 97.750°E / 17.000; 97.750
နိုင်ငံ မြန်မာ
ဒေသအရှေ့တောင်
မြို့တော်ဘားအံမြို့
အကြီးဆုံးမြို့မြဝတီမြို့
ပြည်နယ်အဆင့် မသတ်မှတ်ခင်တနင်္သာရီတိုင်း၏ အစိတ်အပိုင်း
ပြည်နယ်အဆင့် သတ်မှတ်ခြင်း၁၉၄၈
အစိုးရ
 • ​ဝန်ကြီးချုပ်စောမြင့်ဦး
 • အစိုးရအဖွဲ့ကရင်ပြည်နယ် အစိုးရအဖွဲ့
 • ဥပဒေပြုလွှတ်တော်ကရင်ပြည်နယ် လွှတ်တော်
 • တရားလွှတ်တော်ကရင်ပြည်နယ် တရားလွှတ်တော်
ဧရိယာ
 • စုစုပေါင်း၃၀၃၈၂.၈ စတုရန်းကီလိုမီတာ (၁၁၇၃၀.၉ စတုရန်းမိုင်)
ဧရိယာအဆင့်
လူဦးရေ (၂၀၁၄ သန်းခေါင်စာရင်း)[]
 • စုစုပေါင်း၃,၅၇၄,၀၇၉
 • အဆင့်
 • သိပ်သည်းမှု၁၂၀/km (၃၀၀/sq mi)
Demonym(s)ကရင်
Demographics
 • လူမျိုးများကရင် (အများစု)၊ မွန်မွန်-ကရင်ပအိုဝ်းပဒေါင်ဗမာရှမ်း၊ ၊ ရခိုင်၊ မြန်မာ-ထိုင်း
 • ကိုးကွယ်မှုဗုဒ္ဓဘာသာ ၆၄.၅၀%
ခရစ်ယာန်ဘာသာ ၃၂.၅၀%
အစ္စလာမ်ဘာသာ ၄.၆၀%
ဟိန္ဒူဘာသာ ၀.၆၀%
animism ၀.၁၀%
အခြား ၀.၇၀%
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+06:30)
ဝက်ဘ်ဆိုဒ်kayinstate.gov.mm

ကရင်ပြည်နယ် သည် မြန်မာနိုင်ငံပြည်နယ် တစ်ခု ဖြစ်သည်။မြို့တော် မှာ ဘားအံမြို့ ဖြစ်သည်။

တည်နေရာနှင့် အကျယ်အဝန်း

[ပြင်ဆင်ရန်]

ကရင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အရှေ့တောင်ပိုင်းတွင်တည်ရှိပြီး မွန်ပြည်နယ်ပဲခူးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးကယားပြည်နယ်ရှမ်းပြည်နယ်ထိုင်းနိုင်ငံတို့နှင့် နယ်နမိတ်ချင်း ထိစပ်လျက်ရှိသည်။ မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၁၉ မိနစ် မှ ၁၉ ဒီဂရီ ၂၅ မိနစ် အတွင်း၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၁၀မိနစ် မှ ၉၈ ဒီဂရီ ၅၅ မိနစ် အတွင်း တည်ရှိသည်။ ဧရိယာစုစုပေါင်း ၁၁၇၃၀.၈၅၁ စတုရန်းမိုင် ကျယ်ဝန်းသည်။ အရှေ့မှ အနောက်သို့ ၇၀ မိုင်ရှိပြီး တောင်မှမြောက်သို့ ၃၂၆ မိုင် ရှည်လျားသည်။[]

