နေရွှေသွေးအောင်
နေရွှေသွေးအောင် | |
---|---|
မွေးဖွား | ရန်ကုန်မြို့၊ မြန်မာနိုင်ငံ | ၂၂ မေ၊ ၁၉၉၁
နိုင်ငံလူမျိုး | မြန်မာ |
အခြား အမည်များ | ဖိုးလပြည့် |
ပညာရေး | ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် |
အလုပ်အကိုင် | စီးပွားရေးလုပ်ငန်းရှင် |
တက်ကြွလှုပ်ရှားနှစ်များ | ၂၀၁၀–လက်ရှိ |
မိဘ(များ) | နေစိုးမောင် ကြည်ကြည်ရွှေ |
ဆွေမျိုးသားချင်း |
|
နေရွှေသွေးအောင် (၂၂ မေ ၁၉၉၁ ဖွား) သည် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေးများအနက်မှ တစ်ဦး ဖြစ်သည်။[၁] သူသည် အမျိုးမျိုးသော စီးပွားရေးလုပ်ငန်းများတွင် ရှယ်ယာ ပါဝင်လုပ်ကိုင်ခြင်းဖြင့်လည်း ကျော်ကြားသည်။ မြန်မာနိုင်ငံတွင် NLD အစိုးရ မအုပ်ချုပ်မီကာလ နှင့် အုပ်ချုပ်ပြီး နောက်ပိုင်း အဘိုးဖြစ်သူနှင့် ဒေါ်အောင်ဆန်းစုကြည် တို့အကြား ပေါင်းကူးတံတားသဖွယ်ဖြစ်ခဲ့သည်။ယင်းအပြင် အငြိမ်း စားယူပြီး လူမြင်ကွင်းမှ ပျောက်ကွယ်နေသော အဘိုးဖြစ်သူ၏ ပုံရိပ်များကို လူမှုကွန်ရက်မှတဆင့် ထုတ်ပြန်ပေးခဲ့သူအဖြစ်လည်း ထင်ရှားသည်။
ငယ်စဉ်ဘဝနှင့် မိသားစု
[ပြင်ဆင်ရန်]နေရွှေသွေးအောင်သည် ၁၉၉၁ ခုနှစ် မေ ၂၂ ရက်တွင် ရန်ကုန်မြို့ တွင်မွေးဖွားခဲ့သည်။သူသည် စစ်ဘက်ဆရာဝန် ဒေါက်တာ နေစိုးမောင်နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ သမီး ကြည်ကြည်ရွှေ တို့၏ တစ်ဦးတည်းသော သားဖြစ်သည်။ဖိုးလပြည့် အမည်ဖြင့် လူသိများသည်။ ရန်ကုန် ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း တွင် အထက်တန်းပညာသင်ကြားခဲ့ပြီး၊ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် ကျောင်းဆင်းဖြစ်သည်။[၂][၃] ငယ်စဥ်ကတည်းက သူသည် အဘိုးဖြစ်သူ၏ ပွဲတက်အခမ်းအနားများ၌ အများဆုံးတွေ့ရတတ်သည်။[၄] တစ်ခါတစ်ရံ တရုတ်ခရီးစဥ်ကဲ့သို့သော နိုင်ငံခြားခရီးစဥ်အချို့တွင်လည်း အဘိုးဖြစ်သူနှင့်အတူ လိုက်ပါရလေ့ရှိသည်။[၅] မြေးများအနက် အရေးပါသူတစ်ဦး အဖြစ်လည်း ရှုမြင်ခံရသည်။
စီးပွားရေး အကျိုးစီးပွားများ
[ပြင်ဆင်ရန်]နေရွှေသွေးအောင်သည် ၁၉၈၈ နောက်ပိုင်း စစ်အစိုးရအဖွဲ့ဝင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များအကြား ဆက်သွယ်ပေးသော အရေးပါပုဂ္ဂိုလ်အဖြစ် လူသိများသည်။[၆] [၇] သူသည် အဘိုး ဖြစ်သူ၏ ရာထူးအာဏာကို အသုံးချ၍ စီးပွားရေး အကျိုးအမြတ် ရယူသည်ဟု စွပ်စွဲခံရသည်။[၈] ထို့ပြင် အကြီးတန်း ဗိုလ်ချုပ် များ၏ သားများဖြစ်သော အောင်သက်မန်း နှင့် တိုးနိုင်မန်း တို့နှင့် စီးပွားရေး