မာတိကာသို့ ခုန်သွားရန်

မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိ

ဝီကီပီးဒီးယား မှ

မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိ သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[]

အဓိပ္ပာယ်

[ပြင်ဆင်ရန်]

“မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိ” ဆိုသည်မှာ မည်သူမျှ မမြင်နိုင်သော တိတ်ဆိတ်သော နေရာတွင်ပင် မကောင်းမှုတစ်ခုကို ပြုလုပ်ခဲ့လျှင် ထိုအမှုကို တစ်ချိန်ချိန်တွင် လူအများက သိရှိသွားနိုင်သည်ဟု ဆိုလိုသည်။ မကောင်းမှုကို မည်သည့်အခါမျှ ဖုံးကွယ်ထားနိုင်မည် မဟုတ်ကြောင်း၊ အချိန်တန်လျှင် ပေါ်ပေါက်လာမည်ဖြစ်ကြောင်းကို ဤဆိုရိုးစကားက သွန်သင်သည်။ မကောင်းမှုပြုလုပ်ရန် မကြိုးစားသင့်ကြောင်းကိုလည်း သွယ်ဝိုက်၍ ဆိုလိုသည်။

ကိုးကားချက်များ

[ပြင်ဆင်ရန်]
  • "မကောင်းမှုကို ပြုရန် ဆိတ်ကွယ်ရာ အရပ်သည်မရှိ။" []
  • "ရာဇဝတ်ဘေး ပြေးမလွတ်နိုင်ဟူသောစကားကို အောင်ပိုင်တစ်ယောက် သတိ မချပ်မိလေရော့သလား (သို့တည်းမဟုတ်) မကောင်းမှုဟူ သည် ဆိတ်ကွယ်ရာမရှိ ပေါ့ပေါ့တန်တန် တွက်ဆခဲ့လေသလား မဆိုနိုင်၊" []
  • "လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း မင်းပြု၏။ ထိုဗာရာဏသီပြည်၌ ဒိသာပါမောက္ခ ဆရာတစ်ဦးရှိ၏။ ထိုဆရာထံ၌ ငါးရာသော လုလင်တို့သည် အတတ်ပညာ သင်ယူကြ၏။ ဒိသာပါမောက္ခဆရာ၌ အရွယ်ရောက်သော သမီးတစ်ယောက် ရှိ၏။ တစ်ခါသော် ဆရာသည် "တပည့်များအနက် အကျင့်သီလနှင့် ပြည့်စုံသော တပည့်တစ်ဦးဦးနှင့် မိမိ၏သမီးကို ထိမ်းမြားလျှင် သင့်အံ့"ဟု အကြံ ဖြစ်၏။ တစ်နေ့သ၌ ဆရာသည် တပည့်လုလင်တို့ကို ခေါ်၍ "အမောင်တို့၊ သင်တို့သည် ငါ၏သမီးကို ထိမ်းမြားလိုအံ့၊ မိမိတို့အိမ်မှ အဝတ်တန်ဆာများကို အမိအဖ၊ အဆွေအမျိုးတို့ မမြင်ကွယ်ရာမှ တိတ်တဆိတ် ယူဆောင်ခဲ့လော့"ဟု ဆို၏။ လုလင်တို့အနက် အကြီးအကဲဖြစ်သောလုလင်မှတစ်ပါး ကျန်သော လုလင်တို့သည် ဆရာမှာသည့်အတိုင်း အဝတ်တန်ဆာတို့ကို ခိုးယူခဲ့ကြ၏။ ထိုအခါ ဆရာက အကြီးအကဲလုလင်အား "အမောင်၊ အဘယ်ကြောင့် အဝတ်တန်ဆာကို မယူခဲ့သနည်း"ဟု မေးသော် "ဆရာ၊ သူတစ်ပါး၏ အဝတ်တန်ဆာကို ခိုးယူခြင်းသည် မကောင်းမှု ဖြစ်ပါသည်။ မကောင်းမှုကို မမြင်သာသော အရပ်သည် မရှိပါ။ မကောင်းမှုအတွက် ဆိတ်ကွယ်ရာဟူသည်မရှိ ပါ။ ထို့ကြောင့် အဝတ်တန်ဆာကို မယူခဲ့ပါ"ဟု ဆို၏။ ထိုအခါ ဆရာက "တပည့်၊ သင်သည် မကောင်းမှုကိုလည်း သိ၏။ မကောင်းမှုအတွက် ဆိတ်ကွယ်ရာအရပ် မရှိသည်ကိုလည်း သိ၏။ မကောင်းမှုကိုလည်း ရှောင်ကြဉ်နိုင်၏"ဟုဆိုကာ မိမိ၏သမီးနှင့် ထိမ်းမြား၏။ []

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
  2. [၁၃၁၂] ငါးကောက်၊ ဒု။ ၄၀၂။
  3. [၁၃၅၄] မှုခင်းစုံ။ ၁၈၄။
  4. ခုဒ္ဒကနိကာယ်၊ ၃၀၅-သီလဝီမံသနဇာတ်။