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

ကရင်ပြည်နယ်ကို ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၁၈၀)၊ ပုဒ်မခွဲ (၁)အရ ဗြိတိသျှအစိုးရ လက်ထက်က သံလွင်ခရိုင်ရှိ ဖာပွန်၊ သထုံခရိုင်ရှိ ဘားအံနှင့် လှိုင်းဘွဲ၊ ကျိုက်ခမီခရိုင်ရှိ ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီး၊ တောင်ငူခရိုင်ရှိ သံတောင်မြို့နယ်များကို စုစည်းပြီး ကရင်ပြည်နယ်ဟု ပြင်ဆင်သတ် မှတ်ခဲ့သည်။ ၁၉၆၄ ခုနှစ် ဧပြီ ၃ ရက်နေ့တွင် တော်လှန်ရေးကောင်စီ၏ ကြေညာစာအမှတ် (၅၁)အရ ကရင်ပြည်နယ် အား ကော်သူးလေပြည်နယ်ဟု ပြင်ဆင်သတ်မှတ်ခဲ့သည်။[]

၁၉၆၅ ခုနှစ် အောက်တိုဘာ ၅ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန စာအမှတ်၊ (၆၁၈)ဖြင့် ကရင်ပြည်နယ်မှ ဘားအံခရိုင်ကို မြို့နယ် (၄)မြို့နယ်ဖြင့်လည်းကောင်း၊ အမိန့်ကြော်ငြာစာအမှတ်၊ (၆၉၇)ဖြင့် ကော့ကရိတ် ခရိုင်ကို မြို့နယ် (၃)မြို့နယ်ဖြင့်လည်းကောင်း ဖွဲ့စည်းခဲ့သည်။ ၁၉၇၂ ခုနှစ် ဩဂုတ်လ ၃ ရက်နေ့တွင် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၁၆၆)အရ ၁၉၇၂ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့မှစ၍ ခရိုင်၊ ခရိုင်ခွဲ၊ မြို့နယ်ခွဲများကို ပယ်ဖျက်ခဲ့သည်။ ထို့နောက် နိုင်ငံတော်ကောင်စီကာလတွင် (၁၉၄၇) ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၁၀)၊ ပုဒ်မခွဲ (က)ဖြင့် ကော်သူးလေပြည်နယ်ကို ကရင်ပြည်နယ်ဟု ပြန်လည်သတ်မှတ်ခဲ့သည်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့လက်ထက် ၁၉၉၂ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာဖြင့် ကော့ကရိတ်ခရိုင်ရှိ မြဝတီမြို့နယ်ကို ခရိုင်အဆင့်ဆင့် တိုးမြှင့်ဖွဲ့စည်းခဲ့သည်။[]

၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာဖြင့် ဘားအံခရိုင် လက်အောက်ရှိ ဖာပွန်မြို့နယ်ကို ခရိုင်အဖြစ်အဆင့်တိုးမြှင့် ဖွဲ့စည်းခဲ့သည်။ ၂၀၂၂ ခုနှစ် ဧပြီလ (၃၀) နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာဖြင့် ကြာအင်းဆိပ်ကြီးမြို့နယ် နှင့် သံတောင်ကြီးမြို့နယ်တို့ကို ခရိုင် အဖြစ်တိုးချဲ့ဖွဲ့စည်းခဲ့သည်။ ကရင်ပြည်နယ်တွင် လက်ရှိ ခရိုင် ၆ ခရိုင်၊ မြို့နယ် ၇ မြို့နယ်၊ မြို့ ၁၈ မြို့၊ ရပ်ကွက် ၈၄ ရပ်ကွက်၊ ကျေးရွာအုပ်စု ၃၇၆ အုပ်စုနှင့် ကျေးရွာ ၂၀၆၃ ရွာ ပါဝင်ဖွဲ့စည်းထားရှိသည်။[]

ပထဝီဝင်အ​နေအထား

[ပြင်ဆင်ရန်]

​မြေမျက်နှာသွင်ပြင်

[ပြင်ဆင်ရန်]