အငြင်းပွားမှုများလည်း ရှိခဲ့သည်။[၉]သူသည် ထင်ရှားသော စီးပွားရေးလုပ်ငန်းရှင် ဇော်ဇော် အပါအဝင် တေဇ ကဲ့သို့သော လုပ်ငန်းရှင်ကြီးများနှင့် နီးကပ်သော ဆက်ဆံရေး ရှိသည်။[၁၀] ဤဆက်ဆံရေးမှတဆင့် ဇော်ဇော်သည် ကား နှင့် မော်တော်ဆိုင်ကယ် တင်သွင်းခွင့်များ၊ ဆီ ဖြန့်ဖြူးခွင့်များ ရရှိခဲ့သည်။ နေရွှေသွေးအောင်သည် ဘောလုံးအားကစားအပေါ် စိတ်ဝင်စားမှုကြောင့် ဇော်ဇော်က ဗိုလ်လုပွဲဝင် အသင်းဖြစ်သော ဒယ်လ်တာယူနိုက်တက် အသင်းတွင် သူ့ကို ခေါ်ယူခဲ့သည်။ ၂၀၀၇ ခု နှစ် ဇွန်လ ၁၄ ရက်နေ့တွင် ဂျပန်ဘောလုံး ကြယ်ပွင့် ဟီဒေတာရှီ နာကာတာ ပါဝင်သော ပြိုင်ပွဲတွင် သူ့အား ပါဝင်ခွင့်ပြုခဲ့သည်။[၁၁]
နိုင်ငံရေးအတွင်းပါဝင်ပတ်သက်မှု
[ပြင်ဆင်ရန်]နေရွှေသွေးအောင်သည် စစ်တပ်ဝန်ထမ်း မဟုတ်သော်လည်း အဘိုးဖြစ်သူ၏ အရေးပေးမှုကြောင့် နအဖစစ်အစိုးရလက်ထက်ကာလအတွင်း ဩဇာအာဏာအထိုက်အလျောက်ရှိခဲ့သည်။အသုံးချလိုသူများ၏ ချဥ်းကပ်မှုမျိုးစုံဖြင့် အသုံးချခြင်းကိုလည်း ခံခဲ့ရသည်။ [၁၂][၁၃][၁၄][၁၅][၁၆] သူ၏ အဘိုးဖြစ်သူနိုင်ငံရေးမှ အနားယူသည့် ၂၀၁၁ ခုနှစ် နောက်ပိုင်း နေရွှေသွေးအောင်သည် လူမြင်ကွင်းမှ အနည်းငယ်ပျောက်ကွယ်နေခဲ့သည်။၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ရက် တွင် ကျင်းပသည့် အထွေထွေရွေးကောက်ပွဲ ၂၀၁၅ အပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရပြီးနောက် သူသည် မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ် အဘိုးဖြစ်သူ၏ နောက်ခံကိုယ်စားပြုသူတစ်ဦးအဖြစ် လူမြင်ကွင်းရှေ့ ပြန်ရောက်လာသည်။[၁၇][၁၈][၁၉]၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၉ ရက် တွင် ဒေါ်အောင်ဆန်းစုကြည် နှင့် ၎င်းတို့ နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး၊တွေ့ဆုံခဲ့မှုကို ဖေ့စ်ဘွတ်ခ် စာမျက်နှာမှတဆင့် “ဒီနေ့ည သမိုင်းတွင်မယ့် ညတည” အဖြစ် အသိပေးခဲ့မှုသည်လည်း နိုင်ငံရေးလောကအတွင်း ထင်ရှားခဲ့သည်။[၂၀]ယင်းအပြင် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၄ရက်တွင် ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးသန်းရွှေတို့ နေပြည်တော်ရှိ ဦးသန်းရွှေနေအိမ်တွင်း တွေ့ဆုံခဲ့မှုကို အဘိုး ဖြစ်သူ၏ ပြောကြားချက်ပါ ၂၀၁၅ ရွေးကောက်ပွဲတွင် တရားဝင်အနိုင်ရရှိခဲ့သည့် မြန်မာပြည်၏ အနာဂတ်ခေါင်းဆောင်သည် ဒေါ်အောင်ဆန်းစုကြည်ဖြစ်လာမည်မှာ အားလုံးလက်ခံရမည့် အမှန်တရားပင်ဖြစ်သည် ဆိုသော ပြောကြားချက်ကိုထည့်သွင်းပြီး သူက ထုတ်ပြန်ပေးခဲ့သည်။[၂၁] [၂၂][၂၃] [၂၄]ထိုနောက်ပိုင်းကစ၍ သူသည် မြန်မာ့နိုင်ငံရေးအခင်းအကျင်း၌ ဝင်မပါတော့ပေ။
