မာတိကာသို့ ခုန်သွားရန်

နတ်စာရင်း

ဝီကီပီးဒီးယား မှ


မြန်မာနတ်များကိုခွဲခြားရာ၌ အတွင်း၃၇မင်း၊အပြင်၃၇မင်း၊အဝန်း၃၇မင်း (ခေါ်) အရံ၃၇မင်း၊မဟာအာဋာနဋိယသုတ်တော်လာ နတ်စစ်သူကြီး၃၇ပါး၊ကျောက်တွင်းနတ်များ၊ထီးစောင့်နတ်များ၊ရွှေတိုက်စာရင်းဝင်နတ်များဟူ၍ အမျိုးမျိုးခွဲခြားသတ်မှတ်ကြသည်။ဤစာရင်း၌ အတွင်း၃၇မင်း၊အပြင်၃၇မင်း၊အဝန်း၃၇မင်း (ခေါ်) အရံ၃၇မင်း၊မဟာအာဋာနဋိယသုတ်တော်လာ နတ်စစ်သူကြီး၃၇ပါး ပေါင်း ၁၄၈ပါး၌မပါဝင်သောနတ်များကို ထည့်သွင်းထားသည်။[]

  • ကရင်ဖထီး
  • ကရင်အမိုး (လက်ထဲ၌ သပွတ်သီးကိုင်ထားသည်)
  • ကဝေသာရဘိုးတော်ကြီး
  • ကသည်းမယ်တော်၄ပါး
  • ကူနီဒေဝီ (မင်းလှစည်သူ၏ မိဖုရားကြီး၊ကိုးမြို့ရှင်၏ မိခင်)
  • ကိုးမြို့ရှင်
  • ကိုးသိန်းရှင်
  • ခွန်ချို (ကိုးမြို့ရှင်နှင့်ပုလဲယဉ်၏ မွေးစားသား)
  • ခွန်သာ (ကိုးမြို့ရှင်နှင့်ပုလဲယဉ်၏ မွေးစားသား)
  • ဂိဇ္ဈကုဋ်အရှင်ကြီး (ကျောက်တွင်းနတ်)
  • စကားကတော်
  • စောမွန်လှ
  • စောဥမ္မာ (အကောက်တောင်)
  • စမ်းမောင်နှမ (အလုံဒီပါတောရ)
  • ဆူးလေဘိုးဘိုးကြီး
  • တကောင်းဘိုးဘိုးကြီး
  • တလိုင်းဘိုးကြီးဘွားကြီး
  • တလိုင်းမယ်တော် (ပဲခူးမယ်တော် မဟုတ်၊မဟာဆေးဝင်္ကဘာဘုရား၌ ရှိသည်)
  • တောင်တော်သခင်မ မမယ်ဥ
  • နဂါးတစ်ထောင်မယ်တော
  • နှဲကတော်
  • နှောကတော်
  • နှောဘိုးတော်ကြီး (နှောနတ်ကြီး၊ယင်းမာပင်ခရိုင်)
  • ပုလဲယဉ် (ကိုးမြို့ရှင်၏ နှမ)
  • ပဲခူးမယ်တော် (နံကရိုင်းမယ်တော်)
  • ပေါက်ကတော် ဒေါ်ဆိပ်
  • ပုန်းမကြည်ရှင်မ (ပုဗ္ဗကြယ်နတ်)
  • ပျဉ်ထောင်ကတော်
  • ပြာပုံတော်ရှင်မ မယ်ဖြူ
  • ပြေလည်ပြင်မောင်နှမ
  • ဖိုးဦးတောင်ပိုင် (ပြည်မြို့)
  • ဖိုလ်ဝင်းတောင်ရှင်မ
  • ဖျာလိပ်နတ် မအာင်ဖြူ
  • ဗိဿနိုးနတ်သမီး (မဟာမြိုင်နတ်သမီး၊ပန်ထွာဘုရင်မ)
  • ဘိုးဘိုးနီ (ကျိုက်ထီးရိုး)
  • ဘိုးသော့မင်း (ကျောက်တွင်းနတ်)
  • ဗိုလ်တစ်ထောင်ဘိုးဘိုးကြီး (ဗိုလ်တစ်ထောင်စေတီတော်)
