မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း
မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းဦးဆောင်ညွှန်ကြားရေးမှူး မှာ ဦးမောင်မောင်ငြိမ်း ဖြစ်သည်။

သမိုင်းကြောင်း
[ပြင်ဆင်ရန်]မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းသည် ပို့ဆောင်ရေးဝန်ကြီးဌာန လက်အောက်ခံ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၏တစ်ခုတည်းသော နိုင်ငံတော်ပိုင်သင်္ဘောလိုင်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ပို့ကုန်နှင့်သွင်းကုန် သယ်ယူပို့ဆောင်ရေးကဏ္ဍကို ဖြည့်ဆည်းရန်ရည်ရွယ်ချက်ဖြင့် ၁၉၅၉ ခုနှစ်မှစ၍တည်ထောင်ခဲ့သော သင်္ဘောလိုင်းဖြစ်သည်။
ဖွဲ့စည်းပုံ
[ပြင်ဆင်ရန်]ရည်မှန်းချက်
[ပြင်ဆင်ရန်]ဌာန၏ရည်မှန်းချက်
[ပြင်ဆင်ရန်]ကုန်တင်ပို့သူနှင့်ခရီးသည်များ၏လိုအပ်ချက်ကို ဖြည့်ဆည်းရန် ကျွန်ုပ်တို့ အစွမ်းကုန် ကြိုးစားမည်။
ဌာန၏တာဝန်
[ပြင်ဆင်ရန်]ပို့ဆောင်ရေးဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံပိုင် သင်္ဘောလိုင်းတစ်ခုဖြစ်သည့်အားလျော်စွာ ဝန်ဆောင်မှုအပြည့်အဝပေးနိုင်မည့် သယ်ယူပို့ဆောင်မှုဖြင့် ပြည်သူစိတ်ချမ်းသာမှု ဖော်ဆောင်ရမည်။
လုပ်ငန်းဆောင်ရွက်မှုများ
[ပြင်ဆင်ရန်]သင်္ဘောအင်အား
[ပြင်ဆင်ရန်]နိုင်ငံခြားသွားသင်္ဘော
- ထားဝယ် (တန်ချိန် -၁၁၆၅၄) ၊ (သယ်ဆောင်နိုင်သည့်ကုန်သေတ္တာ-၃၈၂)
- မော်လမြိုင် (တန်ချိန် -၁၁၆၆၀) ၊ (သယ်ဆောင်နိုင်သည့်ကုန်သေတ္တာ-၄၀၀)
- ကျိုင်းတုံ (တန်ချိန် -၁၁၆၅၄) ၊ (သယ်ဆောင်နိုင်သည့်ကုန်သေတ္တာ-၃၈၂)
- စစ်တွေ (တန်ချိန် -၁၁၆၆၀) ၊ (သယ်ဆောင်နိုင်သည့်ကုန်သေတ္တာ-၄၀၀)
- စစ်ကိုင်း (တန်ချိန် -၁၃၀၅၅) ၊ (သယ်ဆောင်နိုင်သည့်ကုန်သေတ္တာ-၃၈၃)
- Cosmic Master(တန်ချိန် -၁၀၂၉၀)
- မကွေး (တန်ချိန် -၁၃၀၅၅) ၊ (သယ်ဆောင်နိုင်သည့်ကုန်သေတ္တာ-၃၈၃)
- Cosmic Challenger(တန်ချိန် -၈၃၃၅)
- ပဲခူး (တန်ချိန် -၁၃၁၀၅) ၊ (သယ်ဆောင်နိုင်သည့်ကုန်သေတ္တာ-၃၈၃)
- Ocean Brave (တန်ချိန် -၆၉၅၀)
- မန္တလေး (တန်ချိန် -၁၃၁၀၅) ၊ (သယ်ဆောင်နိုင်သည့်ကုန်သေတ္တာ-၃၈၃)
- Spring Trader (တန်ချိန် -၈၂၄၂)
- ချင်းရွှေဟော် (တန်ချိန် -၃၃၀၀)
- မိုင်းလား (တန်ချိန် -၃၃၀၀)
- ပုဂံ (တန်ချိန် -၂၀၇၆)
- ဘားအံ (တန်ချိန် -၂၀၇၆)
ကမ်းရိုးတန်းသွားသင်္ဘော
- လွိုင်ကော် (တန်ချိန် -၇၉၀)
- လားရှိုး (တန်ချိန် -၇၀၀)
- ဖားရွှေကျော်ရွာ (တန်ချိန် -၁၅၇၅)
- ရွှေလီ (တန်ချိန် -၁၃၀၅)
- ထုံးရွာ (တန်ချိန် -၁၇၂၀)
- ဟားခါး (တန်ချိန် -၉၄၈) ၊ တင်ဆောင်နိုင်သောခရီးသည် (၃၁၅)
- မြစ်ကြီးနား (တန်ချိန် -၉၄၈) ၊ တင်ဆောင်နိုင်သောခရီးသည် (၃၁၅)
- တောင်ကြီး (တန်ချိန် -၉၄၈) ၊ တင်ဆောင်နိုင်သောခရီးသည် (၃၁၅)
- သံလွင် (တန်ချိန် -၅၉၂) ၊ တင်ဆောင်နိုင်သောခရီးသည် (၄၄၀)
- ချင်းတွင်း (တန်ချိန် -၅၉၂) ၊ တင်ဆောင်နိုင်သောခရီးသည် (၄၂၈)
နိုင်ငံတကာနှင့်မြန်မာ့ကမ်းရိုးတန်းများသို့ ကုန်သယ်ယူပို့ဆောင်ရေး လုပ်ငန်း အဆင်ပြေချောမွေ့စေရေး အတွက် မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းမှ အောက်ပါခရီးစဉ်များ ပြေးဆွဲပို့ဆောင်ပေးလျက်ရှိသည်-
- အရှေ့ဖျားခရီးစဉ်
-တရုတ်၊ ဟောင်ကောင်၊ တောင်ကိုရီးယား၊ ဂျပန်
- အရှေ့တောင်အာရှခရီးစဉ်
- စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ထိုင်း
- ဥရောပခရီးစဉ်
- အိန္ဒိယ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ် ကုန်သေတ္တာခရီးစဉ် - ရန်ကုန်နှင့်စင်္ကာပူကြား (သုံးရက်ခြားခရီးစဉ်)
- ကမ်းရိုးတန်းခရီးစဉ်
- စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ မြိတ်၊ ကော့သောင်း၊ ကိုကိုးကျွန်း
ပင်လယ်ရေကြောင်းသယ်ယူပို့ ဆောင်ရေးလှုပ်ရှားမှုများ
[ပြင်ဆင်ရန်]တိုးတက်ပြောင်းလဲလာသည့်ကမ္ဘာ့သင်္ဘောလုပ်ငန်းနှင့်ရင်ဘောင်တန်းလိုက်နိုင်ရန် အစီအမံများ ချမှတ် ဆောင်ရွက်လျက်ရှိသည်။ ဆယ်စုနှစ်ပေါင်းများစွာ ပင်လယ် ရေကြောင်း သယ်ယူပို့ဆောင်ရေး အတွေ့အကြုံများဖြင့် အောက်ပါလုပ်ငန်းများကို အထောင်အထည်ဖော် ဆောင်ရွက်ပေးနေပါသည်။
- အထွေထွေကုန်သယ်ယူပို့ ဆောင်ရေး
နိုင်ငံတော်၏ စီးပွားရေးဖွံ့ ဖြိုးတိုးတက်စေရန်နှင့် ပြည်တွင်း လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်စေရန်မြန်မာ့ကြယ် ငါးပွင့် သင်္ဘောလုပ်ငန်းသည် ဓာတ်မြေဩဇာ၊ ဘိလပ်မြေ၊ ပဲမျိုးစုံ၊ သစ်နှင့် အခြားပို့ကုန်၊ သွင်းကုန်များကို သယ်ယူပို့ဆောင်ပေးလျက်ရှိသည်။
- ကုန်သေတ္တာသယ်ယူပို့ ဆောင်ရေးလုပ်ငန်း
ခေတ်မီဖွံ့ ဖြိုးတိုးတက်လာသော ပင်လယ်ရေးကြောင်းသယ်ယူပို့ဆောင်ရေးစနစ်တစ်ခုဖြစ်သည့် ကွန်တိန်နာ သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းကို ရန်ကုန်နှင့် စင်္ကာပူကြားတစ်ပတ်လျှင် (၂)ကြိမ် သယ်ယူပို့ဆောင်ပေးလျက် ရှိသည်။
- ကိုယ်စားလှယ်လုပ်ငန်း
မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းဖြင့် တင်ဆောင်လာသော ကုန်ပစ္စည်းများကို ရန်ကုန်ဆိပ်ကမ်းတွင်ကုန်တင်/ကုန်ချမှုလုပ်ငန်းမှန်ကန် မြန်ဆန်စေရန် ကိုယ်စားလှယ်လုပ်ငန်းဌာနတစ်ခု ဖွင့်လှစ်၍ ထိရောက် စွာဆောင်ရွက်လျက် ရှိသည်။
သာကေတဆိပ်ခံတံတား
[ပြင်ဆင်ရန်]နယ်စပ်ဒေသများဖြစ်သော ရခိုင်ကမ်းရိုးတန်း၊ တနင်္သာရီကမ်းရိုးတန်းရှိ ဆိပ်ကမ်းမြို့ များဖြစ်သည့် စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ ကိုကိုးကျွန်း၊ မြိတ်၊ ကော့သောင်းတို့ကို ခရီးသည်နှင့် ကုန်များသယ်ယူပို့ဆောင်နိုင်စေရန် အတွက် ဆိပ်ခံတံတားတစ်ခုကို သာကေတမြို့ နယ်ရှိ ပဲခူးမြစ်ကမ်းပေါ်တွင် တည်ဆောက်ထားပြီး လုပ်ငန်း ဆောင်ရွက်လျက် ရှိသည်။
ဆက်သွယ်ရန်
[ပြင်ဆင်ရန်]http://www.mfsl-shipping.com Archived 11 January 2016 at the Wayback Machine.
- HEAD OFFICE
132-136, Theinbyu Road, P.O. Box,1221,Yangon, Myanmar. Tel: ( 951 ) 295 279, 295 280, 295 281 Fax: ( 951 ) 297 669, 295 174 E-mail: [email protected]
- LONDON REPRESENTATIVE
Myanma Five Star Line C/o, Embassy of Union of Myanmar 19(A), Charles Street, London WIX 8ER, United Kingdom. Tel : 0044 171 4912919 Fax: 0044 171 6294169 e-mail : [email protected]
- TOKYO REPRESENTATIVE
Myanma Five Star Line Nissin Corporation Eishin Building, 3rd Floor, 5 , Sanban-cho, Chiyoda-ku Tokyo 102, Japan Tel : 0081 332386379 Fax: 0081 332386378 e-mail : [email protected]
- SINGAPORE REPRESENTATIVE
Myanma Five Star Line
BSA Transportation Pte Ltd.
10 Anson Road # 12-04
International Plaza, Singapore 079903
Tel : (65) 62275268
Fax: (65) 62278203
e-mail : [email protected]