ဂီတသမားဘဝ
[ပြင်ဆင်ရန်]နေရွှေသွေးအောင်သည် “ဖိုးလပြည့်” ဟု အနုပညာနာမည်ဖြင့် ကာဗာသီချင်းများ တီးခတ် သရုပ်ဖော်ခဲ့သည်။အဆိုတော် Enrique Iglesias ၏ Tonight I’m Loving တေးသီချင်းကို သင်ဇာဝင့်ကျော်၊ထိုင်းသရုပ်ဆောင်မင်းသမီး ကရာဗီတို့နှင့် တွဲဖက်သရုပ်ဆောင် သီဆိုရုပ်သံကို ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၇ရက်တွင် ထုတ်လွှင့်ခဲ့သည်။[၂၅] သူသည် “Hero” (ဟီးရိုး) အမည်ရှိ သီချင်းဗီဒီယိုတစ်ပုဒ်တွင်လည်း ပါဝင်ခဲ့ပြီး၊ ယင်းဗီဒီယိုသည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့တွင် YouTube တွင် တင်ဆက်ခဲ့သည်။[၂၆][၂၇][၂၈][၂၉] Miss Universe Myanmar 2019 Final တွင်လည်း တေးသီချင်းပါဝင် သီဆိုခဲ့သည်။
အငြင်းပွားမှုများနှင့် စွပ်စွဲချက်များ
[ပြင်ဆင်ရန်]နေရွှေသွေးအောင်သည် သူ၏အဘိုး သန်းရွှေ၏ အာဏာရှင်ကာလအတွင်း အမျိုးမျိုးသော အမှုအခင်းများအပြင် နောက်ပိုင်းကာလများ၌ မီဒီယာ၏အာရုံစိုက်မှုကို ခံယူခဲ့ရသည်။ [၃၀][၃၁][၃၂][၃၃][၃၄][၃၅]၂၀၀၉ ခုနှစ် ဇန်နဝါရီလတွင် ထုတ်လွှင့်သည့် အမေရိကန်သံအမတ်၏ အချက်လက်များအရ၊ သူသည် မန်ချက်စတာယူနိုက်တက်အဖွဲ့ကို ၁ ဘီလျံ ဒေါ်လာဖြင့် ဝယ်ယူရန် အဘိုးဖြစ်သူထံ အကြံပြုခဲ့ကြောင်း ဖော်ပြသည်။ သို့သော် နာဂစ်မုန်တိုင်းအပြီး ဝေဖန်မှုများကြောင့် ထိုစီမံကိန်းကို ရပ်စဲခဲ့သည်။[၃၆]ထို့နောက်၎င်းက ချဲလ်စီအသင်းကို မျှော်မှန်းသူဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူလိုသည့် အစီအစဉ်မရှိကြောင်း ငြင်းဆန်ခဲ့သည်။
ဖခင်ဖြစ်သူအဖမ်းခံရခြင်း
[ပြင်ဆင်ရန်]ဒေါက်တာ ဇော်မြင့်မောင်၏ နာရေး ဝမ်းနည်းစကားများဖော်ပြမှုနှင့် စပ်လျဥ်းပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၃ ရက်နေ့တွင် သူ၏ဖခင် ဒေါက်တာ နေစိုးမောင် စစ်အစိုးရ ၏ ဖမ်းဆီးခြင်းကို ခံရသည်။[၃၇]သူ၏ ဖခင်သည် စစ်အာဏာရှင် ကို ထင်သာမြင်သာ ဆန့်ကျင်သူဖြစ်သည်။ထို့နောက် နေရွှေသွေးအောင်က ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၆ ရက်နေ့တွင် ဖေ့စ်ဘွတ်ခ် Story တွင် “အဲ့လိုတွေလုပ်လေ ပြည်သူကနာကျည်းလေ.. စဉ်းစားချင့်ချိန်လုပ် ကြပါ” ဟုရေး သားခဲ့သည်။[၃၈][၃၉]
ကိုးကား
[ပြင်ဆင်ရန်]- ↑ "Burmese army general Than Shwe's Grandson Nay Shwe Thway Aung" (in en)၊ Myanmar Image။
