နွမ်ဂျာသိုင်း
နွမ်ဂျာသိုင်း | |
---|---|
မွေးဖွား | ဝင်းမြင့်မောင် ၁၉ နိုဝင်ဘာ၊ ၁၉၅၂ သာစည်မြို့၊မန္တလေးတိုင်း |
ကွယ်လွန် | ၂၇ ဇွန်၊ ၂၀၂၀ ပင်လုံဆေးရုံ ၊ ရန်ကုန်မြို့ | (အသက် ၆၇)
ထာဝရ အိပ်စက်ရာ | ရေဝေးသုဿန် ၊ရန်ကုန်မြို့ |
အလုပ်အကိုင် | စာရေးဆရာ |
မိခင်ကျောင်း | ရန်ကုန် စက်မှုတက္ကသိုလ် ၊ ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် |
သားသမီး | သမီး ၃ဦး |
နွမ်ဂျာသိုင်း (၁၉ နိုဝင်ဘာ ၁၉၅၂ - ၂၇ ဇွန် ၂၀၂၀) သည် မြန်မာနိုင်ငံသား ကဗျာဆရာ၊ စာရေးသူနှင့် ဇာတ်ညွှန်းရေးသူဖြစ်သည်။ ဒေါင်းယဉ်ပျံဘုံနံဘေးမှာ စာရေးလို့ထားချင်တယ် အစရှိသည့် ထင်ရှားသော ဝတ္ထုများကို ဖန်တီးခဲ့သူဖြစ်သည်။
ငယ်ဘဝနှင့် ပညာရေး
[ပြင်ဆင်ရန်]၁၉၅၂ ခု၊ နိုဝင်ဘာလ ၁၉ ရက်တွင် ဦးမြ၊ ဒေါ်မမကြီးတို့က သာစည် ၌ မွေးသည်။ မွေးချင်း ၇ ယောက်အနက် အကြီးဆုံးဖြစ်သည်။၁၉၇၂ ခုနှစ် တွင် အထက(၂)အင်းစိန်မှ ဆယ်တန်းအောင်သည်။ ရန်ကုန်စက်မှုတက္ကသိုလ်၌ ပဉ္စမနှစ် လျှပ်စစ်အင်ဂျင်နီယာဘာသာရပ်အထူးပြုအား သင်ယူစဉ် မှိုင်းရာပြည့်အရေးအခင်း တွင် ပါဝင်မှုဖြင့် ကျောင်းထုတ်ခံရသည်။ ရူပဗေဒဘွဲ့ကို စာပေးစာယူဖြင့် ရသည်။ယင်းနောက် ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်တွင် မဟာသိပ္ပံ (ရူပဗေ ဒ) ဆက်လက်သင်ယူခဲ့ကာ နောက်ဆုံးနှစ် အပိုင်း-က အထိ တက်ရောက် သင်ကြားခဲ့သည်။
စာပေခရီး
[ပြင်ဆင်ရန်]၁၉၆၉ ခုနှစ်ကစပြီး အဟိ၊ သင့်ဘဝ၊ တိုင်းရင်းမေတို့တွင် ကဗျာ နှင့် ဝတ္ထုတိုများ စရေးပြီး စာပေလောကထဲ ဝင်ရောက်လာခဲ့သည်။ ၁၉၇၃ ခုနှစ်၌ "ပါးကွက်ကြားနှင့်လပြည့်ဝန်း" ကဗျာစာအုပ်ထွက်သည်။ ၁၉၇၉ ခုနှစ်ထုတ် "အချစ်ဆုံးသူ၏အတ္ထုပ္ပတ္တိ" ဖြင့် လူသိများလာ၏။စာရေးဆရာအသင်း၏ ဗဟိုအဖွဲ့ဝင်အဖြစ် ပါဝင်ဖူးသည်။၂၀၁၂ ခုနှစ်၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုနှင့် အမျိုးသားစာပေဆုရွေးချယ်ရေးအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။
ရေးသားခဲ့သောစာအုပ်များ
[ပြင်ဆင်ရန်]- ညဉ့်ဦးယံ ဒီပြန်တက်ပါလိမ့်
- တမျိုးညာနွဲ့သွေမဖယ် စိုးပါနဲ့မေရယ်
- လဝန်းကုဋေ သာသည့်မြေသို့
- ဟိုဘက်ကမ်းက မီးထိန်ထိန်
- တို့လျှောက်ခဲ့ရာ လမ်းကန္တာဝယ်
- တောင်များပေါ်ကတိမ် တိမ်များပေါ်ကငှက်
- အလွမ်းတပွင့် ပန်းတပွင့်
- လက်တွဲပြီးလိုက်မှာလားကွယ်
- အချစ်ဆုံးသူရဲ့ အတ္ထုပ္ပတ္တိ
- အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ (ချစ်နှင်းဆီလှလှလေး)
- နွေဦးရောက်ပြီသူငယ်ချင်း (နွေဦးရောက်ပြီကိုကို)
- အလယ်ကလူစကားဝဲ၏ (လွမ်းနေမယ်မေ)
- တပင်တည်းရင်ထဲကနွယ် (မယ်သီတာလိုမိန်းကလေး)
- ချစ်သူကိုကိုချိုးခဲ့တာ ပျိုပျိုပန်ဆင်စရာ (မောင့်မြခွာညို)
- နွေ၏အလွန်
- ရက်ရွေးမနေပါနဲ့ ကိုကိုရယ်
- အချစ်ဆုံးလည်း ဖြစ်ခဲ့ဖူးပါတယ်
- မေတ္တာရှိရင်းစွဲမို့ လွဲနိုင်ပါဘူးရှင်
- တခါတုန်းကတက္ကသိုလ်မှာ
- အိပ်မက်ကိုတွေ့ရသလိုပဲနော်
- နှစ်နားထပ်လို့ တိုင်ပင်ချင်တယ် (သတိထား)
- ခပ်ညံ့ညံ့ပဲကောင်းပါတယ် (ကမ္ဘာကြီးကလှပါတယ်)
- အိပ်မက်မြို့သူ
- တိမ်တောင်ညိုပြာ
- ဒေါင်းယာဉ်ပျံနံဘေးမှာ စာရေးလို့ထားချင်တယ်
- မိုးရေတက်ရေတဖွေးဖွေး
- မြူဝန်းသို့ခို
- မမစိမ်း
- မဟာသမုဒ္ဒရာ၌ပင် အနားသတ်ကမ်းစပ်ရှိ၏
- မိုးကောင်းကင်မျက်နှာကြက်၌တည်သော အလင်းအိမ်
- ကောင်းကင်ယံ၌ ကြယ်များလင်းလက်၍ မြေကြီးပေါ်တွင် ပန်းများပွင့်ကြသည်
- နှလုံးသားတွင် ကဗ္မည်းတင်မည်ကစ္ဆပနဒီ
မှတ်ချက်= ကွင်းအတွင်းရှိ အမည်များမှာ ရုပ်ရှင်၊ ဗီဒီယိုရိုက်ကူးရာတွင် ပြောင်းသုံးသောအမည်များဖြစ်သည်။
ဘဝနိဂုံး
[ပြင်ဆင်ရန်]၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၇ ရက်တွင် နှလုံးရောဂါဖြင့် ကွယ်လွန်သည်။
ပုဂ္ဂိုလ်ရေးဘဝ
[ပြင်ဆင်ရန်]သူသည် အိမ်ထောင်သည် တစ်ဦးဖြစ်ပြီး နေခြည်ဝင်းလဲ့ရည်၊ အောင်ဆည်းဆာ၊ မေမြတ်ဝါဆိုဟူသော သားသမီး ၃ ဦး ထွန်းကားသည်။ [၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ဒေါင်းယဉ်ပျံဘုံနံဘေးမှာ စာရေးလို့ထားချင်တယ်၊ စာရေးဆရာ နွမ်ဂျာသိုင်း ဆုံးရှာပြီ..။ Myanmar Digital News (၂၉ ဇွန် ၂၀၂၀)။ ၉ မတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။