မောင်မောင်တင့်
မောင်မောင်တင့် | |
---|---|
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၃) ပြည်ထောင်စုဝန်ကြီး | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၃၁ ဇန်နဝါရီ ၂၀၂၅ | |
ယခင်လူ | ဦးအောင်နိုင်ဦး |
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် | |
တာဝန်သက်တမ်း ၂၀ ဖေဖော်ဝါရီ ၂၀၂၁ – ၃၁ ဇန်နဝါရီ ၂၀၂၅ | |
ကိုယ်ရေး အချက်အလက်များ | |
နိုင်ငံသား | မြန်မာ |
ဦးမောင်မောင်တင့် သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၃) ၏ ပြည်ထောင်စုဝန်ကြီးဖြစ်သည်။ယင်းမတိုင်မီက သူသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့သည်။[၁]
ဝန်ထမ်းဘဝ
[ပြင်ဆင်ရန်]သူသည် နိုင်ငံဝန်ထမ်းဘဝ တွင် နှစ်ပေါင်း ၃၅နှစ်ကျော် နီးပါးတာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ဝန်ထမ်းဘဝတွင် အမြင့်ဆုံးတာဝန်ထမ်းဆောင်ခဲ့သည့် ရာထူးမှာ အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန တို့ရှိ စီမံကိန်းစိစစ်ရေးနှင့်တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန[၂] နှင့် စီမံကိန်းရေးဆွဲရေးဦးစီးဌာန[၃] တို့၏ ညွန်ကြားရေးမှူးချုပ်တာဝန်များဖြစ်သည်။စီမံကိန်းရေးဆွဲရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် တာဝန်ကို ၂၀၁၃ ခုနှစ် စက်တင်ဘာ ၅ရက်တွင် အစမ်းခန့်ခံရပြီး ၂၀၁၄ ခုနှစ် ဇူလိုင် ၃ရက်နေ့တွင် အတည်ပြုခန့်အပ်ခံရသည်။[၄] ထိုတာဝန်များကို ၂၀၁၉ ခုနှစ် နှောင်းပိုင်းအထိ တာဝန်ထမ်းဆောင်သည်။ [၅]
၂၀၂၁ နောက်ပိုင်းအခြေအနေ
[ပြင်ဆင်ရန်]၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းပြီးနောက် သူ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်အဖြစ် ခန့်အပ်တာဝန်ပေးသည်။ထိုတာဝန်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့အထိ တာဝန်ထမ်းဆောင်သည်။ပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥ က္ကဋ္ဌရုံးဝန်ကြီးဌာန (၃) ၏ ပြည်ထောင်စုဝန်ကြီး အဖြစ် ခန့်အပ်ခံရသည်။[၆]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်တို့ပူးပေါင်း၍ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ။ MWD Webportal (၁၆ ဩဂုတ် ၂၀၂၄)။ ၉ မတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ ၇/၂၀၁၃။ မြန်မာနိုင်ငံတော်ပြန်တမ်း (၅ စက်တင်ဘာ ၂၀၁၃)။ ၉ မတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ စီးပွားရေးစကားဝိုင်း ဆွေးနွေး။ Myanmar Digital News (၇ ဩဂုတ် ၂၀၁၈)။ ၉ မတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာအမှတ် ၄၈/၂၀၁၃။ မြန်မာနိုင်ငံတော်ပြန်တမ်း (၃ ဇူလိုင် ၂၀၁၄)။ ၉ မတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ အစိုးရစီမံကိန်း ဘတ်ဂျက်ကာလ ပြောင်းလဲ သတ်မှတ်မည်။ The Irrawaddy (၂၂ စက်တင်ဘာ ၂၀၁၇)။ ၉ မတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထဲရေးဝန်ကြီးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့အား ဌာနအပြန်အလှန် ပြောင်းရွှေ့ခန့်အပ်ခြင်းအပါအဝင် ပြည်ထောင်စုဝန်ကြီးအချို့နှင့် ဒုတိယဝန်ကြီးအချို့ကို အနားယူခွင့်ပြုခြင်းနှင့် ဌာနပြောင်းရွှေ့ခြင်းများပြုလုပ်။ Eleven Media Group (၃၁ ဇန်နဝါရီ ၂၀၂၅)။ ၉ မတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။