ကရင်ပြည်နယ်သည် တောင်ကုန်းတောင်တန်း ပေါများပြီး သစ်တောများ ဖုံးလွှမ်းနေသဖြင့် မြေပြန့်လွင်ပြင်နည်းပါးသည်။ ဘားအံမြို့နယ်တွင်မူ ဇွဲကပင်စသော တောင်တန်းများတည်ရှိရာ ဒေသမှတပါး ကျန်ရှိသော မြေမျက်နှာပြင်များသည် အများအားဖြင့် ညီညာပြန့်ပြူး၍ မြစ်ချောင်းများ စီးဆင်းရာဒေသ ဖြစ်သည်။[]

ကရင်ပြည်နယ်တွင် မြစ်ချောင်းများပေါများပြီး မြစ်ချောင်းများသည် မြောက်မှ တောင်သို့ စီးဆင်း လျက်ရှိသည်။ ထင်ရှားသောမြစ်မှာ သောင်ရင်းမြစ်ဖြစ်ပြီး မြဝတီအနီးမှဖြတ်၍ တောင်မှ မြောက်သို့ စီးဆင်းသည်။ ဒေသတွင်းရှိ ဂျိုင်းမြစ်မှ ထူးခြားစွာ အရှေ့မှ အနောက်သို့ စီးဆင်း၍ သံလွင်မြစ်သို့ စီးဝင်သည်။[]

ကရင်ပြည်နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ပျှမ်းမျှ အမြင့်ပေ ၅၆ ပေကျော်မှ ပေ ၃၇၁၇ ပေ အထက်တွင် တည်ရှိသည်။ အမြင့်ဆုံးတောင်မှာ နတ်တောင်ဖြစ်၍ ပင်လယ်ရေမျက်နှာပြင် အထက် ၃၇၁၇ ကျော် အမြင့်ပေဖြစ်၍ ကရင်ပြည်နယ်၏ အနိမ့်ဆုံး အရပ်ဒေသမှာ ဘားအံမြို့နယ်ဖြစ်သည်။[]

ရာသီဥတု

[ပြင်ဆင်ရန်]

ပူပြင်းစိုစွတ်သည့် ရာသီဥတုမျိုးရှိသည်။ အပူဆုံးလများ၏ ပျှမ်းမျှ အပူချိန်မှာ ၇၁.၉ ဒီဂရီဖာရင်ဟိုက်ရှိသည်။ မိုးရေချိန်မှာ ပျှမ်းမျှအားဖြင့် ၁၂၀လက်မဖြစ်သော်လည်း အမြင့်ဆုံးမိုးရေချိန်မှာ ၁၉၀လက်မထိရှိသည်။

အုပ်ချုပ်ရေး

[ပြင်ဆင်ရန်]

မြို့တော်

[ပြင်ဆင်ရန်]

ကရင်ပြည်နယ်၏ မြို့တော်မှာ ဘားအံမြို့ဖြစ်သည်။

အုပ်ချုပ်ရေး

[ပြင်ဆင်ရန်]

၂၀၁၁ခုနှစ်မှစတင်၍ ဝန်ကြီးချုပ်အမှူးပြုသော ပြည်နယ်အစိုးရအဖွဲ့မှ အုပ်ချုပ်သည်။ ဝန်ကြီးချုပ်ရုံးသည် ဘားအံမြို့တွင် ရုံးစိုက်သည်။၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှုအပြီးတွင် ကရင်ပြည်နယ်စီမံအုပ်ချုပ်​ရေး​ကောင်စီမှ အုပ်ချုပ်လျက်ရှိသည်။ ၂၀၂၁ ခုနှစ် ဩဂုတ်လတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ဟူ၍ အမည်ထပ်မံပြောင်းလဲလိုက်သည်။

ဥပဒေပြုရေး

[ပြင်ဆင်ရန်]
အခြားကြည့်ရန်။ ကရင်ပြည်နယ် လွှတ်တော်

၂၀၁၁ခုနှစ်မှစတင်ကာ ပြည်နယ်လွှတ်တော်ကို ရွေးကောက်ခံကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းကာ စတင်ကျင်းပခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်မှာ စ၍ ကရင်ပြည်နယ်၏ ဥပဒေပြုရေးအာဏာကို နစက မှ ထိန်းချုပ်လိုက်သည်။

