မာတိကာသို့ ခုန်သွားရန်

မာသီလ်ဒေ (ဩစတြီးယား၏ မင်းသမီး)

ဝီကီပီးဒီးယား မှ

သြစတြီးယား၏ မာသီလ်ဒေ(ဂျာမန်: Mathilde von Österreich မာသီလ်ဒေ ဖောန် ဧစတာရိုက်ရှ်, ၂၅ ဇန်နဝါရီ ၁၈၄၉ ~ ၆ ဇွန် ၁၈၆၇)သည် ဟာ့ပ်စ်ဘွတ်ရ်ဂ်-လော်သရင်ဂဲန် မိသားစုခွဲ တယ်ရှဲန် မြို့စားမိသားစု၏ မင်းသမီး ဖြစ်သည်။

မာသီလ်ဒေ ဖောန် ဧစတာရိုက်ရှ်

ကံတော်ကုန်ခြင်း

[ပြင်ဆင်ရန်]

အသက် ၁၈ နှစ်အရွယ် မင်းသမီး မာသီလ်ဒေသည် ၁၈၆၇ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် ဧကရီ ဧလီဇဘက်သ်၏ ဗီယင်နာ စံအိမ်ဖြစ်သည့် ဟယ်ဂျဲန်ဒေါ့ရ်ဖ် ရဲတိုက်၌ ခန္ဓာမီးကျွမ်း၍ ကံတော်ကုန်ခဲ့သည်။ မာသီလ်ဒေသည် ပြဇာတ်ရုံသို့ သွားဖို့ရာ ပိတ်ကျဲစဝတ်စုံကို ဝတ်ဆင်ထားပြီး လေသာဆောင်သို့ ထွက်ကာ ဆေးလိပ်မီးညှိနေခဲ့သည်။ ထိုအချိန်တွင် သမီးထံသို့ ဆေးလိပ်သောက်ခြင်းကို အမြဲ တားမြစ်သော ဖခင် မြို့စားကြီး အာလ်ဗရဲတ် ရောက်ရှိလာသောကြောင့် မာသီလ်ဒေသည် ဆေးလိပ်ကို ဝတ်စုံနောက်၌ အမြန် ဝှက်ထားလိုက်သည်။ ဝတ်စုံမှ မီးလောင်လွယ်သော ပိတ်ကျဲစတို့သည် ဆေးလိပ်မီးနှင့် တို့မိလျက် ချက်ခြင်း မီးလောင်သွားပြီး ဝတ်စုံအနှံ့ မီးကူးသွားခဲ့သည်။ မာသီလ်ဒေသည် မီးလောင်ဒဏ်ရာများကို အပြင်းအထန် ခံစားခဲ့ရပြီး ကံတော်ကုန်ခဲ့သည်။

ပြင်ပ လင့်များ

[ပြင်ဆင်ရန်]