ပွဲရှုသူဘွဲ့ သံချို
ပုံပန်းသွင်ပြင်
ပွဲရှုသူဘွဲ့ သံချို ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။
ပွဲရှုသူဘွဲ့ သံချို
[ပြင်ဆင်ရန်]စန္ဒတောင်ဂီရိန္ဒာက ကိန္နရာကိန္နရီတို့၊ သိင်္ဂနီရွှေကိုခုတ်ပါတဲ့၊ ရွှေရုပ်သွင် အကြော့ဆုံးပေမို့၊ ပြုံးစိစိယဉ်ထက်ယဉ်။
ဘီးဆင်စွယ် စံပယ်သပ်ရယ်နှင့်၊ နှစ်ပတ်သျှိုကြော့ဆံထုံးငဲ့ပြင်၊ တော့ဆုံးဟန် မူယာနှင့်၊ သိုက်မြိုက်စွာ လိုက်လာရှုပေကြ၊ မိုးသူ့နတ်သွင်။
ရှုစားရန် သည်လိုတားရက်ကယ်နှင့်၊ ပျိုထွားကညာတို့၊ မြန်မကြာပြန်ကာသွားကြလျှင်၊ လမ်းကြားမှာမှောင်ခိုလို့၊ မောင်လူပျို ရွှေရောင်တွဲ့ရယ်က၊ နတ်ဟတ္ထေဗဒုံပြန်ခလှဲ့တော့၊ မဆိုသာ အိုဟာ − အလဲ့ရယ်နှင့်၊ အပျိုမှာ ငိုကာမဲ့ရလိမ့်၊ သွားတဲ့သူတိုင်း။
မှတ်ချက်
[ပြင်ဆင်ရန်]ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် နာမည်ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော နာမည်ကို ပေးထားခြင်း ဖြစ်သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။