ဗျိုင်းနှစ်ကောင် တိုင်းတောင်လုကြ
ဗျိုင်းနှစ်ကောင် တိုင်းတောင်လုကြ ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။
အကြောင်းအရာ
[ပြင်ဆင်ရန်]သောနှင့်အဋ္ဌ၊ နဝတိုင်အောင်၊ မီသို့လောင်အံ့ ဟူသော ရှေးတဘောင်အရ ၆ ခု၊ ၈ ခု၊ ၉ ခု၊ ဂြိုဟ်အသွားအလာတို့၏ အကျိုးအပြစ်တို့ကို သိုက်သမိုင်းအရ ဖွဲ့ဆိုရေးသားထားသော ဗျိုင်းနှစ်ကောင် တိုင်းဘောင်လုကိန်း သံချို ဖြစ်သည်။
ဗျိုင်းနှစ်ကောင် တိုင်းတောင်လုကြ
[ပြင်ဆင်ရန်]အတိတ်ရှေးရယ်က၊ ဟိတ်ပေးရာ သိုက်သမိုင်းရယ်နှင့်၊ ဆိုက်ဆိုင်းကာဖီလာဆုံတော့၊ ပြည်ရတနာပုံမြန်မာတစုရယ်တို့၊ ဗျိုင်းနှစ်ကောင် တိုင်ဘောင်လုရှာကြ၊ ကိန်း ယခုကြုံလာသည်။
သတိထားကြတော့၊ ဘုရားရယ်ဓမ္မခန်နှင့်၊ မြတ်သံဃာ ရတနာကြီးကိုလှ၊ ခိုမှီးကာမပြတ်စောကြတော့၊ အတ္တော ဆိုလိုရာသိစေဘို့၊ ပါဠိအခြေခံတဲ့ပြင်၊ အနက်ပြန်ဖော်မပြပြီဘု၊ အဇဋာ အာကာသကိုလ၊ မြှော်ဆကာပညာရှိလျှင်ဖြင့်၊ ထင်ရာကိုမြင်တာနှင့်သိပါလိမ့်၊ လေးထိလှုပြီ။
ပါပဂြိုဟ် ထိုနှစ်ခုကိုလ၊ ဗိုလ်ထုရယ်မြောက်အမြားရယ်နှင့်၊ နဂါးတွေရေမှာစံကြတော့၊ သေလာယံ ဗွေအထက်ဆီက၊ မြေပျက်အောင် ကြွက်အပေါင်းရယ်တို့၊ ပေါင်းရှစ်လီဗိုလ်ခြေနှင့်၊ မူပွေအောင်မွေမဲ့ ကိန်းဟာမို့၊ ရှောင်တိမ်းကာ ပညာနှင့်သိကြတော့၊ ပြေးစရာမြေမရှိမှာကြောင့်၊ ပြည်ကြီးသူ မြောက်အမြားရယ်တို့၊ မြတ်ဘုရားရွှေတိဂုံမတော့၊ အရိုးပုံတောင်လောက်နီးလိမ့်မတဲ့၊ အပြီးသတ်ကိမ်းမဟီ ငြိမ်းပြီလို့ မထင်သေး။
သောအဋ္ဌနဝတိုင်အောင်၊ လောင်လိမ့်မည် ထိန်ထိန်ပြောင်၊ ကမ္ဘာမီးရယ်က၊ ဖိစီးကာ ပျက်ပြိုပြန်းကြတော့၊ သုံးလူ့သျှင်သာသနာက၊ မှေးရောင်ဝါတခဏကိန်းရယ်နှင့်၊ ခေတ်သိမ်းမည် သည်အခါမျှော်ကြတော့၊ မောင်းထောင်ခေါ်ကျော်ဆရာကဝိရယ်က၊ သတ္တဝါတွေဘယာအခြေသိစေဘို့ကွယ်၊ နှိုးသတိပေး။
ခက်ဆစ်
[ပြင်ဆင်ရန်]၁။ အတ္တော = ဆိုလိုရင်းအနက်သဘော။
၂။ အဇဋာ = ထက်ကောင်းကင်။
၃။ သေလာယံ = ကျောက်တောင်ထိပ်အထက်မှ၊ ဤတွင်အချို့စာမူ၌ ဝေဟာယံအထက်ဟု ရှိသည်။ ဝေဟာယံဆိုလျှင် အထက်ကောင်းကင်မှဟု အနက်ရသည်။
၄။ ကိန်းမဟီ = ကြီးသောကိန်း၊ ကိန်းကြီး။
မှတ်ချက်
[ပြင်ဆင်ရန်]ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် နာမည်ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော နာမည်ကို ပေးထားခြင်း ဖြစ်သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။