နျူကလီးယားစွမ်းအင်အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီ
![]() | |
---|---|
ဦးဆောင်ကော်မတီ အကျဉ်းချုပ် | |
ဖွဲ့စည်းသည့်အချိန် | ၁၂ မတ် ၂၀၂၄ |
ဌာနချုပ် | နေပြည်တော် |
ဌာနအကြီးအမှူးများ | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဥက္ကဋ္ဌ |
အမျိုးသားအဆင့် နျူကလီးယားစွမ်းအင်အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီ သည် နိုင်ငံတော်အဆင့်အဖွဲ့အစည်း တစ်ခု ဖြစ်သည်။မြန်မာနိုင်ငံ၏ အရပ်ဘက်နျူကလီးယားစွမ်းအင်အစီအစဉ်နှင့် စီမံကိန်းများ အကောင်အထည်ဖော်ရန် အတွက် ဦးဆောင်မှုပေးမည့် ကော်မတီ တစ်ရပ်ဖြစ်သည်။ ကော်မတီတွင် အဖွဲ့ဝင် (၁၄)ဦး အထိ ပါဝင်သည်။ ကော်မတီ အား နိုင်ငံတော်ဝန်ကြီးချုပ် က ဦးဆောင်သည်။ကော်မတီအောက်တွင် အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ တစ်ခုရှိသည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းပြီး သည့်နောက် ပေါ်ပေါက်လာသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သည် ရုရှားနိုင်ငံ နှင့် လက်နက်ဆက်ဆံရေးအပြင် မဟာဗျူဟာမြောက်ဆက်ဆံရေးအား အခိုင်အမာ တည်ဆောက်ခဲ့သည်။[၁] နှစ်ဖက်ခရီးစဉ်များအတွင်း မြန်မာက ရုရှားနိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း Rosatom နှင့် မြန်မာနိုင်ငံ တွင် အဏုမြူ ဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင်ရေး သဘောတူညီချက်အား ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၆ ရက် တွင် လက်မှတ်ရေးထိုးခြင်းဖြင့် လည်းကောင်း[၂]၊ ရန်ကုန်မြို့ လှိုင်မြို့နယ် တွင် ပထမဦးဆုံးသော နျူကလီးယား နည်းပညာ သတင်းအချက်အလက်စင်တာ အား ရုရှားနိုင်ငံ အကူအညီဖြင့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၆ ရက် တွင် ဖွင့်လှစ်ခြင်းဖြင့် လည်းကောင်း[၃] အစရှိသည့် ပူးပေါင်းဆောင်ရွက်မှုများပြုပြီးနောက် ၂၀၂၄ ခုနှစ် မတ်လ ၁၂ရက်နေ့တွင် မြန်မာနိုင်ငံအတွင်း နျူကလီးယားစွမ်းအင် အကောင်အထည်ဖော်ရေးနှင့် ပတ်သက်သည့် အမြင့်ဆုံးဦးဆောင်ကော်မတီ ပေါ်ပေါက်လာခြင်း ဖြစ်သည်။[၄]
ရည်ရွယ်ချက်
[ပြင်ဆင်ရန်]- မြန်မာနိုင်ငံ၏ နျူကလီးယားစွမ်းအင်အစီအစဉ်နှင့် စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် မျှော်မှန်းချက်နှင့် လုပ်ထုံးလုပ်နည်းများချမှတ်နိုင်ရေးအတွက် ဦးဆောင်မှုပေးရန်၊
- လိုအပ်သည့် ညွှန်ကြားချက် များနှင့် လမ်းညွှန်ချက်များ ထုတ်ပြန်ပေးရန်၊
- နျူကလီးယားစွမ်းအင်အား ငြိမ်းချမ်းသောရည်ရွယ်ချက်ဖြင့် အသုံးပြုသည့် နယ်ပယ်များအတွက် နိုင်ငံတကာနှင့်ဒေသတွင်း မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများကို ထူထောင်နိုင်ရန်၊
ဖွဲ့စည်းပုံ
[ပြင်ဆင်ရန်]စဉ် | ရာထူး | တာဝန် |
---|---|---|
၁ | နိုင်ငံတော်ဝန်ကြီးချုပ် | ဥက္ကဋ္ဌ |