တရားစီရင်ရေး

[ပြင်ဆင်ရန်]

ကရင်ပြည်နယ် တရားလွှတ်တော်ကို တရားသူကြီးချုပ် (၁)ဦး၊ တရားသူကြီး (၂)ဦးဖြင့် ဖွဲ့စည်းထားသည်။ ပြည်နယ်တရားလွှတ်တော်အောက်တွင် ခရိုင်တရားရုံး (၄)ရုံး၊ မြို့နယ်တရားရုံး (၇)ရုံးရှိသည်။

ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာ

[ပြင်ဆင်ရန်]

ခရိုင်များ

[ပြင်ဆင်ရန်]

ကရင်ပြည်နယ်တွင် ခရိုင်(၆)ခု ရှိသည်။

ကရင်ပြည်နယ်​မြေပုံ


ခရိုင်ရှိမြို့နယ်

[ပြင်ဆင်ရန်]
ဘားအံခရိုင် ဘားအံမြို့နယ် • လှိုင်းဘွဲ့မြို့နယ်
မြဝတီခရိုင် မြဝတီမြို့နယ်
ကော့ကရိတ်ခရိုင် ကော့ကရိတ်မြို့နယ်
ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်
ဖာပွန်ခရိုင် ဖာပွန်မြို့နယ်
သံတောင်ကြီးခရိုင် သံတောင်ကြီးမြို့နယ်

မြို့နယ်များရှိမြို့များ

[ပြင်ဆင်ရန်]
ကရင်ပြည်နယ်အတွင်းရှိ တရားဝင်တည်ဆဲ မြို့ပေါင်း(၁၈)မြို့၏ တည်နေရာများ


  ပြည်နယ်မြို့​တော်
  ခရိုင်+မြို့နယ် ရုံးစိုက်ရာမြို့
  မြို့နယ်ရုံးစိုက်ရာမြို့
  မြို့ရုံးစိုက်ရာမြို့

၂၀၂၁ခုနှစ်တွင် ကရင်ပြည်နယ်၌ မြို့နယ် (၇)မြို့နယ်၊ မြို့ (၁၈)မြို့၊ ရပ်ကွက်ပေါင်း (၈၆) ကွက်၊ကျေးရွာအုပ်စု (၃၇၆) အုပ်စုနှင့် ရွာပေါင်း (၂၀၉၇) ရွာ ရှိသည်။[]

ရွာများ

[ပြင်ဆင်ရန်]
  • ထီဖိုးကိန်
  • ကော့ပလိုင်ကျေးရွာ

နောင်ဘိုကြီး(ဏံင့်ၜိုဝ်)

  • ကတိုင်တိ
  • ကော့ဘိန်း(ကိုဝ်ဖိင်)
  • ကော့ပေါက်
  • ကော့ဂိုး
  • ကော့လ္လိူး
  • ကျွန်းချောင်း
  • ကျုံခဝန်
  • ကျောက်ညှပ်
  • အံဖကြီး
  • ခရား
  • ခလယ်
  • ချောင်းနှစ်ခွ
  • ဇာသပြင်
  • တံခွန်တိုင်
  • တောင်ကလေး
  • တောင်ဒီး
  • တောင်ဝိုင်း
  • ထိမံထို
  • ထီလုံ
  • ထုံးအိုင်ရွာ
  • ဒါးကွင်း
  • ဒေါ်လမ်း
  • နတ်တောင်
  • နဘူး
  • နောင်ကမြိုင်စံပြကျေးရွာ
  • နောင်လုံ
  • ပိုင်ကျုံ
  • ဖအိုးထ
  • ဖားပြ
  • ဘောဂလိကြီး
  • ဘီးစခတ်တောင်စွန်း(ပီဆ်ုခါတင်စံင်)
  • မဝိုင်း
  • မိကျောင်း
  • မက်သရော
  • မယ်ပလဲ
  • မြိုင်ကြီးငူ
  • မြိုင်ကလေး
  • ယင်းပိုင်
  • ယာဒို
  • ရေပူ
  • ရွှေဂွန်း
  • လဂွန်းပျို
  • ဝင်းက
  • ဝင်းကနား
  • သံလှယ်
  • အနန်းကွင်း
  • အိန္ဒု
  • ဒိုင်းပြ
  • လော့ခေါ်
  • ကော့ကဒါ
  • လွကဇိုင်း
  • ကော့ပနော့
  • တောင်ကလေး(၂)
  • အထက်ပိန္နဲတော
  • ကိုမောင်ရွာ
  • တောင်ကလေး
  • ယသဝေါ်
  • လှာကမြင်
  • မဲဘောင်
  • ပါယို
  • သာနှူံး
  • ကော်ထော်
  • မိဇံ
  • မိဇီ
  • ထားဝယ်အံ
  • ဈေးမသွယ်
  • တူနွဲး
  • နောင်ပလိန်
  • ခလောင်းနို့
  • ဒုံးရင်း
  • ကိုဝ်ခမိုင်
  • လိုင့်ကား
  • အိမ်ဒူ
  • နောင်ခလိုင်
  • နောင်ထလုံး
  • အံဖလေး
  • သုံးဆယ်သုံးဆူ
  • ဘော့ဒိုင်း
  • ကျိုက်သလိုက်
  • သရက်တော
  • အံကောင်
  • တရိတခေါင်း
  • သပြု
  • ကျွန်းတော
  • လောင်းကိုင်
  • ဖားကျ
  • သမိန်ဒွတ်
  • ကမိုင်ကုန်း
  • ရွာတန်းရှည်
  • ထီးဟူးသံ
  • မောကဲခီး
  • ဝတ်ကြီး
  • မိကရင်
  • မင်းဇီ
  • သိုက်တော
  • ဥဒေါင်း
  • မုက္ကဒိ
  • ကိုဝ်ဆင့်မိင်
  • ကိုဝဝ်ဖါထဝ့်
  • ကိုဝ်ကျီးကျိုဝ်
  • ကော့မြတ်ကြီးရွာ
  • အင်းနို့သိပ်ပံ‌ေကျးရွာ
  • ထော်ရွဲကျေးရွာ
  • တခွက်ဖိုးရွာ
  • လခရွာ
  • စိန်ဒါရွာ
  • ကဒီးခံရွာ
  • ကွမ်ဘီရွာ
  • မဲသိမ်ရွာ
  • တောင်ကြာအင်း
  • ကော့ရင်းအောက်
  • အင်းရှည်
  • လယ်သာကုန်း
  • ကမား
  • ရွှေဥဒေါင်း
  • စရိပ်ဖြူ
  • တကောပတိုင်
  • ထီလုံ
  • သပူထို
  • ကမ်းနား
  • နောင်သငဲ့
  • သမ္ဘာန်
  • ကျူံကော်
  • နောင်ကမြိုင်
  • ထီ့ဖိုးကလုံး
  • ကျောက်တောင်
  • စိန်မြရံ
  • စံဖရီး
  • ကွမ်တာကုန်း
  • ကျွန်းကြီးကုန်း
  • တညင်ကုန်း
  • ကော့ကဒါ
  • တာပေါင်
  • ပုတိမ်ကုန်း

လူဦး​ရေ

[ပြင်ဆင်ရန်]
သမိုင်းတစ်လျှောက် လူဦးရေများ
ခုနှစ်လူဦးရေ±%
၁၉၇၃ ၈၅၈၄၂၉—    
၁၉၈၃ ၁၀၅၅၃၅၉+22.9%
၂၀၁၄ ၃၅၇၄၀၇၉+238.7%
Source: ၂၀၁၄ သန်းခေါင်စာရင်း[]

၂၀၁၄ သန်းခေါင်စာရင်းအရ ကရင်ပြည်နယ်တွင် လူဦးရေ ၃.၅သန်း နေထိုင်ကြသည်။ ကရင်ပြည်နယ်တွင် မဦးရေသည် ကျားဦးရေထက် အနည်းငယ် ပိုများသည်။ လူဦးရေသိပ်သည်းဆမှာ တစ်စတုရန်းကီလိုမီတာတွင် ၅၁.၈ဦးဖြစ်သည်။

လူမျိုး

[ပြင်ဆင်ရန်]

ကရင်တိုင်းရင်းသား ဒေသခံလူမျိုးများမှာ အရှေ့ပိုးကရင်၊ စကောကရင်ပလေချီး (ပလေကီး)တလေပွာကရင် (တလှေပွာ)၊ ပကူးကရင်ဘွဲကရင်မောနေပွာကရင်ကရင်ဖြူ၊ အနောက်ပိုးကရင်၊ ထိုကလိဘောင်ကရင် တို့ ဖြစ်ကြသည်။[]

ဘာသာ​ရေး

[ပြင်ဆင်ရန်]

ကရင်ပြည်နယ်တွင် အများဆုံး ကိုးကွယ်သည့်ဘာသာများမှာ ဗုဒ္ဓဘာသာခရစ်ယာန်ဘာသာနှင့် အစ္စလာမ်ဘာသာတို့ ဖြစ်သည်။

ကရင်ပြည်နယ်ရှိ ကိုးကွယ်မှုများ (၂၀၁၅)[]

  ဗုဒ္ဓ (84.5%)
  ခရစ်ယာန် (9.5%)
  အစ္စလာမ် (4.6%)
  အခြား (0.7%)
  ဟိန္ဒူ (0.6%)
  ရိုးရာ (0.1%)

ကရင်အမျိုးသားများသည် ယုံကြည်ကိုးကွယ်မှုတွင် နတ်သည် အဓိကနေရာမှ ပါဝင်သည်။ ဘာသာရေးအယူဝါဒအနေနှင့် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ စသည်တို့ကို ယုံကြည်ကိုးကွယ်ကြသော်လည်း ရိုးရာနတ် အယူဝါဒကို စွဲမြဲယုံကြည်ကြသည်။ နတ်စားကရင် အမျိုးသားတို့က မြစ်၊ ချောင်း၊ တော၊ တောင်၊ သစ်ပင်၊ မုန်တိုင်း၊ မိုးကြိုး၊ နေ၊ လ စသော အရာများသည် မြင့်မြတ်ကြီးကျယ်သော တန်ခိုးတော် များကို ပိုင်ဆိုင်ကြပြီး တန်ခိုးရှိသော နတ်တို့၏ မှီခိုရာဖြစ်သည်ဟု ယူဆကြသည်။ ယင်းတို့က လူတို့၏ ပူဇော်ပသမှုကို နှစ်သက်ခံယူလိုကြသည် ဟူ၍လည်း ယုံကြည်ကြသည်။[]

ကရင်အမျိုးသားများ၌ ဘိုးဘွားအစဉ်အဆက်က ကိုးကွယ်လာခဲ့သော ရိုးရာနတ်များရှိသည်။ ယင်း တို့မှာ ဒူဝေရိုးရာနတ်၊ 'အောင်ခွဲ (အန်ဃှိုင်း)ခေါ် လိပ်ပြာနတ်စားရိုးရာ၊ အောင်စောကလို (အင်းဇို ကလပ်)ခေါ် ပန်းရိုးရာနတ်သို့မဟုတ် ဖူးဖာဒို (ဖူ့ဖာဒိုဝ်)ခေါ် ဘိုးဘိုးကြီးနတ်နှင့် ဒေသဆိုင်ရာနတ် ဟုခေါ်သော ရုက္ခစိုးနတ်စသည်တို့ဖြစ်ကြသည်။[]

ဘာသာစကား၊စာပေ

[ပြင်ဆင်ရန်]

