မာတိကာသို့ ခုန်သွားရန်

မောင်တောတိုက်ပွဲ

ဝီကီပီးဒီးယား မှ
မောင်တောတိုက်ပွဲ
မြန်မာ့ပြည်တွင်းစစ် (၂၀၂၁-လက်ရှိ)၏ တစ်စိတ်တစ်ပိုင်း
ရက်စွဲ၂၁ မေ ၂၀၂၄ – ၉ ဒီဇင်ဘာ ၂၀၂၄
နေရာမောင်တောမြို့နယ်၊ မြန်မာနိုင်ငံ
ရလဒ် အာရက္ခတပ်တော် အနိုင်ရ
နယ်နမိတ်
ပြောင်းလဲမှုများ

မောင်တောကို အာရက္ခတပ်တော် သိမ်းပိုက်သည်

စစ်ရင်ဆိုင်သည့် နိုင်ငံများ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော်
ရိုဟင်ဂျာညီညွတ်ရေးအဖွဲ့
[][]
အာရက္ခတပ်တော်
တပ်မှူးများနှင့် ခေါင်းဆောင်များ
သူရိန်ထွန်း
ပါဝင်သည့် တပ်ဖွဲ့များ

 တပ်မတော်

အာရက္ခတပ်တော်
အသေအပျောက်
၅၀၀ မှ ၆၀၀ ခန့် သေဆုံး[]
အဖမ်းခံသူ ၃၀၀ ကျော်

အာရက္ခတပ်တော်

  • မသိရ

၂၀၂၄ မေလ ၂၁ ရက်နေ့တွင် အာရက္ခတပ်တော် (AA) သည် မောင်တောမြို့နယ်တွင် ထိုးစစ် စတင်ခဲ့သည်။ ဤစစ်ဆင်ရေးသည် ခန့်မှန်းခြေအရ ခြောက်လကြာမြင့်ခဲ့ပြီး၊ နောက်ဆုံးတွင် ၂၀၂၄ ဒီဇင်ဘာ ၈ ရက်နေ့တွင် မြို့နယ်ကို သိမ်းပိုက်ရာတွင် အောင်မြင်ခဲ့သည်။ ထိုကြောင့် ဘင်္ဂလားဒေ့ရှ် နှင့် တိုင်းနယ်စပ် အလျား ၂၇၁ ကီလိုမီတာလုံး၌ အာရက္ခတပ်တော်က ထိန်းချုပ်မှု အပြည့်အဝ ရရှိလာခဲ့သည်။[][]

နောက်ခံ

[ပြင်ဆင်ရန်]

မောင်တောမြို့နယ်သည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တည်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော အဓိကမြို့နယ်တစ်ခုဖြစ်ကာ ရိုဟင်ဂျာအသိုက်အဝန်းများ အများစုနေထိုင်သည်။ တိုက်ပွဲမဖြစ်ပွားမီက မြန်မာ့တပ်မတော်သည် မောင်တောတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့များမှ တဆင့် စခန်းငယ်များစွာကို ထိန်းချုပ်ထားခဲ့သည်။

အချိန်မှတ်တမ်း

[ပြင်ဆင်ရန်]

တိုက်ပွဲသည် အာရက္ခတပ်တော် မှ မောင်တောမြို့ကို ထိန်းချုပ်ရန် အကြီးစား ထိုးစစ်တစ်ရပ် စတင်ခဲ့သည့် ၂၀၂၄ ခုနှစ် မေလ ၂၁ ရက်နေ့တွင် စတင်ခဲ့သည်။[][] မောင်တောမြို့၏ နယ်နိမိတ်အနားရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းနှစ်ခုဖြစ်သော လေးမိုင်ရွာရှိ တပ်ရင်း ၄ နှင့် မြို့သူကြီးရပ်ရှိ တပ်ရင်း ၅ တို့ကို တိုက်ပွဲများ ဦးတည်ခဲ့သည်။ AA တပ်သည် မောင်တောမြို့ကို အဖက်ဖက်မှ ဝန်းရံထိုးစစ်ဆင်ပြီး စစ်ကောင်စီတပ်များကို ကြိတ်အနယ်ဖြစ်စေခဲ့သည်။[][] ပထမနေ့တွင် အစိုးရ စစ်တပ်က မိုးမလင်းမီ ရွှေဗဟိုနှင် ဗောဓိကုန်းရွာများအပါအဝင် မောင်တော၏ အနီးနားရှိကျေးရွာများကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး AA တပ်၏ လှုပ်ရှားမှုများကို တားဆီးရန် ကြိုးစားခဲ့သည်။ ထိုတိုက်ခိုက်မှုများကြောင့် ပြည်သူများသို့ထိခိုက်မှုရှိသော်လည်း အေအေတပ်၏ လှုပ်ရှားမှုများကို ရပ်တန့်စေနိုင်ခြင်း မရှိခဲ့ပါ။[၁၀]

ဇွန်လတွင် AA သည် တိုက်ပွဲများကို ပိုမိုအရှိန်မြင့်စွာ ပြုလုပ်ခဲ့ပြီး၊ မောင်တောရှိ ကျန်ရစ်သော ပြည်သူ ၂၀,၀၀၀ ကို ဇွန် ၁၆ ရက်နေ့ ည ၉ နာရီနောက်ဆုံးထားကာ ထွက်ခွာရန် သတိပေးခဲ့သည်။ စစ်ကောင်စီတပ်များသည် လမ်းမများ၊ အိမ်များတွင် အတားအဆီးများ၊ ကတုတ်ကျင်းများ ပြုလုပ်ပြင်ဆင်ထားခဲ့သည်။ ဇွန်လနှောင်းပိုင်းတွင် မြို့ပတ်လည်ရှိ စခန်းများအားလုံးကို အေအေက သိမ်းပိုက်နိုင်ခဲ့ပြီး မြို့အား သီးခြားဖြစ်စေခဲ့သည်။[၁၁][၁၂]

ဩဂုတ်တွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာခဲ့ပြီး ဩဂုတ် ၂၄ မှ ဩဂုတ် ၂၆ အထိ သုံးရက်ကြာ တိုက်ပွဲ အကြီးအကျယ် ဖြစ်ပွားခဲ့သည်။ အဆိုပါကာလအတွင်း စစ်ကောင်စီတပ်သား ၁၀၀ ကျော်သေဆုံးကာ ဒါဇင်ခန့် ဖမ်းဆီးခံခဲ့ရသည်။[၁၃] ဖမ်းဆီးရမိသော လက်နက်များအသုံးပြုကာ လက်ကျန် စစ်စခန်းများကို အေအေက ဆက်လက် တိုက်ခိုက်ခဲ့သည်။[၁၄]

၅၅ ရက်ကြာ တိုက်တွဲများ ဖြစ်ပွားပြီးနောက် ၂၀၂၄ ဒီဇင်ဘာ ၇ ရက်နေ့တွင် အပြင်ဖက် ခံစစ်စခန်းများကို အေအေက ထိုးဖောက်ဝင်ရောက်နိုင်ခဲ့သည်။[၁၅] နောက်တစ်ရက်ဖြစ်သော ဒီဇင်ဘာလ ၈ ရက်နေ့တွင် အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းကို သိမ်းပိုက်ကာ ဗိုလ်ချုပ်ကြီးသူရိန်ထွန်းအား ဖမ်းဆီးရမိခဲ့သည်။ လက်နက်ချသော စစ်ကောင်စီတပ်သားများမှာ ဒဏ်ရာရနေကြပြီး အဝတ်ဖြူများဝှေ့ရမ်းလျက်ရှိသည်ကို ဗီဒီယိုတစ်ခုတွင် မြင်တွေ့ရသည်။ အမှတ်၅ နယ်ခြားစောင့်စခန်း ကျဆုံးခြင်းနှင့်အတူ အေအေသည် ၂၇၁ ကီလိုမီတာအရှည်ရှိသော ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်နှင့် မောင်တောမြို့ကို အလုံးစုံ ထိန်းချုပ်ရရှိခဲ့သည်။[၁၆][၁၇][၁၈]

ကိုးကား

[ပြင်ဆင်ရန်]
  1. Archived copy။ March 21, 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ March 28, 2025 တွင် ပြန်စစ်ပြီး။
  2. https://en.prothomalo.com/international/south-asia/glda6oorl2
  3. a three-day battle from August 24 to 26, 2024, resulted in more than 100 junta soldiers and affiliates being killed, according to the AA. Similarly, in December, 450 junta soldiers were killed in an attack on the 5th Border Guard Police Battalion (NaKhaKha-5), resulting in 500 approx.
  4. Irrawaddy၊ The (2024-12-09)။ AA Takes Complete Control of Myanmar-Bangladesh Border After Seizing Maungdaw (in en-US)။ 2025-03-25 တွင် ပြန်စစ်ပြီး။
  5. AA details capture of last junta stronghold in Maungdaw (in en-US)။ 2025-03-25 တွင် ပြန်စစ်ပြီး။
  6. Myanmar rebels say victory is near after battle near Bangladesh border
  7. Mathieson၊ David Scott (2024-08-21)။ 'Rashomon effect' obscures Rakhine war atrocities in Myanmar (in en-US)။ September 18, 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-03-28 တွင် ပြန်စစ်ပြီး။
  8. Irrawaddy၊ The (2017-09-05)။ Rakhine Violence: On the Ground in Maungdaw (in en-US)။ December 5, 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-03-28 တွင် ပြန်စစ်ပြီး။
  9. Irrawaddy၊ The (2024-05-22)။ Arakan Army Launches Battle For Control of Myanmar’s Border With Bangladesh (in en-US)။ 2025-03-28 တွင် ပြန်စစ်ပြီး။
  10. Irrawaddy၊ The (2024-05-22)။ Arakan Army Launches Battle For Control of Myanmar’s Border With Bangladesh (in en-US)။ 2025-03-28 တွင် ပြန်စစ်ပြီး။
  11. AA captures 4 more military bases in Maungdaw, 200 junta soldiers killed (in en)။ 2025-03-28 တွင် ပြန်စစ်ပြီး။
  12. AA warns Maungdaw residents that it is about to launch offensive – ENG.MIZZIMA.COM (in en-US)။ September 19, 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-03-28 တွင် ပြန်စစ်ပြီး။
  13. Arakan Army claims over 100 junta soldiers killed in Maungdaw battle as fighting intensifies across Rakhine State – ENG.MIZZIMA.COM (in en-US)။ September 17, 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-03-28 တွင် ပြန်စစ်ပြီး။
  14. Myanmar rebels say victory is near after battle near Bangladesh border
  15. AA details capture of last junta stronghold in Maungdaw (in en-US)။ 2025-03-28 တွင် ပြန်စစ်ပြီး။
  16. bdnews24.com။ Arakan Army takes full control of Myanmar's western border with Bangladesh after seizing key town (in en)။ 2025-03-28 တွင် ပြန်စစ်ပြီး။
  17. Ethnic Armed Group Claims Full Control of Myanmar’s Border With Bangladesh (in en-US)။ March 16, 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-03-28 တွင် ပြန်စစ်ပြီး။
  18. Ethnic armed group claims capture of a strategic Myanmar town and control of border with Bangladesh (in en) (2024-12-09)။ 2025-03-28 တွင် ပြန်စစ်ပြီး။