ဒေဝီသန့်စင်
![]() | ဤဆောင်းပါးသည် သဒ္ဒါ၊ သတ်ပုံ၊ ရေးဟန် စသည်တို့အတွက် ဝီကီစံညွှန်းနှင့်အညီ အရေးအသား တည်းဖြတ်ပေးရန် လိုအပ်နေသည်။ |
ပထမအဆင့်ရှိမင်းသမီး ဒေဝီသန့်စင် | |
---|---|
![]() Devi Thant Sin in 2016 | |
ဇာတိ အမည် | ဒေဝီသန့်စင် |
မွေးဖွား | ရန်ကုန်, ဗြိတိသျှဘားမား (now Yangon) | ၂ ဇန်နဝါရီ၊ ၁၉၄၇
နိုင်ငံလူမျိုး | ဗမာ |
အလုပ်အကိုင် | ပတ်ဝန်းကျင်ထိမ်းသိမ်းရေးပညာရှင်၊ စာရေးဆရာ၊ နိုင်ငံရေးသမား
|
ကျော်ကြားမှုအရင်းခံ | Environmental activism |
အိမ်ထောင်ဖက်(များ) | အေးကို |
မိဘ(များ) | အောင်ဇေ ခင်မေ |
ဒေဝီသန့်စင် သည် သီပေါမင်းနှင့် နန်းမတော်ဘုရား စုဘုရားလတ်တို့၏မြစ်တော်၊ အရှင်ထိပ်စု မြတ်ဘုရားကလေးနှင့် မြောက်သားတော် ကိုကိုနိုင်တို့၏မြေးတော်၊ မင်းသားအောင်ဇေ (တော်ဘုရားလေး) နှင့် မြောက်သားတော် ခင်မေတို့၏ သမီးတော် မင်းသမီးတစ်ပါးဖြစ်ပါသည်။
ငယ်ဘဝနှင့် ပညာရေး
[ပြင်ဆင်ရန်]၁၉၄၇ ခု၊ ဇန်နဝါရီလ ၂ရက်တွင် မွေးသည်။ တဦးတည်းသော သမီးဖြစ်၏။
၁၉၇၀ ပြည့်တွင် ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်မှ ရုက္ခဗေဒဖြင့် ဘွဲ့ရသည်။ နောက် ဂေဟဗေဒဖြင့် မဟာဘွဲ့ ယူ၏။
သက်မွေးဝမ်းကြောင်း
[ပြင်ဆင်ရန်]၁၉၇၂ ခုမှ ၁၉၉၀ ပြည့် ကာလအတွင်း ဆည်မြောင်းဦးစီးဌာနတွင် ဓာတ်ခွဲခန်းမှူးအဖြစ် တာဝန်ထမ်းသည်။
စာပေရေးရာ လှုပ်ရှားမှုများ
[ပြင်ဆင်ရန်]၂၀၀၂ ခုတွင် စာစရေးသည်။ စံပယ်ဖြူ၊ ရနံ့သစ်၊ ချယ်ရီ၊ Wellness မဂ္ဂဇင်းတို့တွင် ဖြစ်သည်။ နောက် စိမ်းရောင်စို စာပေထုတ်ဝေရေး လုပ်ကာ အောင်ပယ်လယ် လူမှုပတ်ဝန်းကျင်မဂ္ဂဇင်း အယ်ဒီတာချုပ်ဖြစ်လာသည်။
ကျော်ကြားမှုအရင်းခံ
[ပြင်ဆင်ရန်]မင်းသမီးသည် ကုန်းဘောင်ဆက်မောင်နှမများအသင်း၏ ကြီးကြပ်သူအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။
သူမသည် မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားမှုအဖွဲ့၏ ခေါင်းဆောင် ဖြစ်ပါသည်။ ထို့သို့ဖြစ်စေသည့် အကြောင်းအရင်းခံမှာ သူမ၏ သဘာဝပတ်ဝန်းကျင်သဘောထားကြောင့်ဖြစ်ပါသည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်လျှင် သူမသည် မြန်မာနိုင်ငံအတွက်သာမက ကမ္ဘာကြီးတစ်ခုလုံးအတွက်ပါ ထိန်းသိမ်းပေးချင်သူတစ်ဦးဖြစ်သည်မှာ ငြင်းဖွယ်ရာမရှိပေ။ ထိုသို့သောအချက်များကြောင့် "စိမ်းလန်းသောမင်းသမီး"ဟု တင်စားခေါ်ဝေါ်ခြင်းခံရသည်။ [၁] ဧရာဝတီမြစ်ကို ဖြစ်ပေါ်စေသည့် မြစ်နှစ်စင်းဆုံရာ မြစ်ဆုံ၌ တည်ဆောက်မည့် မြစ်ဆုံဆည် စီမံကိန်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ [၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ "Myanmar’s 'green princess' is a humble activist on a mission"၊ Mongabay Environmental News၊ 11 January 2017။
- ↑ "Not the right time to repatriate King Thibaw, says descendant"၊ The Myanmar Times၊ 13 August 2012။ 18 January 2022 တွင် ပြန်စစ်ပြီး။ Archived from the original on 18 January 2022။