မြတောင်ရွာ၊ ထီးချိုင့်မြို့နယ်
မြတောင် | |
---|---|
ရွာ | |
မြတောင်ရွာ | |
မြန်မာနိုင်ငံတွင်း တည်နေရာ | |
ကိုဩဒိနိတ်: 23°43′48″N 96°09′20″E / 23.7300300598145°N 96.1555862426758°Eကိုဩဒိနိတ်: 23°43′48″N 96°09′20″E / 23.7300300598145°N 96.1555862426758°E | |
နိုင်ငံ | ![]() |
တိုင်းဒေသကြီး | ![]() |
ခရိုင် | ကသာခရိုင် |
မြို့နယ် | ထီးချိုင့်မြို့နယ် |
ကျေးရွာအုပ်စု | မြတောင် |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
မြတောင်ရွာ (အင်္ဂလိပ်: Myataung)သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ မြတောင်ကျေးရွာအုပ်စု၌ တည်ရှိသည်။ မြတောင်ကျေးရွာ အုပ်စုတွင် မြတောင်ရွာ၊ ကက္ကုရွာ၊ တောရရွာ၊ သပြေလှရွာနှင့် ဖုန်းကုန်းလေးရွာတို့ ပါဝင်ကြသည်။ ရွာနေရာကုတ်မှာ ၁၇၄၆၁၉ ဖြစ်သည်။ [၁]
ဧရာဝတီမြစ်၏ အရှေ့ခြမ်းတွင် တည်ရှိပြီး အိမ်ခြေတစ်ထောင်ကျော်ခန့်ရှိသည်။ စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကျသည်။ ပဲအမျိုးမျိုး၊ စပါး နှင့် ကြံစိုက်ပျိုးကြသည်။
မြန်မာနိုင်ငံ၏ နောက်ဆုံးမင်းဆက် ဖြစ်ခဲ့သော သီပေါဘုရင်၏ မိဘုရားခေါင်ကြီး စုဖုရားလတ် အပျိုတော်ဘဝက အပိုင်စားရခဲ့သည့် ရွာဖြစ်သည်။ တကောင်းမြို့တော်၏ အထက်မိုင်(၂၀)ခန့်တွင် တည်ရှိသည်။ ရှေးယခင် မြန်မာဘုရင်များလက်ထက်တွင် မြို့အဖြစ်တည်ရှိသောလည်း အင်္ဂလိပ်အစိုးရလက်ထက်တွင် ထီးချိုင့်မြို့နယ်အတွင်း သွတ်သွင်းခံခဲ့ရသည်။[ကိုးကားချက်လိုသည်] မြတောင်ရွာ ရှေးယခင်ကပင် တည်ရှိခဲ့ပြီး အနော်ရထာမင်းကြီးလက်ထက် ဧရာဝတီ မြစ်အတွင်း တည်ခဲ့သည့် ကင်းမြို့ ၄၃ မြို့တွင် အပါဖြစ်သည်။
ဗမာ၊ ရှမ်းနှင့် လီဆူးလူမျိုးများနေထိုင်ကြသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ Place codes (Pcodes)။ Myanmar Information Management Unit (June 2020)။
![]() ![]() | ဤ စစ်ကိုင်းတိုင်းဒေသကြီး တည်နေရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |