မော်တော်မြန်မာ
မော်တော်မြန်မာသည် အွန်လိုင်းအခြေပြု မော်တော်ကားနှင့် တစ်ခြားယာဉ်အမျိုးစုံရောင်းဝယ်ရေး ဝက်ဘ်ဆိုက်ဒ်တစ်ခု ဖြစ်သည်။ ၂၀၁၃ ခုနှစ် ၁၀လပိုင်းမှစ၍ ကာမူဒီ၏လက်အောက်၌[၁] လုပ်ငန်းလည်ပတ်လျက်ရှိသော မော်တော်မြန်မာသည် ပြည်တွင်းရှိ ကားအရောင်းပြခန်းပေါင်း (၂၂၀)၊ ရန်ကုန်မြို့ရှိ ကားရောင်း ဝယ်ရေးစခန်းများနှင့် တစ်သီးပုဂ္ဂလကားရောင်းဝယ်သူများ စသည့် ပြည်တွင်းကားဈေးကွက်အတွင်း အရောင်း အဝယ်ပြုလုပ်သူများ၏ (၉၅)ရာခိုင်နှုန်းကျော်နှင့် ချိတ်ဆက်ထားလျက်ရှိသည်။[၂]
သမိုင်းကြောင်း
[ပြင်ဆင်ရန်]မော်တော်မြန်မာကို ၂၀၁၂ ခုနှစ်တွင် အသုံးပြုသူတွေအနေဖြင့် မြန်မာတစ်နိုင်ငံလုံးက မော်တော်ကား၊ မော်တော်ဆိုင်ကယ် နှင့် ကုန်တင်ကားအမျိုးအစားပေါင်းများစွာကို တစ်နေရာတည်းမှာပဲ လွယ်ကူစွာရှာဖွေနိုင်ပြီး ကားရောင်းချသူများအနေဖြင့် ကားဝယ်ယူသူများနှင့် လွယ်ကူစွာ တိုက်ရိုက်ဆက်သွယ်နိုင်ရန် အွန်လိုင်းပလက်ဖောင်းတစ်ခု အနေဖြင့် စတင်တည်ထောင်ခဲ့သည်။ ၂၀၁၃ ခုနှစ် ၇ လပိုင်းမှ ၁၀ လပိုင်းအတွင်း ကာမူဒီကို မက္ကဆီကို၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့တွင် သီးသန့်ထူထောင်ခဲ့သည်။ အွန်လိုင်းအခြေပြု မော်တော်ယာဉ်ရောင်းဝယ်ရေး ဝက်ဘ်ဆိုက်ဒ်များသည် ၎င်းနိုင်ငံတို့တွင် ဤအချိန်မတိုင်မီက ရှိပြီးသားဖြစ်သည်။ ကာမူဒီက မော်တော်မြန်မာကို ၂၀၁၃ ခုနှစ် ၁၀လပိုင်းတွင် ရယူပြီးသည့်အခါ တခြားနိုင်ငံများကဲ့သို့ ကာမူဒီဟု အမည်မပြောင်းဘဲ "motors.com.mm" အမည်နှင့် ဆက်လက်လှုပ်ရှားလျက်ရှိသည်။[၃]
အသုံးပြုမူ
[ပြင်ဆင်ရန်]၂၀၁၄ ခုနှစ် ၇ လပိုင်း တွင် မော်တော်မြန်မာမှ အန်းဒရွိုက်အက်ပ်ကို စတင်မိတ်ဆက်ခဲ့သည်။ ယာဉ်အစီးရေ (၁၀၅၀ဝ၀)ကျော်ကို ဖော်ပြထားလျက်ရှိပြီး မော်တော်မြန်မာအက်ပ်သည် အသုံးပြုသူများအား ကွန်ပြူတာအရှေ့မှာကဲ့သို့ သက်တောင့်သက်သာ ကားရှာဖွေနိုင်မှုကို စမတ်ဖုန်းနှင့် သွားလာလှုပ်ရှားနေခိုက် အသုံးပြုနိုင်ရန်ရည်မှန်းလျက် ထုတ်ဝေခဲ့သည်။[၄]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Rocket Internet continues its tear through Asia with the launch of vehicle classifieds platform Carmudi။ Tech In Asia။ 14 July 2015 တွင် ပြန်စစ်ပြီး။
- ↑ About Us။ Carmudi။ 18 August 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 July 2015 တွင် ပြန်စစ်ပြီး။
- ↑ Rocket's Carmudi rides on Myanmar's Internet growth potential။ Starting Up Asia။ 14 July 2015 တွင် ပြန်စစ်ပြီး။
- ↑ Motors.com.mm Rolls Out Local App for Android Devices။ Myanmar Business Today။ 20 August 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 July 2015 တွင် ပြန်စစ်ပြီး။
ပြင်ပလင့်ခ်များ
[ပြင်ဆင်ရန်]- Official website Archived 15 July 2015 at the Wayback Machine.