မရဏ
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
![]() |
မရဏ [၁] ဟူသော စကားလုံးသည် အောက်ပါအဓိပ္ပါယ်များရှိသည်။
- (က) သေခြင်း၊ ပျက်စီးခြင်း၊ ရွေ့လျောခြင်း။
- (ခ) သေမင်း။
- (တိ) (ဂ) သေလတ္တံ့သော၊ သူ။
ကျမ်းဂန်များတွင် ဖော်ပြချက်
[ပြင်ဆင်ရန်]- "မဂုဏဝါ နိဂစ္ဆေယျ" [၂]
- "ဇာတိမရဏသံသာရန္တိ ခန္ဓ-နိဗ္ဗတ္တိံ ဇာတိံ ခန္ဓဘေဒံ မရဏံ" [၃]
- "မရန္တိ ဧတေနာတိ မရဏံ" [၄]
- "မတံ မရဏံ ဝိနာသော" [၅]
- မရဏမုခ၊ မရဏမုတ္တ-တို့ကြည့်။
- မရဏကသတ္တ-ကြည့်။
ထိုမရဏသည် ဖြစ်ဆဲဘဝမှ ရွေ့လျောခြင်း လက္ခဏာရှိ၏၊ ကွေကွင်းရခြင်း ကိစ္စရှိ၏၊ [၆]
ဝိဘင်းပါဠိတော်၌လည်း -
ထိုဇရာ၊ မရဏ နှစ်ပါးတို့တွင် မရဏဟူသည် အဘယ်နည်း၊ ထိုထိုသတ္တဝါတို့၏ ထိုထို သတ္တနိကာယမှ ရွေ့လျောခြင်းသဘော ရွေ့လျောသည်၏ အဖြစ် ပြိုကွဲခြင်းသဘော ပျောက်ကွယ်ခြင်းသဘော မစ္စုဟု ခေါ်ဆိုအပ်သော သေခြင်းသဘော၊ အဆုံးကို ပြုခြင်းသဘော ခန္ဓာတို့၏ ပျက်စီးပြိုကွဲခြင်းသဘော အလောင်းကောင်ကို ပစ်ချခြင်းသဘော ဇီဝိတိန္ဒြေ၏ ပြတ်စဲခြင်းသဘောသည်ရှိ၏၊ ဤသဘော အလုံးစုံကို မရဏဟု ဆိုအပ်၏ ဟု ဘုရားရှင်ကိုယ်တော်တိုင် ဟောတော်မူလေသည်။[၇]
မရဏ အမျိုးအစားများ
[ပြင်ဆင်ရန်]မရဏ ၂-မျိုးရှိသည်။
- ပျက်စီးခြင်း အမှတ်လက္ခဏာရှိသော သင်္ခတလက္ခဏမရဏ။
- တစ်ဘဝ၌ အကျုံးဝင်သော ဇီဝိတိန္ဒြေ ပြတ်စဲခြင်း ဟူသော မရဏ။ [၈]
မရဏ ၃-မျိုးလည်းရှိသည်။
- ခဏိကမရဏ= ရုပ်နာမ် တရားတို့၏ ဘင်ခဏသို့ ရောက်ခြင်းကို ခဏိကမရဏဟုခေါ်သည်။
- သမ္မုတိမရဏ= သေဆုံးသောအားဖြင့် တစ်ဘဝ စခန်းသိမ်းခြင်းကို သမ္မုတိမရဏဟုခေါ်သည်။ ကောက်ပင် သေပြီ၊ သစ်ပင်သေပြီဟု ပြောဆိုရာ၌ ကောက်ပင် သစ်ပင်တို့ဝယ် ဇီဝိတိန္ဒြေ မရှိသောကြောင့် သမ္မုတိမရဏ ဟုပင်ခေါ်ရသည်။
- သမုစ္ဆေဒမရဏ= ဘုရား ရဟန္တာတို့၏ နောင်အခါ ပဋိသန္ဓေ မနေသောအားဖြင့် ပရိနိဗ္ဗာန်ပြု (သေဆုံး)ခြင်းကို သမုစ္ဆေဒမရဏဟု ခေါ်သည်။
သမ္မုတိမရဏ၏ အမည်ကွဲများမှာ
[ပြင်ဆင်ရန်]- ဇာတိက္ခယမရဏ= တစ်ဘဝကုန်ခန်းပျက်စီး ချုပ်ပျောက်ခြင်းသည် ဇာတိက္ခယမရဏမည်။ [၉]၌ ဇာတိပစ္စယ မရဏဟု ရှိသည်။
- ဥပက္ကမမရဏ= အသက်အပိုင်းအခြား ကောင်းမှုကံ ဤနှစ်ပါးရှိသေးလျက် မိမိလုံ့လ သူတစ်ပါးလုံ့လကြောင့် ဥပစ္ဆေဒက၏ အစွမ်းဖြင့် သေခြင်းသည် ဥပက္ကမမရဏမည်။ တိုက်ပွဲ၌ ကျဆုံးခြင်းကား တိုက်ခိုက်ခံရ၍ သေဆုံးခြင်း၊ ရေနစ်သေဆုံးခြင်းစသည်ကို ဥပက္ကမမရဏဟု ဆိုလိုသည်။