၂ | ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ကာကွယ်ရေးဝန်ကြီးဌာန |
အဖွဲ့ဝင် |
၃ | ပြည်ထောင်စုဝန်ကြီး ပြည်ထဲရေးဝန်ကြီးဌာန |
အဖွဲ့ဝင် |
၄ | ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန |
အဖွဲ့ဝင် |
၅ | ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး နိုင်ငံခြားရေးဝန်ကြီးဌာန |
အဖွဲ့ဝင် |
၆ | ပြည်ထောင်စုဝန်ကြီး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန |
အဖွဲ့ဝင် |
၇ | ပြည်ထောင်စုဝန်ကြီး ဥပဒေရေးရာဝန်ကြီးဌာန |
အဖွဲ့ဝင် |
၈ | ပြည်ထောင်စုဝန်ကြီး ပြန်ကြားရေးဝန်ကြီးဌာန |
အဖွဲ့ဝင် |
၉ | ပြည်ထောင်စုဝန်ကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန |
အဖွဲ့ဝင် |
၁၀ | ပြည်ထောင်စုဝန်ကြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာန |
အဖွဲ့ဝင် |
၁၁ | ပြည်ထောင်စုဝန်ကြီး စွမ်းအင်ဝန်ကြီးဌာန |
အဖွဲ့ဝင် |
၁၂ | ပြည်ထောင်စုဝန်ကြီး ပညာရေးဝန်ကြီးဌာန |
အဖွဲ့ဝင် |
၁၃ | ပြည်ထောင်စုဝန်ကြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန |
အဖွဲ့ဝင် |
၁၄ | ပြည်ထောင်စုဝန်ကြီး သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန |
အတွင်းရေးမှူး |
လုပ်ငန်း တာဝန်များ
[ပြင်ဆင်ရန်]- နိုင်ငံတော်အစိုးရအနေဖြင့် နျူကလီးယားစွမ်းအင်အစီအစဉ် ဖွံ့ဖြိုးတိုးတက်ရေးခိုင်မာသည့် ကတိကဝတ်ပြုရန်နှင့် အဆိုပါအစီအစဉ် စတင်နိုင်ရေးအတွက် သုံးသပ်ချက်များနှင့် အကြံပြုချက်များ စုစည်းတင်ပြရန် ဦးစီးဆောင်ရွက်ခြင်း၊
- နျူကလီးယားစွမ်းအင်အစီအစဉ်နှင့် စီမံကိန်းများအကောင်အထည်ဖော်ရာတွင် မျှော်မှန်းချက်နှင့် လုပ်ထုံး လုပ်နည်းများချမှတ်နိုင်ရေး ဦးဆောင်မှုပေးခြင်းနှင့် လိုအပ်သည့်ညွှန်ကြားချက်များ၊ လမ်းညွှန်ချက်များ ထုတ်ပြန်ခြင်း၊
- နိုင်ငံတော်အစိုးရက အတည်ပြုထားသည့် နျူကလီးယားစွမ်းအင်အစီအစဉ်နှင့် နျူကလီးယား စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို စောင့်ကြည့် စစ်ဆေးခြင်းနှင့် လမ်းညွှန်မှုပေးခြင်း၊
- နျူကလီးယားစွမ်းအင်အစီအစဉ် ရေရှည်အကောင်အထည်ဖော်နိုင်ရေးကို ပံ့ပိုးနိုင်သည့် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ အကျိုးသက်ဆိုင်သူများ ပါဝင်ပတ်သက်ရေး၊ စက်မှုလုပ်ငန်းများ ပါဝင်ရေး၊ ရေဒီယိုသတ္တိကြွစွန့်ပစ်ပစ္စည်းများနှင့် သုံးစွဲပြီးလောင်စာများ စီမံခန့်ခွဲရေးစသည့်ကိစ္စရပ် များဆိုင်ရာ မဟာဗျူဟာများနှင့် အစီအမံများရေးဆွဲရေးအပေါ် ဦးဆောင်ခြင်းနှင့် ကြီးကြပ်ခြင်း၊ (င) နျူကလီးယားအခြေခံ အဆောက်အအုံဖွံ့ဖြိုးရေးအတွက် ရန်ပုံငွေလိုအပ်ချက်သတ်မှတ်ရေးနှင့် နျူကလီးယားစီမံကိန်းအတွက် ဘဏ္ဍာငွေရရှိနိုင်မည့် အရင်းအမြစ်များ ရွေးချယ်သတ်မှတ်ရေးတို့ကို ဦးဆောင်ခြင်း၊
