ပင့်ရစ်မနိုင် ရခိုင်နှင့်ညှိ
ပုံပန်းသွင်ပြင်
ပင့်ရစ်မနိုင် ရခိုင်နှင့်ညှိ သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[၁]
အဓိပ္ပာယ်
[ပြင်ဆင်ရန်]“ပင့်ရစ်မနိုင် ရခိုင်နှင့်ညှိ” ဆိုသည်မှာ မြန်မာစာလုံးပေါင်းရာတွင် ယပင့် (သို့) ရရစ် မည်သည့်အက္ခရာကို အသုံးပြုရမည်ကို သေချာမသိပါက ယ နှင့် ရ ကို ခွဲ၍ အသံထွက်သော ရခိုင်စကား၏ အသံထွက်နှင့် နှိုင်းယှဉ်တိုက်ဆိုင်၍ စစ်ဆေးသင့်သည်ဟု ဆိုလိုသည်။ ရခိုင်စကားသည် မြန်မာစကားနှင့် အနီးစပ်ဆုံးဖြစ်ပြီး အချို့စကားလုံးများတွင် ယပင့် (သို့) ရရစ် ပါဝင်မှုသည် အဓိပ္ပာယ်ကို ပြောင်းလဲစေနိုင်သောကြောင့် ရခိုင်အသံထွက်ကို အသုံးပြု၍ စစ်ဆေးခြင်းဖြင့် မှန်ကန်သော စာလုံးပေါင်းကို ရရှိစေနိုင်ပါသည်။
ကိုးကားချက်များ
[ပြင်ဆင်ရန်]- “ရေးတော့အမှန် ဖတ်တော့အသံ၊ ပင့်ရစ်မနိုင် ရခိုင်နှင့်ညှိ စသည့်မူများကို လိုက်၍… စာလုံးပေါင်းသတ်ပုံများကို လက်ခံသုံးစွဲလျက် ရှိနေခြဲ့ကပါသည်။” [၂]
- "ရခိုင်အသံထွက်သည် မြန်မာစာအရေးအသားကိုလည်း လမ်းမှန်ရောက်အောင် ညွှန်းနေကြောင်း ပင့်ရစ်မနိုင် ရခိုင်မေး၊ ပင့်ရစ်ပိုင်ပိုင် မကြံနိုင် ရခိုင် ပြည်သို့သွားဟူသော ဆောင်ပုဒ်က ပြနေပေ၏။"[၃]