ဘာသာစကားမှာ ကရင်စကား တစ်မျိုးတည်း သာရှိ၍ စကောကရင်ပိုးကရင်နှင့် တောင်ပေါ်ဒေသ ကရင်တို့သည် မျိုးရိုးစုအလိုက် အသံအလေးအပေါ့ အနည်းငယ်စီ ကွာခြားကြသည်။ မြန်မာအက္ခရာနှင့် ကရင်စာပေ ရှိသည်။ ၎င်းစာပေကို ပြန်လည်ထွန်းကားလာရန် မြှင့်တင်နေသည်။

ဝတ်စားဆင်ယင်မှု

[ပြင်ဆင်ရန်]
ကရင်အမျိုးသမီးများ

ကရင်လူမျိုးတို့သည် မိရိုးဖလာရိုးရာအဝတ်အစားကိုစွဲစွဲမြဲမြဲဝတ်ဆင်ခဲ့ကြသည်။ မျက်မှောက်အခါတွင်လည်း အချို့ဒေသတွင် နေ့စဉ်ဓူဝ ဝတ်ဆင်ကြသေးသည်ကိုလည်း တွေ့ရသည်။ မကြာသေးသော နှစ်ကာလအတွင်းက အနောက်ပိုးကရင်ဝတ်စုံများကဲ့သို့ သင်တိုင်းဝတ်စုံရှည် အဝတ်အစားကို ပွဲတော်ရက်များတွင် ဝတ်ဆင်လာကြသည်>

ပညာ​ရေး

[ပြင်ဆင်ရန်]

စီးပွား​ရေး

[ပြင်ဆင်ရန်]

ဒေသထွက်ကုန်များ

[ပြင်ဆင်ရန်]

ကရင်ပြည်နယ်သည်အများအားဖြင့်ရော်ဘာ၊ဆန်စပါး၊ ဒူးရင်းသီး၊ဖာလာ၊ကွမ်းသီး၊​ကော်ဖီ၊လက်ဖက်၊ပြောင်း ထွက်ရှိသည်။

ဖွံ့ဖြိုးမှု အချက်အလက်များ

[ပြင်ဆင်ရန်]

အောက်ပါတို့မှ မြန်မာနိုင်ငံတော်အစိုးရမှ တရားဝင်ကြေညာထားသော ကရင်ပြည်နယ် ဖွံ့ဖြိုးမှုဆိုင်ရာ ဇယားဖြစ်သည်။

စဉ် အကြောင်းအရာ ရေတွက်ပုံ အရေအတွက်
စိုက်ပျိုးမြေဧရိယာ ဧက ၉၉၁, ၃၁၅
မြစ်ရေတင်လုပ်ငန်း ခု
ကြိုးဝိုင်းတော စတုရန်းမိုင် ၁၇၅၂.၃၂
ကြိုးပြင်ကာကွယ်တော စတုရန်းမိုင် ၁၇၃၃.၄၇
ကားလမ်း မိုင် ၃၁၂၉ မိုင်
ပေ ၁၈၀အထက် တံတား စင်း ၁၇
စာတိုက်စခန်း ခု ၃၇
ကြေးနန်းရုံး ရုံး ၁၅
မိုက္ကရိုဝေ့ဗ်စခန်း ခု
၁၀ အသေးစားရေအားလျှပ်စစ် ရုံ ၈၉
၁၁ နိုင်ငံပိုင်စက်ရုံ ရုံ
၁၂ ပုဂ္ဂလိကစက်ရုံ ရုံ ၅၈၆
၁၃ အခြေခံပညာကျောင်း ကျောင်း ၁၃၃၈
၁၄ တက္ကသိုလ်၊ ကောလိပ် ခု
၁၅ နည်းပညာတက္ကသိုလ် ခု
၁၆ ကျွန်ပျူတာတက္ကသိုလ် ခု
၁၇ ဆေးရုံ ရုံ ၂၆
၁၈ တယ်လီဖုန်းရုံး ရုံး ၂၄