- သရသမရဏ= အသက်အပိုင်းအခြား ကောင်းမှုကံ ကုန်ခြင်းကြောင့် သေဆုံးခြင်းသည် သရသမရဏမည်။
- အာယုက္ခယမရဏ= ကာလရှည်စွာ ခံစားရသောအကောင်းမှုကံ ရှိလျက် အသက်အပိုင်းအခြား (သက်တမ်း) ကုန်၍ သေဆုံးရခြင်းသည် အာယုက္ခယမရဏမည်။
- ပုညက္ခယမရဏ= ထိုထိုသော လူ့ပြည်နတ်ပြည်တို့၌ အသက်အပိုင်းအခြား ရှိပါသေးလျက် အားနည်းသော ကောင်းမှုကံဖြင့် လူ၏အဖြစ် နတ်၏အဖြစ်ကို ရသောသူ၏ ကောင်းမှုကံကုန်ခြင်းကြောင့် သေဆုံးရခြင်းသည် ပုညက္ခယမရဏမည်။ [၁၀]
အဘိဓမ္မတ္ထသင်္ဂဟ (၅၊ ၈၉)၌ သေခြင်းလေးမျိုး ပြဆိုထားသည်။
- အာယုက္ခယမရဏ = အသက်တမ်းကုန်၍ သေဆုံးခြင်း။
- ကမ္မက္ခယမရဏ = ကံကုန်၍ သေဆုံးခြင်း။
- ဥဘယက္ခယမရဏ = အသက်တမ်း ကံစွမ်း နှစ်ပါးကုန်၍ သေဆုံးခြင်း။
- ဥပစ္ဆေဒကမရဏ (ဥပက္ကမမရဏ-နှင့်တူ) = ကပ်၍ဖြတ်တတ်သောကံကြောင့် သေဆုံးခြင်း။
ဝိသုဒ္ဓိမဂ်အဋ္ဌကထာ [၁၁]၌ အာယုက္ခယ, ကမ္မက္ခယ, ဥဘယက္ခယ ၃-မျိုးကို လည်းကောင်း၊ ဥပစ္ဆေဒမရဏကို အကာလမရဏဟုလည်းကောင်း သုံးနှုန်းသေးသည်။
ဓမ္မပဒအဋ္ဌကထာ [၁၂]၌ အာယုက္ခယ၊ ပုညက္ခယ၊ အာဟာရက္ခယ = အစာစားချိန် မစားမိသဖြင့် အာဟာရပြတ် သေဆုံးခြင်း၊ ကောပ = ပြင်းထန်သော အမျက်ဒေါသကြောင့် သေဆုံးခြင်းဟု နတ်စုတ်လေးမျိုး ထုတ်ပြထားသည်။
မရဏကိုးပါး
[ပြင်ဆင်ရန်]ဘဝကိုးပါးနှင့် ယှဉ်စပ်၍ မရဏသည် အောက်ပါအတိုင်း ကိုးပါးအပြား ရှိသည်။ ၎င်းတို့မှာ -[၁၃] [၁၄]
- ကာမမရဏ
- ရူပမရဏ
- အရူပမရဏ
- သညီမရဏ
- အသညီမရဏ
- နေဝသညီနာသညီမရဏ
- ဧကဝေါကာရမရဏ
- စတုဝေါကာရမရဏ
- ပဉ္စဝေါကာရမရဏ စသည်တို့ ဖြစ်သည်။ ကာမအတ္တဘောတို့၏ သေမှုသည် ကာမမရဏ ဖြစ်သည်။ အခြားသောမရဏများလည်း ဤသို့ပင် ဖြစ်သည်။[၁၄]
လေးပါးအပြား
[ပြင်ဆင်ရန်]ထိုမှတစ်ပါးလည်း -
- အာယုက္ခယမရဏ - အသက်တမ်းကုန်၍ သေခြင်း
- ကမ္မက္ခယမရဏ - ကံအစွမ်းကုန်၍ သေခြင်း
- ဥဘယက္ခယမရဏ - အသက်, ကံ နှစ်ပါးကုန်၍ သေခြင်း
- ဥပစ္ဆေဒကမရဏ - ကံဆိုးဖြတ်ချွေ၍ သေခြင်းတို့ ဖြစ်သည်။
အာယုက္ခယမရဏ ဆိုသည်မှာ ဘုံဘဝတို့၌ အမျိုးမျိုးသော အာယုကပ်အပိုင်းအခြားတို့သည် ပဋိသန္ဓေတည်နေသောအခါ ရှေးဦးစွာဖြစ်ပေါ်သော နာမ်ရုပ်တို့၏ ချုပ်ခြင်းမှစ၍ အစဉ်အတိုင်း ကုန်ဆုံးချုပ်ကွယ်ခြင်းသို့ ရောက်ကြ၏။ ထိုအသက်တမ်းတို့၏ အားလုံးကုန်ဆုံးသဖြင့် သေလွန်ခြင်းသည် အာယုက္ခယမရဏ မည်သည်။
