မာတိကာသို့ ခုန်သွားရန်

နည်းအမျှ များအဝ

ဝီကီပီးဒီးယား မှ

နည်းအမျှ များအဝ သည် မြန်မာဆိုရိုးစကား ဖြစ်သည်။ မြန်မာစကားပုံ တစ်ခုလည်း ဖြစ်သည်။[] နည်းအမျှ များအဝ - စကားပုံလည်းရှုပါ။

အဓိပ္ပာယ်

[ပြင်ဆင်ရန်]

နည်းအမျှ များအဝ ဆိုသည်မှာ စားစရာများများရှိလျှင် အားလုံးဝဝလင်လင် စားသောက်နိုင်ကြပြီး စားစရာနည်းပါးလျှင်မူ မျှတစွာ ဝေငှစားသောက်ရသည်ဟု ဆိုလိုသည်။ ဤဆိုရိုးစကားသည် ပေါင်းသင်းဆက်ဆံရေးနှင့် စည်းလုံးညီညွတ်မှု၏ အရေးပါပုံကို ဖော်ပြသည်။ အခက်အခဲကာလများတွင် အချင်းချင်း ကူညီဖေးမရမည်၊ ရှိတာလေးနှင့် မျှဝေခံစားရမည်ဟူသော အဓိပ္ပာယ်ကို ဆောင်သည်။

ကိုးကားချက်များ

[ပြင်ဆင်ရန်]
  • “ဘာတရားသလဲ။ ဆွေမျိုးဆိုပြီး တကယ်ဆိုလျှင် အေးအတူပူအမျှပေါ့။ နည်းအမျှ များအဝဆိုဟုတ်သေးရဲ့၊” []
  • “တစ်ယောက်တည်း စားလေ့မရှိဘဲနည်းအမျှ များအဝ ဟူသော စကားအတိုင်း ဝေငှစားသောက်လေ့ရှိကြ၍…၊” []

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
  2. [၁၂၉၆] ဂန္ထ၊ ၂၁၊ ၁၂၁။ ၄၇။
  3. [၁၃၁၈] စာဗိမာန်၊ ၅၁။ ၂၁။