  • ဘိုးဘိုးကြီး (ကျောက်တွင်းနတ်)
  • ဘိုးမင်းကြီး (ကျောက်တွင်းနတ်)
  • မကြာဥ (ကလေးနတ်)
  • မငွေတောင်
  • မစိမ်းကား (ကဝ​မြို့၊ကျိုက်မတ်ကော်စေတီတော်)
  • မဏိကုဏ္ဍလသိုက်ချုပ်ဘိုးတော် (ဒေးစွန်ပါတောင်)
  • မနှင်းချို (ဖိုလ်ဝန်းတောင် ဥစ္စာစောင့်)
  • မနှင်းဆီ (ဝါပခြင်းနတ်)
  • မမြစိမ်း (ပန်းတောင်းမြို့၊ရွှေဘုံသာမုနိစေတီတော်)
  • မသလဲကျော် (ကလေးနတ်)
  • မဟာဘောဂဘိုးဘိုးကြီး (ရွှေမော်ဓောစေတီတော်)
  • မိကျောင်းမောင်နှမ
  • မင်္ဂလာဒုံဘိုးဘိုးကြီး
  • မိုင်းနင်းရှင်မ
  • မိတ္ထီလာကန်စောင့်ညီအစ်မ၇ဖော်
  • မန္တလေးဘိုးဘိုးကြီး (မန္တလေးတောင်)
  • မယ်ဖြူ (ရေငံပိုင်ဦးရှင်ကြီး၏ အမေ)
  • မြနန်းနွယ် (ဗိုလ်တစ်ထောင်စေတီတော်)
  • မြစ်တူးမြင်းဖြူရှင်
  • မှော်ဘီဘိုးဘိုးကြီး (ဥသျှစ်ပင်စွန်းနတ်ကြီး)
  • ယမားမြင်းဖြူရှင်
  • ယောကတော်
  • ရေငံပိုင် ဦးရှင်ကြီး
  • ရေယာဉ်ကတော် (အနောက်မယ်တော်)
  • ရန်ကုန်ဘိုးဘိုးကြီး
  • ရှင်စောပု
  • ရှမ်းဘိုးတော်ကြီး
  • ရွှေကရင်မောင်နှမ
  • ရွှေကိုင်ချောင်းဆုံအရှင်ကြီး (ကျောက်တွင်းနတ်)
  • ရွှေကိုင်းကတော်
  • ရွှေကျွန်းပင်မောင်နှမ
  • ရွှေတိဂုံဘိုးဘိုးကြီး (ရွှေတိဂုံစေတီတော်)
  • ရွှေဖရုံမယ်
  • ရွှေဘုန်းပွင့်ဘိုးဘိုးကြီး
  • ရွှေသော့ကိုင်သခင်မ (ကျောက်တွင်းနတ်)
  • လီဆန်းမိခင် (တရုတ်ရိုးရာနတ်)
  • လေးကျွန်းမောင်မောင် (ကိုဒွေးလေး)
  • သီတာမောင်နှမ
  • သူရဿတီဒေဝီမယ်တော်
  • သဲသဲကလေး (ပုလဲယဉ်၏ သမီး)
  • သင်္ဃန်းကျွန်းဘိုးဘိုးကြီး (ကျိုက္ကစံဘိုးဘိုကြီး) (ကျိုက္ကစံစေတီတော်)
  • သန်လျင်မင်းတရားကြီးနတ်
  • သုဿာန်စောင့် မဖဲဝါ
  • အမေဂျမ်း (ဖွားချမ်းသာ)
  • အမေနီ (အောက်လမ်းပညာရပ်များကိုချုပ်ကိုင်ထားသူ)
  • အလုံဘိုးဘိုးကြီး (ရန်မျိုးအောင်ဘိုးဘိုးကြီး) (အလုံမြို့)
  • အကောက်တောင်မောင်နှမ
  1. ဒေသန္တရနတ်စာရင်း (လက်ရေးမူ)