စေတနာတည်းဟူသော ကံ၏ ချုပ်ပုံနှစ်မျိုးတို့တွင် ဒုတိယဖြစ်သော ကံ၏အစွမ်းချုပ်ဆုံးမှုကြောင့် သေခြင်းသည် ကမ္မက္ခယမရဏ မည်သည်။
အသက်တမ်း၊ ကံစွမ်းနှစ်ပါးတို့၏ အညီအမျှ ကုန်ဆုံးသဖြင့် သေခြင်းသည် ဥဘယက္ခယမရဏ မည်သည်။
အသက်ကို ဖြတ်ချွေတတ်သည့် ဥပစ္ဆေဒကမရဏ ကံမျိုးသည် (၁) အတိတ်ကံ၊ (၂) ပစ္စုပ္ပန်ကံ ဟူ၍ နှစ်ပါးရှိသည်။[၁၄]
ဆက်စပ်ဖတ်ရှုရန်
- (၁၁) ဇာတိပစ္စယာ ဇရာမရဏံ
- မရဏသဒ္ဒါ၏ အနက်မှန်
- မရဏဿတိ = မရဏာနုဿတိကမ္မဋ္ဌာန်း
- နိဗ္ဗာနဂါမိနိပဋိပဒါ-တတိယတွဲ/ဇာတိပစ္စယာ_ဇရာမရဏံ
- ၁၂။ (ခ) မရဏ
- မရဏကို အကျယ်ပြချက်
ကိုးကား
- ↑ (န) [မရ+ယု။ ပဋိသံ၊ဋ္ဌ၊၁၊၈၄၊ ၈၇။]
- ↑ ဝိ၊၁၊၆။ ၂၄။ (ဒီ၊၂၊၂၂၊ ၂၄၄။ မ၊၁၊၈၂။ သံ၊၁၊၂။ ထေရ၊၂၂၄။)
- ↑ သုတ္တနိ၊ဋ္ဌ၊၂၊၂၂၂။
- ↑ ပဋိသံ၊ဋ္ဌ၊၁၊၈၄။ (ထေရ၊ဋ္ဌ၊၁၊၆၁၊ ၉၁။)
- ↑ အံ၊ဋီ၊၁၊၂၈၇။
- ↑ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ(ဒု-၁၃၃)
- ↑ “တတ္ထ ကတမံ မရဏံ၊၊ ယာ တေသံ တေသံ သတ္တာနံ တမှာ တမှာ သတ္တနိကာယာ စုတိ စဝနတာ ဘေဒေါ အန္တရဓာနံ မစ္စု မရဏံ ကာလကိရိယာ ခန္ဓာနံ ဘေဒေါ ကဠေဝရဿ နိက္ခေပေါ ဇီဝိတိန္ဒြိယဿပစ္ဆေဒေါ၊ ဣဒံ ဝုစ္စတိ မရဏံ” (အဘိ၊၂၊၁၄၄)။
- ↑ ပဋိသံ၊ဋ္ဌ၊၁၊၇။
- ↑ အဘိ၊ဋ္ဌ၊၂၊သျ
- ↑ အဘိ၊ဋ္ဌ၊၂၊၉၅၊ ပဋိသံ၊ဋ္ဌ၊၁၊၁၃၅-၆။ အဘိ၊ဋ္ဌ၊၂၊သျ-၁၊ ၂၇၂။ အဘိဓမ္မတ္ထသင်္ဂဟ (၅၊ ၈၉)။ ဝိသုဒ္ဓိမဂ်အဋ္ဌကထာ (၁။ ၂၂၂)။ ဓမ္မပဒအဋ္ဌကထာ (ဓမ္မ၊ဋ္ဌ၊၁၊၁၁၀)။
- ↑ (ဝိသုဒ္ဓိ၊၁၊၂၂၂)
- ↑ (ဓမ္မ၊ဋ္ဌ၊၁၊၁၁၀)
- ↑
လယ်တီဆရာတော် (အောက်တိုဘာလ ၁၉၈၀၊ သာသနာ ၂၅၂၄၊ ကောဇာ ၁၃၄၂)။ ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီး ပြုစုတော်မူသော ဥတ္တမပုရိသဒီပနီ။ ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်၊ သာနာရေးဦးစီးဌာန။
|date=
ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ) - ↑ ၁၄.၀ ၁၄.၁ ၁၄.၂ လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီး (ဘာသာပြန်ဆိုသူ)။ ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး၏ ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း (တတိယအကြိမ် ed.)။