- နျူကလီးယားစွမ်းအင်အား ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် အသုံးပြုသည့် နယ်ပယ်များအတွက် နိုင်ငံတကာနှင့် ဒေသတွင်းမိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများကို ထူထောင်ခြင်း၊
နျူကလီးယားစွမ်းအင်အစီအစဉ် အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ
[ပြင်ဆင်ရန်]စဉ် | ရာထူး | တာဝန် |
---|---|---|
၁ | ပြည်ထောင်စုဝန်ကြီး သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန |
ဥက္ကဋ္ဌ |
၂ | ဒုတိယဝန်ကြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာန |
ဒုတိယဥက္ကဋ္ဌ(၁) |
၃ | ဒုတိယဝန်ကြီး စွမ်းအင်ဝန်ကြီးဌာန |
ဒုတိယဥက္ကဋ္ဌ(၂) |
၄ | အမြဲတမ်းအတွင်းဝန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန |
အဖွဲ့ဝင် |
၅ | အမြဲတမ်းအတွင်းဝန် ပြည်ထဲရေးဝန်ကြီးဌာန |
အဖွဲ့ဝင် |
၆ | အမြဲတမ်းအတွင်းဝန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန |
အဖွဲ့ဝင် |
၇ | အမြဲတမ်းအတွင်းဝန် နိုင်ငံခြားရေးဝန်ကြီးဌာန |
အဖွဲ့ဝင် |
၈ | အမြဲတမ်းအတွင်းဝန် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန |
အဖွဲ့ဝင် |
၉ | အမြဲတမ်းအတွင်းဝန် ဥပဒေရေးရာဝန်ကြီးဌာန |
အဖွဲ့ဝင် |
၁၀ | အမြဲတမ်းအတွင်းဝန် ပြန်ကြားရေးဝန်ကြီးဌာန |
အဖွဲ့ဝင် |
၁၁ | အမြဲတမ်းအတွင်းဝန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန |
အဖွဲ့ဝင် |
၁၂ | အမြဲတမ်းအတွင်းဝန် စက်မှုဝန်ကြီးဌာန |
အဖွဲ့ဝင် |
၁၃ | အမြဲတမ်းအတွင်းဝန် အလုပ်သမားဝန်ကြီးဌာန |
အဖွဲ့ဝင် |
၁၄ | အမြဲတမ်းအတွင်းဝန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန |
အဖွဲ့ဝင် |
၁၅ | အမြဲတမ်းအတွင်းဝန် ပညာရေးဝန်ကြီးဌာန |
အဖွဲ့ဝင် |
၁၆ | အမြဲတမ်းအတွင်းဝန် ကျန်းမာရေးဝန်ကြီးဌာန |
အဖွဲ့ဝင် |
၁၇ | အမြဲတမ်းအတွင်းဝန် ဆောက်လုပ်ရေးငန်ကြီးဌာန |
အဖွဲ့ဝင် |
၁၈ | အမြဲတမ်းအတွင်းဝန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန |
အဖွဲ့ဝင် |
၁၉ | ပါမောက္ခချုပ် တပ်မတော်သိပ္ပံနှင့် နည်းပညာသုတေသနဌာန ကာကွယ်ရေးဝန်ကြီးဌာန |
အဖွဲ့ဝင် |
၂၀ | အမြဲတမ်းအတွင်းဝန် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန |
အတွင်းရေးမှူး |
၂၁ | ညွှန်ကြားရေးမှူးချုပ် အဏုမြူစွမ်းအင်ဦးစီးဌာန သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန |
တွဲဖက်အတွင်းရေးမှူး |
လုပ်ငန်းကော်မတီ၏တာဝန်များ
[ပြင်ဆင်ရန်]- နိုင်ငံတော်အစိုးရအနေဖြင့် နျူကလီးယားစွမ်းအင်အစီအစဉ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် စတင် နိုင်ရေးအတွက် သုံးသပ်ချက်များနှင့်အကြံပြုချက်များ စုစည်းတင်ပြခြင်း၊
- သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဆက်စပ်အဖွဲ့အစည်းများပါဝင်သော ဆပ်ကော်မတီများ လုပ်ငန်း အဖွဲ့များကို ဖွဲ့စည်းပေးခြင်းနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊
- နျူကလီးယားစွမ်းအင်အစီအစဉ်နှင့် စီမံကိန်းများအကောင်အထည်ဖော်ခြင်းနှင့်စပ်လျဉ်းသည့် လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များ၊ လမ်းညွှန်ချက်များ ထုတ်ပြန်ရန်ဆောင်ရွက်ခြင်း၊
- နျူကလီးယားစွမ်းအင်အစီအစဉ်ဆိုင်ရာ အသေးစိတ်အစီရင်ခံစာနှင့် လမ်းပြမြေပုံရေးဆွဲခြင်းအပါအဝင် အမျိုးသားနျူကလီးယား အခြေခံအဆောက်အအုံအား အကဲဖြတ်သုံးသပ်ရေးနှင့် ဖွံ့ဖြိုးရေးကိစ္စရပ်များ ဆောင်ရွက်ခြင်း၊
- နျူကလီးယားစွမ်းအင်အစီအစဉ် ရေရှည်အကောင်အထည်ဖော်နိုင်ရေးကို ပံ့ပိုးနိုင်သည့် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ အကျိုးသက်ဆိုင်သူများ ပါဝင်ပတ်သက်ရေး၊ စက်မှုလုပ်ငန်းများ ပါဝင်ရေး၊ ရေဒီယိုသတ္တိကြွစွန့်ပစ်ပစ္စည်းများနှင့် သုံးစွဲပြီးလောင်စာများ စီမံခန့်ခွဲရေး စသည့် ကိစ္စရပ်များဆိုင်ရာ မဟာဗျူဟာများနှင့် အစီအမံများရေးဆွဲဆောင်ရွက်ခြင်း၊
- အမျိုးသားနျူကလီးယား အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေအား သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း၍ လေ့လာသုံးသပ်အကဲဖြတ် ဆောင်ရွက်ခြင်း၊
- နျူကလီးယားစွမ်းအင်အစီအစဉ်နှင့် နျူကလီးယား အခြေခံအဆောက်အအုံဖွံ့ဖြိုးမှုတို့ကို အထောက် အပံ့ပြုရန်အတွက် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီအပါအဝင် အခြားသက်ဆိုင်သည့် အဖွဲ့အစည်းများနှင့် ထိတွေ့ဆောင်ရွက်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊
- နျူကလီးယားစွမ်းအင်အစီအစဉ်အား အကောင်အထည်ဖော်မှုအဆင့်အလိုက် လိုအပ်ပါက ဆပ်ကော်မတီ များလုပ်ငန်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခြင်း။
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ-ရုရှား အထီးကျန်နိုင်ငံ အချင်းချင်းပေါင်းဖက်မှု။ BBC Burmese (၁၅ ဇန်နဝါရီ ၂၀၂၃)။ ၁၂ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ Myanmar and Russia Agree to Establish Nuclear Technology Hub in Yangon။ The Diplomat (22 November 2022)။ 12 May 2024 တွင် ပြန်စစ်ပြီး။
- ↑ နျူကလီးယားနည်းပညာ သတင်းအချက်အလက် စင်တာ ရန်ကုန်မြို့တွင် ဖွင့်လှစ်။ ဆင်ဟွာသတင်း (၆ ဖေဖော်ဝါရီ ၂၀၂၃)။ ၁၂ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ နျူကလီးယားစွမ်းအင် အကောင်အထည်ဖော်ရန် စစ်ခေါင်းဆောင် ဦးဆောင်သည့် အမျိုး သားအဆင့်ကော်မတီဖွဲ့စည်းထားပြီး ရုရှားနှင့် နျူကလီးယားဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှုများလုပ်ဆောင်နေ။ Ayeyarwaddy Times (၉ မေ ၂၀၂၄)။ ၁၂ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။