မာတိကာသို့ ခုန်သွားရန်

ပရိန်မြို့

ဝီကီပီးဒီးယား မှ
ပရိန်မြို့
country မြန်မာ
ပြည်နယ်ရခိုင်ပြည်နယ်
ခရိုင်မြောက်ဦးခရိုင်
မြို့နယ်မြောက်ဦးမြို့နယ်
တည်ထောင်၁၁၀၃
လူဦးရေ
 • လူမျိုးရခိုင်လူမျိုး
 • ဘာသာရေးဗုဒ္ဓဘာသာ
အချိန်ဇုန်မြန်မာစံတော်ချိန်

ပရိန်မြို့သည် ၁၁၀၃/၁၁၀၆ ခုနှစ်မှ ၁၁၆၇ ခုနှစ်အထိ ရခိုင်ပြည် လေးမြို့ခေတ်၏ မြို့တော်ဟောင်း တစ်ခုဖြစ်ခဲ့ပါသည်။ [] မြို့တော်ဟောင်းနေရာသည် မြောက်ဦးမြို့နယ်အတွင်းရှိသည်။ မြောက်ဦးမြို့၏ အရှေ့တောင်ဘက် လောင်ကြက်မြို့ မြောက်ဘက် မိုင်အနည်းငယ်အကွာတွင် တည်ရှိသည်။ [][]

ပရန်မြို့ဟောင်းသည် [] အရှေ့ဘက်ရှိ လေးမြို့မြစ်ကို မျက်နှာမူထားသည်။ မြို့နောက်ဘက်တွင် ကုလားတန်မြစ် နှင့် လေးမြို့မြစ်များကြားရှိသော မိုင်းဆွေတောင်ကြောနှင့်အပြိုင်ရှိသော တောင်ကြောတစ်ကြောရှိသည်။ တောင်ဘက်မှာ လောင်းကြက်မြို့ရှိပြီး ပေါက်ဒုတ်ချောင်းက မြို့နှစ်မြို့အလယ်ကို ပိုင်းခြားထားသည်။ [] မြောက်ဘက်တွင် အလေးဇီချောင်းရှိသည်။[ကိုးကားချက်လိုသည်]

သမိုင်း

[ပြင်ဆင်ရန်]

၁၁ ရာစုနှာ ဝေသာလီပြည် ဆုတ်ယုတ်သွားခဲပြီး လေးမြို့ခေတ်သို့ ရခိုင်သမိုင်း ကြရောက်ခဲ့သည်။ ဤခေတ်သမိုင်းရာဇဝင်အရ ဆမ်ဘာဝက် ခေါ်သောနေရာသို့ မြို့တော်ရွှေ့ခြင်းမှစပြီး ကစ္ဆပနဒီ ခေါ် ကုလားဒန်းမြစ်ဒေသမှာ ရှိသည့် ဝီသာလီမြို့မှ လေးမြို့မြစ်ဒေသသို့ အာဏာပြောင်းသွားခဲ့၍ မြို့တော်အသစ်ကို ပြင်စာမြို့သို့ ရွှေ့ပြောင်းခဲ့သည်။ ပြင်စာမြို့သည် နှစ် ၈၀ ခန့် တိုးတက်လာပြီးနောက် မြို့တော်ကို ပရိန်သို့ ထပ်မံပြောင်းရွှေ့ခဲ့သည်။[] ရာဇဝင်အရ ပုဂံဘုရင် အလောင်းစည်သူ၏အကူအညီဖြင့် အဘိုးဖြစ်သူ၏ ထီးနန်းကို ပြန်လည်ရယူခဲ့သော လက်ျာမင်းနန်လက်တက်အတ္ငင် ပါရိန်မြို့တည်ထောင်ခဲ့သည်။[]

လေးမြို့ခေတ် နောက်ပိုင်းမှာ မြို့တော်သည် ခရတ်မြို့ နှင့် နရိမ်ဇာရ တောင်ငူမြို့ သို့ခေတ္တာ ရွှေ့ပြောင်းပြီးနောက် လောင်းကြည်မြို့မှာ မြို့တော်ကို နှစ်တစ်ရာကျော်ကြာ အခြေချခဲ့သည်။ လေးမြို့မြစ်ဝှမ်းရှိ မြို့တော်များသည် ဝေသာလီ နှင့်အခြား ယခင်မြို့တော်များထက် သေးငယ်ခဲ့သည်။ ပရန်မြို့ အပါအဝင် ဤမြို့တော်တွေအများစုသည် လေးမြို့မြစ်၏ အနောက်ဘက် မြေနိမ့်ပိုင်း ကမ်းရိုးတန်းနားမှာ တည်ဆောက်ခဲ့သောကြောင့် အချိန်နှင့်အမျှ မြို့ပြနံရံများ ပျောက်ကွယ်သွားကြသည်။ []