[]

စိတ်ဝင်စားဖွယ်နေရာများ

[ပြင်ဆင်ရန်]

[]

စာပေ၊ယဉ်ကျေးမှုနှင့် ရိုးရာ

[ပြင်ဆင်ရန်]

ကရင်လူမျိုးများတွင် ကိုယ်ပိုင်ယဉ်ကျေးမှု၊ကိုယ်ပိုင်စာပေဖြင့် ရှေးယခင်ကတည်းကနေထိုင်လာသည့်လူမျိုးဖြစ်သည်။

ကရင်လူမျိုးများ၏ အထိမ်းအမှတ်သင်္ကေတမှာ - "ဖားစည်" ဖြစ်သည်။ "ဒုံးအက" သည် ကရင်လူမျိုး၏ ယဉ်ကျေးမှုအကတစ်ခုဖြစ်ပါသည်။

Kayin Done Dance

ဝါခေါင်လတွင် ကရင်လူမျိုးများ၏ ယဉ်ကျေးမှုတစ်ခုဖြစ်သော "ကရင်ရိုးရာ ဝါခေါင်လခြည်ဖြူဖွဲ့မင်္ဂလာ" ကို ကရင်ပြည်နယ်ရှိနေရာတိုင်းတွင်ကျင်းပကြပါသည်။ ပြာသိုလဆန်း (၁)ရက်နေ့သည် ကရင်လူမျိူးများ၏ နှစ်သစ် မင်္ဂလာ"ကောက်သစ်စားပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပကျသည်။ နိုဝင်ဘာလ (၇) ရက်နေ့သည် "ကရင်ပြည်နယ်နေ့" ဖြစ်ပြီး ကရင်ပြည်နယ် "ဘားအံမြို့" သီရီကွင်းတွင် စည်းကားသိုက်မြိုက်စွာ ကျင်းပကျပြီး ဈေးရောင်းပွဲတော်များ၊ပြခန်းများ၊ကရင်ရိုးရာလက်ဝှေ့ပြိုင်ပွဲများ၊ ဒုံးအကပြိုင်ပွဲများကို နိုဝင်ဘာလ (၇) ရက်နေ့မှ (၁၁) ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည်။

တွင်းထွက်များ

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. ၁.၀ ၁.၁ Census Report။ The 2014 Myanmar Population and Housing Census။ 2။ Naypyitaw: Ministry of Immigration and Population။ May 2015။ p. 17။
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ ၂.၅ ၂.၆ ၂.၇ ၂.၈ ကရင်ပြည်နယ်၏ ဒေသန္တရ အချက်အလက်များ။ ကရင်ပြည်နယ်အစိုးရ။ 14 September 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂ ဖေဖော်ဝါရီ ၂၀၁၇ တွင် ပြန်စစ်ပြီး။
  3. နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စုနှင့် ကျေးရွာဦးရေ စာရင်းချုပ်။ 19 May 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 March 2022 တွင် ပြန်စစ်ပြီး။
  4. ကရင်တိုင်းရင်းသားလူမျိုးများ။ ကရင်ပြည်နယ်အစိုးရအဖွဲ့။ ၁၁ စက်တင်ဘာ ၂၀၁၈ တွင် ပြန်စစ်ပြီး။
  5. Department of Population Ministry of Labour, Immigration and Population MYANMAR (July 2016)။ The 2014 Myanmar Population and Housing Census Census Report Volume 2-C။ Department of Population Ministry of Labour, Immigration and Population MYANMAR။ pp. 12–15။
  6. Myanmar.com။ 3 March 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 February 2011 တွင် ပြန်စစ်ပြီး။
  7. D.P.S. MYANMAR GUIDE MAP. 2000.
  8. မေမြို့ချစ်ဆွေ (၂၀၀၀)။ မြန်မာပြည်ဖွား ဂေါ်ရခါး