- ↑ "University Privileges Granted to Than Shwe's Grandson" (in en)၊ The Irrawaddy၊ 9 January 2008။
- ↑ "Than Shwe: Unmasking Burma's Tyrant" (in en)၊ Than Shwe: Unmasking Burma’s Tyrant-Google Books၊ May 2010။
- ↑ Burmese Media Lead with Than Shwe's Favorites။ The Irrawaddy (14 Dec 2009)။ 10 Apr 2025 တွင် ပြန်စစ်ပြီး။
- ↑ Senior General's Grandson Orders Attack on Business Rival။ The Irrawaddy (21 Dec 2010)။ 10 Apr 2025 တွင် ပြန်စစ်ပြီး။
- ↑ "Privatization Linked to Money Laundering"၊ The Irrawaddy၊ 23 March 2011။
- ↑ Special Report: An image makeover for Myanmar Inc။ Reuters (13 Apr 2012)။ 10 Apr 2025 တွင် ပြန်စစ်ပြီး။
- ↑ "Jealousies Divide 'United' Junta"၊ The Irrawaddy၊ 14 March 2011။
- ↑ Wai Moe။ "Than Shwe's Son-in-law Named Ambassador to China" (in en)၊ The Irrawaddy၊ 23 December 2010။
- ↑ နေရွှေသွေးအောင် ဥရောပသို့ ခရီးထွက်။ ဧရာဝတီ (၁၆ နိုဝင်ဘာ ၂၀၁၁)။ ၁၀ ဧပြီ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ "US embassy cables: Burma regime crony picks general's grandson for football team"၊ The Guardian၊ 6 December 2010။
- ↑ "Did Than Shwe's Grandson Kidnap Model?"၊ The Irrawaddy၊ 8 January 2009။
- ↑ "Grandson's Lavish Party Foretells Future of Than Shwe"၊ The Irrawaddy၊ 2 June 2007။
- ↑ "The Coming Cyber War: The Young Pretender"၊ The Irrawaddy၊ March 2010။
- ↑ "Pyin Oo Lwin: The Generals' Silicon Fortress"၊ The Irrawaddy၊ 13 March 2010။
- ↑ "Burma general planned to buy Manchester United" (in en)၊ The Times၊ 7 December 2010။
- ↑ "ဒေါ်အောင်ဆန်းစုကြည်၊ ဖိုးလပြည့်နဲ့ သတင်းမီဒီယာ လောက" (in en)၊ Mizzima News၊ 20 November 2015။
- ↑ "တိုင်းပြည်အတွက် ကျရာကဏ္ဍက ကူညီမယ်လို့ ဖိုးလပြည့်ပြော" (in en)၊ Mizzima News၊ 26 November 2015။
- ↑ "President Aung San Suu Kyi? Probably Not Yet" (in en)၊ cogitAsia၊ 15 December 2015။
- ↑ "ဖိုးလပြည့်နှင့် တွေ့ဆုံခဲ့ဟု ဒေါ်အောင်ဆန်းစုကြည် အတည်ပြု" (in en)၊ Mizzima News၊ 26 November 2015။