ဘာသာတရား၌

[ပြင်ဆင်ရန်]

ရခိုင်ဒဏ္ဍာရီနှင့် ရာဇဝင်တွင် နတ်မယ်တော် မြဆွမ်းသည် ပါရိန်မြို့၏ အုပ်ထိန်းသော မြို့ဆောင့်နတ်သမီးတစ်ပါးဖြစ်ပါသည်။ မြဆွမ်းမယ်တော်အကြောင်း ကဗျာတစ်ပိုဒ်ရှိသည်။

In the Pontu area, if outside the plain of Parein, Mra Swan does not greet.

၁၉၉၂ ခုနှစ်တွင် မြန်မာစစ်တပ် စစ်သားများ နန်တော်ဟောင်းရှိခဲ့သည့်နေရာ အနောက်ဘက်သို့ မျက်နှာမူထား၍ မြဆွမ်းရုပ်တုကို လယ်ရာကွင်းပြင်အလယ်တွင် ကြီးမားသော နတ်ဆောင်အသစ်ကြီး တည်ဆောက်ခဲ့သည်။။ မြောက်ဦးမြို့နယ်တွင် ပရိန်နတ်ဆောင် စသော နတ်ငယ်များကိုးကွယ်ရာနေရာများ ပြန်လည်ပေါ်လာခြင်းသည် မြန်မာစစ်တပ်အရာရှိများ လေးမြို့မြစ်ဝှမ်းသမိုင်းတွင် ပုဂံနိုင်ငံတော်၏ ပတ်သက်မှုကို ပုံဖော်ခြင်းဖြင့် အမှတ်အသားပြုရန် ကြိုးပမ်းသည့်နည်းလမ်းတစ်ခု ဖြစ်နိုင်သည်။ []

ကိုးကား

[ပြင်ဆင်ရန်]
  1. The History of Myanmar။ ၉ ဇန်နဝါရီ ၂၀၁၃။ p. ၁၈-၂၀။
  2. The Forgotten Cities of Arakan (အင်္ဂလိပ်ဘာသာစကားဖြင့်)။ p. ၁၂/၁၃။
  3. Great History of Rakhine
  4. "မြောက်ဦး ပဋိပက္ခ ပစ်ခတ်မှု အမျိုးသမီး ၃ ဦးသေဆုံး" (in my)၊ ၅ ဇွန် ၂၀၁၃။ ၃၀ ဒီဇင်ဘာ ၂၀၂၂ တွင် ပြန်စစ်ပြီး 
  5. မြောက်ဦးမြို့နယ် ဒေသဆိုင်ရာ အချက်အလက်များ (PDF) (အစီရင်ခံစာ)။ စက်တင်ဘာ ၂၀၁၉။ ၃၀ ဒီဇင်ဘာ ၂၀၂၂ တွင် ပြန်စစ်ပြီး
  6. ၆.၀ ၆.၁ Kyaw Minn Htin (2007). "Historical Geography and Urbanization in Ancient Arakan- The archaeological landscape of the old capitals up to 1400 AD". Aséanie, Sciences humaines en Asie du Sud-Est 20. Kyaw Minn Htin (2007). "Historical Geography and Urbanization in Ancient Arakan- The archaeological landscape of the old capitals up to 1400 AD". Aséanie, Sciences humaines en Asie du Sud-Est. 20: 5-73.
  7. ၇.၀ ၇.၁ de Mersan (၂၀၀၈). "A New Palace for Mra Swan Dewi: Changes in Spirit Cults in Arakan (Rakhine) State". Asian Ethnology ၆၈: ၃၀၇-၃၃၂. 

ကျမ်းကိုးစာရင်း

[ပြင်ဆင်ရန်]
  • The Forgotten Cities of Arakan။ Kuala Lampur။ ၂၀၀၇။
  • ရခိုင်ရာဇဝင်အသစ်ကျမ်း (မြန်မာဘာသာစကားဖြင့်)။ ရန်ကုန်။ ၁၉၃၁။CS1 maint: အသိအမှတ်မပြုသော ဘာသာစကား (link)