နှမ်းခါးရွာ၊ ဂန့်ဂေါမြို့နယ်
နှမ်းခါး | |
---|---|
ရွာ | |
နှမ်းခါးရွာ | |
မြန်မာနိုင်ငံတွင်း တည်နေရာ | |
ကိုဩဒိနိတ်: 22°33′19″N 94°05′15″E / 22.5552196502686°N 94.0875015258789°Eကိုဩဒိနိတ်: 22°33′19″N 94°05′15″E / 22.5552196502686°N 94.0875015258789°E | |
နိုင်ငံ | ![]() |
တိုင်းဒေသကြီး | ![]() |
ခရိုင် | ဂန့်ဂေါခရိုင် |
မြို့နယ် | ဂန့်ဂေါမြို့နယ် |
ကျေးရွာအုပ်စု | နှမ်းခါး |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
နှမ်းခါးရွာ (အင်္ဂလိပ်: Hnankhar)သည် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၉၂၂၂ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ နှမ်းခါးကျေးရွာအုပ်စုတွင် ကျား ၂၁၀၁ ဦး၊ မ ၂၂၇၆ ဦး၊ လူဦးရေ စုစုပေါင်း ၄၃၇၇ ဦးနေထိုင်သည်။ ကလေး-ဂန့်ဂေါ ကားလမ်း၊ ရထားထမ်းပေါ်၊ မြစ်သာမြစ်ကမ်းတွင် ရှိသောရွာကြီးဖြစ်သည်။ ဘူတာရုံ၊ အထက်တန်းကျောင်းနှင့် ကျေးလက်ကျန်းမာရေးဌာနများရှိသည်။ [၁]
၂၀၂၁ ဇွန်လ တွင် မြန်မာ့တပ်မတော် က နှမ်းခါးရွာ နေအိမ်များကို မီးရှို့ခဲ့သည်။[၂]
၂၀၂၁ ဩဂုတ်လ ၁၈ ရက်တွင် မြန်မာ့တပ်မတော် က နှမ်းခါးရွာ နေအိမ်များကို ဒုတိယအကြိမ် မီးရှို့ခဲ့သည်။[၂]
၂၀၂၁ စက်တင်ဘာ ၉ ရက်က ရွာအနီး ကာကွယ်ရေးတပ်များနှင့် တိုက်ပွဲဖြစ်အပြီး စက်တင်ဘာ ၁၀ ရက်တွင် မြန်မာ့တပ်မတော်က မီးရှို့သဖြင့် နေအိမ် ၃၆ လုံး မီးလောင်ပျက်စီးခဲ့သည်။[၃]
၂၀၂၁ စက်တင်ဘာ ၁၃ ရက် နံနက် ၁၀ နာရီခန့် တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ မြန်မာ့တပ်မတော်စစ်ကြောင်းက ရွာတွင်းသို့ သေနတ်ပစ်ဖောက်ဝင်လာပြီး ဒုတိယအကြိမ် မီးရှို့ပြီး မီးလောင်ဗုံးဖြင့်ထုသဖြင့် နေအိမ် ၁၄ လုံး၊ ဆန်စက်ရုံတစ်ရုံ၊ ရိက္ခာတဲ နှစ်တဲ မီးလောင်ပျက်စီးခဲ့သည်။ စစ်ဘေးဒုက္ခသည်များအတွက် စုဆောင်းထားသည့်ရိက္ခများလည်း မီးလောင်ပျက်စီးခဲ့သည်။ [၂] [၄] [၅]
၂၀၂၁ စက်တင်ဘာ ၉ ရက် နံနက် ၁၁ နာရီကျော်ခန့်အချိန်တွင် မြန်မာ့တပ်မတော်က တတိယအကြိမ် မီးရှို့သဖြင့် နေအိမ် ၈ လုံး မီးလောင်ပျက်စီးခဲ့သည်။ စစ်တပ်သည် ရွာ နေအိမ်များမှ ငွေကြေး၊ ပစ္စည်း၊ ကျွဲနွားတိရစ္ဆာန်များကိုလည်း လုယက်ခိုးဝှက်ယူဆောင်သွားခဲ့သည်။ အသက်ငါးဆယ်အရွယ် အမျိုးသားတစ်ဦးကိုလည်းဖမ်းဆီးခေါ်ဆောင်သွားခဲ့သည် ။ [၆]
၂၀၂၁ ဒီဇင်ဘာ ၁၇ ရက် က ရွာအတွင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များအစည်းအဝေးလုပ်နေချိန် [၇] မွန်းလွဲ ၂ နာရီ ၄ဝ မိနစ်ခန့်တွင် တပ်မတော်က ဝင်ရောက်စီးနင်းပြီး လေကြောင်းမှလည်းတိုက်ခိုက် ခဲ့ရာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့သည်။ [၈] [၉] [၁၀]
