ပေါက်ကန်ရွာ၊ ကဝမြို့နယ်
ပေါက်ကန် | |
---|---|
ရွာ | |
ပေါက်ကန်ရွာ | |
မြန်မာနိုင်ငံတွင်း တည်နေရာ | |
ကိုဩဒိနိတ်: 17°02′22″N 96°42′52″E / 17.0394°N 96.714417°Eကိုဩဒိနိတ်: 17°02′22″N 96°42′52″E / 17.0394°N 96.714417°E | |
နိုင်ငံ | ![]() |
တိုင်းဒေသကြီး | ![]() |
ခရိုင် | ပဲခူးခရိုင် |
မြို့နယ် | ကဝမြို့နယ် |
ကျေးရွာအုပ်စု | ပေါက်ကန် |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
ပေါက်ကန်ရွာ (အင်္ဂလိပ်: Paukkan)သည် ပဲခူးတိုင်းဒေသကြီး (အရှေ့)၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ ပေါက်ကန်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၈၆၉၀ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ပေါက်ကန်ကျေးရွာအုပ်စုတွင် ကျား ၁၆၄၁ ဦး၊ မ ၁၈၁၁ ဦး၊ လူဦးရေ စုစုပေါင်း ၃၄၅၂ ဦးနေထိုင်သည်။ [၁]
နယ်နမိတ်
[ပြင်ဆင်ရန်]ပေါက်ကန်ရွာ၏ အရှေ့ဘက်တွင် သရက်ကုန်းရွာ၊ အနောက်တောင်ဘက်တွင် ရွှေပေါက်ပင်ရွာ၊ တောင်ဘက်တွင် ကံထူးရွာ၊ မြောက်ဘက်တွင် ငွေပုံရွာ အနောက်မြောက်ဘက်တွင် နောင်ဘိုရွာတို့နှင့် ထိစပ်နေသည်။
မြေမျက်နှာသွင်ပြင်
[ပြင်ဆင်ရန်]ပေါက်ကန်ရွာသည် မြေပြန့်လွင်ပြင်နှင့် ချောင်းများရှိသည်။
ရေဆင်း
[ပြင်ဆင်ရန်]ပေါက်ကန်ရွာသည် စစ်တောင်းမြစ် ရေငံနှင့် ဆက်စပ်လျက်ရှိပြီး မြစ်ချောင်းများသည် အထူးသဖြင့် မိုးရာသီဖြစ်သော ဒီဇင်ဘာလဆန်းပိုင်းအထိသာ ရေစီးဝင်မှုရရှိပြီး နွေရာသီတွင် ရေခန်းခြောက်ကာ ကားလမ်းများအဖြစ် အသုံးပြုလျက်ရှိသည်။
ရာသီဥတု
[ပြင်ဆင်ရန်]ပေါက်ကန်ရွာ သည် ပူအိုက် စွတ်စိုသောရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန် (၄၀ C)နှင့် အနိမ်ဆုံးအပူချိန်မှာ (၁၄ C) ဖြစ်သည်။
သဘာဝပေါက်ပင်များ
[ပြင်ဆင်ရန်]ပေါက်ကန်ရွာ အတွင်း ပေါက်ရောက်သည့် သဘာဝပေါက်ပင်များမှာ ကုက္ကိုပင်၊ ညောင်ပင်၊ အုန်းပင်၊ ထန်းပင်၊ သရက်ပင်၊ပန်းပင်၊ မဲဇလီပင်၊ သမန်းပင်၊ မကျည်းပင်၊ ဇီးပင် စသည့်အပင်များ ပေါက်ရောက်သည်။
လမ်းပန်းဆက်သွယ်ရေး
[ပြင်ဆင်ရန်]သက္ကလမြို့နှင့် ၇ မိုင်ခန့်ဝေးပြီး သရက်ကုန်း - သက္ကလ လမ်းကိုအသုံးပြုကာ ရာသီမရွေးအသုံးပြုသွားလာနိုင်သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ Place codes (Pcodes)။ Myanmar Information Management Unit (June 2020)။
![]() ![]() | ဤ ပဲခူးတိုင်းဒေသကြီး တည်နေရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |