မာတိကာသို့ ခုန်သွားရန်

ဒေါင်ဒေါင်မြည်မှ အိုး၊ သုံးလွန်းတင်မှ ကြိုး၊ အနောက်တောင်ထောင့်မှ မိုး

ဝီကီပီးဒီးယား မှ

ဒေါင်ဒေါင်မည်မှ အိုး၊ သုံးလွန်းတင်မှ ကြိုး၊ အနောင်တောင်ထောင့်မှ မိုး သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[] (ဒေါင်ဒေါင်မြည်မှ အိုး၊ သုံးလွန်းတင်မှ ကြိုး၊ တောင်ကလာမှ မိုး-ဟူ၍လည်း အဆိုရှိသည်။)

အဓိပ္ပာယ်

[ပြင်ဆင်ရန်]

ဒေါင်ဒေါင်မြည်မှ အိုး၊ သုံးလွန်းတင်မှ ကြိုး၊ အနောက်တောင်ထောင့်မှ မိုး ဆိုသည်မှာ အရာဝတ္ထု သုံးခု၏ အရည်အသွေးကောင်းမွန်မှုကို နှိုင်းယှဉ်ဖော်ပြသော ဆိုရိုးစကားဖြစ်သည်။

  • ဒေါင်ဒေါင်မြည်မှ အိုး: အိုးကို ခေါက်ကြည့်လျှင် ဒေါင်ဒေါင်မြည်သော အိုးသည်သာ အိုးကောင်းဖြစ်သည်။ မမြည်ပါက အိုးမကောင်းဟု သတ်မှတ်သည်။
  • သုံးလွန်းတင်မှ ကြိုး: ကြိုးတစ်ချောင်းသည် သုံးလွန်းတင်၍ ကျစ်ထားမှသာ ခိုင်ခံ့ပြီး အသုံးခံသည်။ လွန်းနည်းပါက ကြိုးမခိုင်ခံ့ဟု သတ်မှတ်သည်။
  • အနောက်တောင်ထောင့်မှ မိုး: မိုးသည် အနောက်တောင်ထောင့်မှ တက်လာသော မိုးသားတိမ်တိုက်မှ ရွာမှသာ အချိန်မှန် ရွာသောမိုး ဖြစ်သည်။

ဤဆိုရိုးစကားသည် အရာရာတွင် အရည်အသွေးကောင်းမွန်မှု၊ ခိုင်ခံ့မှုနှင့် အချိန်ကိုက်ဖြစ်မှုတို့သည် အရေးကြီးကြောင်းကို သွန်သင်သည်။

ကိုးကားချက်များ

[ပြင်ဆင်ရန်]
  • ဒေါင်ဒေါင်မြည်မှအိုး၊ သုံးလွန်းတင်မှ ကြိုး၊ အနောက်တောင်ထောင့်မှ မိုးဟူသော ရှေးရိုးစကားအတိုင်း အနောက်တောင်ထောင့်အရပ်မှ ကမ္ဗလာမင်သင်တိုင်းတို့ဖြင့် ရစ်သိုင်းကာ လွှမ်းခြုံထားသကဲ့သို့ အမ္ဗုန်မောင်မိုးဒေဝါကလည်း ရွာတော့ဟန်တကဲကဲ ညိုမည်း၍နေတော့သည်။ []
  • အနောက်တောင်အရပ် စနေထောင့်ဆီမှ မိုးသားတိမ်လိပ်များရုတ်ခြည်း တက်လာကာ ခြိုးခြိမ့်သံမပေးဘဲ ဗြုန်းခနဲ ရွာချလိုက်သည်မှာ သည်းပါဘိချင်း၊ သုံးလွန်းတင်မှ ကြိုး၊ ဒေါင်ဒေါင်မြည်မှ အိုး၊ တောင်ကလာမှမိုး ဟူသည့် ရှေးလူကြီးသူမတို့ ဆိုရိုးစကားမှာ မှန်နေသည်။ []

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
  2. [၁၃၁၉] ယဉ်ကျေးမှု၊ ၂၊ ၁၂။ ၁၄။
  3. [၁၃၄၇] ငွေတာရီ၊ ၃၀၀။ ၅၁။