- ↑ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသန်းရွှေတွေ့ဆုံမှု ဖိုးလပြည့်ရေးသား။ RFA Burmese (၅ ဒီဇင်ဘာ ၂၀၁၅)။ ၁၀ ဧပြီ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ဦးသန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကြားက ခက်ခဲတဲ့ ငြိမ်းချမ်းရေး။ The Irrawaddy (၁၇ ဒီဇင်ဘာ ၂၀၁၅)။ ၁၀ ဧပြီ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ "Myanmar's former prime minister and army general Than Shwe has pledged support to Aung San Suu Kyi in a secret meeting between the two."၊ The Nation၊ 6 December 2015။
- ↑ "Grandson of ex-military leader Senior General Than Shwe has met Daw Aung San Suu Kyi" (in en)၊ Democracy for burma။
- ↑ အလန်းစားရိုက်ချက်များဖြင့် နေရွှေသွေးအောင်၊ သင်ဇာဝင့်ကျော်တို့ ပါသည့် ကာဗာသီချင်း (ရုပ်သံ)။ DVB (၉ နိုဝင်ဘာ ၂၀၁၈)။ ၁၀ ဧပြီ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ "Than Shwe's Granddaughter Celebrates 4th Birthday with Rangoon Elite"၊ The Irrawaddy၊ 8 December 2010။
- ↑ ဖိုးလပြည့် (ခ) နေရွှေသွေးအောင် ပြောတဲ့ သူနဲ့သူ၏မေမေအကြောင်း (in my)။ Cele Kabar (20 April 2018)။ 30 April 2018 တွင် ပြန်စစ်ပြီး။
- ↑ Myanmar's "Big State Secret" (in en)။ Global Witness။ 5 April 2018 တွင် ပြန်စစ်ပြီး။
- ↑ နေရွှေသွေးအောင် အကြောင်း (in my)။ The Irrawaddy (16 November 2011)။ 30 April 2018 တွင် ပြန်စစ်ပြီး။
- ↑ MUM 2019 Official Announcement။
- ↑ "Reflection of a budding country"၊ Bangkok Post၊ 7 June 2019။
- ↑ "Did Than Shwe's Grandson Kidnap Model?"၊ The Irrawaddy၊ 8 January 2009။
- ↑ "Than Shwe's Grandson Appears With Burma's New Miss Universe"၊ The Irrawaddy၊ 7 October 2013။
- ↑ "WikiLeaks cables: Burma general considered Manchester United buyout"၊ The Guardian၊ 6 December 2010။
- ↑ "Soccerleaks: The football files" (in en)၊ edition.cnn.com၊ March 21, 2011။
- ↑ "The grandson of the leader of Myanmar Than Shwe is making Enrique Iglesias music videos" (in en)၊ Coconuts Media၊ 27 April 2016။
- ↑ "Than Shwe's Grandson: Geek, Playboy or Gangster?" (in en)၊ The Irrawaddy၊ 23 September 2009။
- ↑ "Poe La Pyae Insulted Me, Says Traffic Policeman"၊ The Irrawaddy၊ 12 April 2013။
- ↑ "Publisher Sidelines CEO Who Alleged Threats by Than Shwe's Grandson"၊ The Irrawaddy၊ 21 October 2013။