မာတိကာသို့ ခုန်သွားရန်

နွေယဉ်စွန်းချိန်

ဝီကီပီးဒီးယား မှ

ကမ္ဘာဟာ မိမိဝင်ရိုးပေါ်မှာ ၂၃.၅ ဒီဂရီ အစဉ်အမြဲ တိမ်းစောင်းပြီး ၂၄ နာရီလျှင် တစ်ပါတ်နှုန်းနဲ့ လည်ပတ်နေတာ ဖြစ်ပါတယ်။ အဲဒီလို တိမ်းစောင်းလျက်အတိုင်း နေကို ပျမ်းမျှ ၃၆၅ ရက်လျှင် တစ်ပါတ်နှုန်း လှည့်ပတ်နေပါသေးတယ်။ ထိုအခါမှာ ကမ္ဘာရဲ့ တိမ်းစောင်းနေမှုကြောင့် ကမ္ဘာ့နေရာများမှာ နေရောင်ခြည်ရရှိမှု ပုံစံ၊ အချိန်တို့ ကွာခြားခြင်းတွေ ဖြစ်လာပါတော့တယ်။ အထူးသဖြင့် တောင်ကမ္ဘာလုံးခြမ်း - ဝီကီပီးဒီးယား(အီကွေတာ၏တောင်ဘက်) နဲ့ မြောက်ကမ္ဘာလုံးခြမ်း - ဝီကီပီးဒီးယား (အီကွေတာမြောက်ဘက်) တို့ နေရောင်ခြည် ကျရောက်သည့်အချိန် မတူညီပဲ အမြဲ ဆန့်ကျင်ဘက် ဖြစ်နေကြပါတယ်။[]

ဇွန်ယဉ်စွန်းချိန် သို့မဟုတ် မြောက်ယဉ်စွန်းချိန် သို့မဟုတ် နွေယဉ်စွန်းချိန်ဟု ခေါ်သော ဥတ္တရယဉ်စွန်းချိန် (June Solstice) သည်နှစ်စဉ် ဇွန်လ (၂၀) ရက်နှင့် (၂၂) ရက်နေ့အကြား ဖြစ်ပေါ်‌လေ့ရှိပြီး နေရောင်ခြည်ဟာ မြောက်အရပ်ကို အမြင့်ဆုံးတက်လာကာ မြောက်ယဉ်စွန်းတန်းသို့ တည့်မတ်စွာဖြင့် ကျရေက်ပါတယ်။ အာတိတ်စက်ဝိုင်း (မြောက်ဝင်ရိုးစွန်းဒေသ)တစ်ခုလုံးဟာ နေဘက်သို့ တိမ်းစောင်းနေပြီး ၂၄ နာရီပတ်လုံးနီးပါး နေ့ အချိန့်ြစ်လို့နေပါတယ်။ တကယ်တော့.. အီကွေတာ (၀ ဒီဂရီ) ကနေ မြောက်ဘက်ကို လတ္တီကျူ့ မြင့်တက်လာတိုင်း နေ့တာ (နေ့အချိန်) ပိုရှည်လာတာပါ။ မြောက်လတ္တီတွဒ် ၁၀ မှ ၃၀ အကြားရှိတဲ့ ကျနော်တို့ မြန်မာနိုင်ငံမှာလည်း ဇွန်လရောက်ပြီဆိုလျှင် နံနက် ၅:၃၀ လောက်မှာ နေထွက်ပြီး ညနေ ၆:၄၀ လောက်မှ နေဝင်တာဖြစ်ပါတယ်။

ဒီလိုအချိန်မျိုးမှာ အီကွေတာမှ တောင်ဘက်ကို ဆက်ဆင်းသွားလျှင်တော့ နေ့တာတိုပြီး ညတာရှည်မှာဖြစ်ပြီး အန္တာတိကတိုက်မှာတော့ (၂၄) နာရီပတ်လုံး ည အချိန် ဖြစ်လို့နေမှာပါ။ ရာသီဥတုအရပြောရလျှင် မြောက်ကမ္ဘာမှာ နွေဥတု ဖြစ်နေပြီး..၊ တောင်ကမ္ဘာခြမ်းကတော့ ဆောင်းဥတု ဖြစ်လို့နေပါတယ်။ မြန်မာနိုင်ငံရဲ့ ပထဝီအနေအထားအရ.. ကမ္ဘာ့ နွေရာသီမှာ ရေခိုးရေငွေ့ပါတဲ့ အနောက်တောင်မုတ်သုံလေ တိုက်ခတ်တဲ့အတွက် မိုးရွာသွန်းပါတယ်။[]

  1. ဝီကီပီးဒီးယား
  2. အာကာသနှင့် စကြဝဠာ သင်ထောက်ကူစာမျက်နှာ