ဗွေတစ်ရာ ကြာတစ်လုံး
ပုံပန်းသွင်ပြင်
ဗွေတစ်ရာ ကြာတစ်လုံး သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[၁]
အဓိပ္ပာယ်
[ပြင်ဆင်ရန်]“ဗွေတစ်ရာ ကြာတစ်လုံး” ဆိုသည်မှာ နွားနှင့် မြင်းများတွင် မည်မျှပင် ဗွေဆိုးများ ပါရှိစေကာမူ နဖူးပြင်တွင် ကြာပါရှိပါက ထိုဗွေဆိုးများ၏ အကျိုးသက်ရောက်မှုများ ပျောက်ကွယ်သွားသည်ဟု ဆိုလိုသည်။ ဗွေဆိုသည်မှာ တိရစ္ဆာန်များ၏ အမွေးတွင် ပါရှိသော ရစ်ဝိုင်းပုံစံဖြစ်သည်။ ဗွေအမျိုးအစားပေါ်မူတည်၍ ကောင်းသောဗွေ၊ မကောင်းသောဗွေဟု ခွဲခြားသတ်မှတ်ကြသည်။ ကြာဆိုသည်မှာ နဖူးတွင် ပါရှိသော အဖြူရောင်အကွက်ကို ဆိုလိုသည်။ ဤဆိုရိုးစကားသည် တိရစ္ဆာန်များ၏ ဗွေနှင့် ကြာပါရှိမှုအပေါ် မူတည်၍ ကောင်းကျိုး၊ ဆိုးကျိုးများ သက်ရောက်နိုင်သည်ဟု ယုံကြည်မှုနှင့် ဆက်စပ်နေသည်။ ကြာပါရှိခြင်းသည် ဗွေဆိုးများ၏ အကျိုးသက်ရောက်မှုကို ဖျက်ဆီးနိုင်သည်ဟု ယုံကြည်ကြသည်။
ကိုးကားချက်များ
[ပြင်ဆင်ရန်]- "ဗွေတစ်ရာ ကြာတစ်လုံး။ ဤကား လူတို့အဆိုဖြစ်၏။ မည်ကဲ့သို့ပင် ဗွေဆိုးဗွေကောင်းများ အရေအတွက် တစ်ရာပင် ပါပါစေ၊ နွား၏ ထိပ်ထက် နဖူးပြင်၌ ကြာပါသော နွားများမှာ အညံ့ဟူသမျှ ပျောက်ရသည်ချည်းဖြစ်ကုန်၏။ (ကြာဟူသည် အဖြူကွက်ကို ခေါ်၏။)" [၂]
- "ဗွေဆိုးမည်မျှ ပါရှိစေကာမူ ကြာဗွေပါလျှင် ဗွေဆိုးများ ပပျောက်၍ ကောင်းသည်ဟု ဆိုပါသည်။ ဗွေတစ်ရာ ကြာတစ်လုံးဟု စကားလာပါသည်။ ကြာဗွေဟူသည်မှာ ဦးကင်းထိပ်တွင် ကြာဖြူကွက်ပါရှိ၍ ၎င်းကြာကွက်ထဲတွင် ဗွေတစ်လုံးပါရှိသည်ကို ခေါ်ပါသည်။" [၃]