၂၀၂၁ ဒီဇင်ဘာ ၂၉ ရက်က တပ်မတော်စစ်ကြောင်း နှမ်းခါရွာတွင်းသို့ ဝင်ရောက်က တစ်ည တပ်စွဲထားစဉ် စိတ်ကျန်းမာေး မကောင်းသူနှစ်ဦးအပါအဝင် ရွာသားသုံးဦးကို ဖမ်းဆီးပြီး တစ်ဦးကို ပစ်သတ်ထားခဲ့သည်။ [၁၁]
၂၀၂၅ ခုနှစ် မတ်လ ၂၂ ရက် နံနက် ၈ နာရီ ၃၈ မိနစ် ခန့်က ရွာလယ် ဆေးခန်းကို စစ်လေယာဉ်က ပေါင်ငါးရာဗုံးနှင့် ကျဲချတိုက်ခိုက် မှုကြောင့် ကလေးမြို့နယ်၊ တင်သားတိုက်နယ်ဆေးရုံတာဝန်ခံ စီဒီအမ် ဆရာဝန် ေါက်ဒေါက်တာမြစိုးေအောင်၊ ဆရာဝန်၏ဇနီးကိုယ်ဝန်သည် သူနာပြု ဒေါ်ခိုင်နှင်းဝေ ၊ ဆရာဝန်မောင်နှံ၏ကလေးငယ်တစ်ဦး၊ အခြားကလေးငယ်ငါးဦး၊ အမျိုးသမီးသုံးဦး၊ အမျိုးသားတစ်ဦး သေဆုံးသည်။ [၃] [၁၂] [၁၃]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Place codes (Pcodes)။ Myanmar Information Management Unit (June 2020)။
- ↑ ၂.၀ ၂.၁ ၂.၂ ဂန့်ဂေါ နှမ်းခါးရွာ ဒုတိယအကြိမ်မီးရှို့ခံရ၊ ၂၀၂၁ စက်တင်ဘာ ၁၃၊ အမေရိကန်အသံ မြန်မာပိုင်းအစီအစဉ် VOA Burmese
- ↑ ၃.၀ ၃.၁ ဂန့်ဂေါ နှမ်းခါးရွာဆေးခန်းကို လေကြောင်းတိုက်ခိုက်မှု ဆရာဝန်မိသားစုအပါအဝင် ၁၁ဦး သေဆုံး၊ ၂၀၂၅ မတ်လ ၂၃၊ မဇ္ဈိမသတင်းဌာန
- ↑ ဂန့်ဂေါမြို့နယ် နှမ်းခါးရွာကို စစ်တပ်က မီးထပ်ရှို့ ၊ ၂၀၂၁ စက်တင်ဘာ ၁၃၊ Myanmar Now News
- ↑ ဂန့်ဂေါမြို့နယ် နှမ်းခါးရွာကို စစ်တပ်က မီးထပ်ရှို့ ၊ ၂၀၂၁ စက်တင်ဘာ ၁၃၊ Myanmar Now
- ↑ နှမ်းခါးရွာကို အကြမ်းဖက်စစ်တပ်က တတိယအကြိမ်မီးရှို့၊ နေအိမ် ၈ လုံး ပျက်စီးဆုံးရှုံး၊ ၂၀၂၁ စက်တင်ဘာ ၃၀၊ ဒီမိုကရက်တစ်မြန်မာ့အသံ DVB
- ↑ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာ၌ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များအစည်းအဝေးလုပ်နေစဉ် စစ်ကောင်စီတပ်ဖွဲ့မှဝင်ရောက်စီးနင်းရာ(၆)ဦးသေဆုံးဟုဆို၊ ၂၀၂၁ ဒီဇင်ဘာ ၁၈၊ NP News
- ↑ နှမ်းခါးရွာကို စစ်ကောင်စီ လေကြောင်းကနေ တိုက်ခိုက်၊ ၂၀၂၁ ဒီဇင်ဘာ ၁၇၊ ဘီဘီစီ မြန်မာပိုင်း
- ↑ နှမ်းခါးရွာကို စစ်ကောင်စီ လေကြောင်းကနေ တိုက်ခိုက်၊ ၂၀၂၁ ဒီဇင်ဘာ ၁၇၊ ဘီဘီစီ မြန်မာပိုင်းအစီအစဉ်
- ↑ ဂန့်ဂေါ်မြို့နယ် နှမ်းခါးရွာတွင် တိုက်ခိုက်မှုမရှိပဲ အာဏာသိမ်းစစ်တပ်က လေ ကြောင်းမှ ပစ်ခတ်၊ ၂၀၂၁ ဒီဇင်ဘာ ၁၇၊ Tachileik News Agency
- ↑ ဂန့်ဂေါတွင် စစ်တပ်က ရွာသားတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး မီးရှို့အလောင်းဖျောက်၊ ၂၀၂၁ ဒီဇင်ဘာ ၃၁၊ by Myanmar Now, Progressive Voice Myanmar News
- ↑ ဂန့်ဂေါက နှမ်းခါးရွာ ဆေးခန်းဗုံးကြဲခံရပြီး ၁၁ ဦး သေဆုံး၊ ၂၀၂၅ မတ်လ ၂၂၊ လွတ်လပ်တဲ့အာရှအသံ RFA Burmese
- ↑ ဂန့်ဂေါမြို့၊နှမ်းခါးရွာဆေးပေးခန်းကိုစစ်တပ်ဗုံးကြဲ – အနည်းဆုံးလူ(၁၁)ဦးသေဆုံး၊ ၂၀၂၅ မတ်လ ၂၃၊ Myanmar Now
![]() ![]() | ဤ မကွေးတိုင်းဒေသကြီး ပထဝီဝင်တည်နေရာဆိုင်ရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |