မြေပြင်ဆင်းထိပ်ဖူး
ဤ ဆောင်းပါးသည် စိစစ်အတည်ပြုနိုင်ရန်အတွက် နောက်ထပ်ကိုးကားချက်များ လိုအပ်နေသည်။ (July 2007) |
မြေပြင်ဆင်းထိပ်ဖူးသည် အာကာသယာဉ်၏အစိတ်အပိုင်းဖြစ်ပြီး အာကာသပျံသန်းမှုပြီးဆုံးချိန်တွင်မြေပြင်ပေါ်သို့ ဆင်းသက်မည့် အပိုင်းဖြစ်သည်။ The shape is determined partly by aerodynamics; a capsule is aerodynamically stable falling blunt end first, which allows only the blunt end to require a heat shield for atmospheric reentry. ယင်းပုံစံသည် ခေတ်ဟောင်းမော်တော်ယာဉ်များ၏မီးခွက်နှင့်ပုံစံတူသည်။ လူလိုက်ပါသော မြေပြင်ဆင်းထိပ်ဖူးများတွင် အာကာသယာဉ်၏ကိရိယာများ၊ ပစ္စည်းထားရန်နေရာအနည်းငယ်နှင့်ယာဉ်မှူးများအတွက်ထိုင်ခုံများပါဝင်သည်။ ထိပ်ဖူးသည် လေခုခံမှုနည်းပါးသဖြင့် နောက်ဆုံးပိတ်တွင် လေထီးဖွင့်ပြီးအရှိန်သတ်ရသည်။ မြေပြင်၊ ပင်လယ်ပြင်များပေါ်သို့ဆင်းသက်ကြရသည်။ သို့မဟုတ် အခြားလေယာဉ်တစ်စင်းဖြင့် ယင်းထိပ်ဖူးကိုလိုက်ဖမ်းရသည်။ ယခုအခါတွင်လေယာဉ်ကဲ့သို့လျောတိုက်ဆင်းနိုင်သော မြေပြင်ဆင်းယာဉ်များသုံးစွဲနိုင်ရန်ကြိုးပမ်းနေကြပြီဖြစ်သည်။
ရှင်ကျိုး
[ပြင်ဆင်ရန်]မြေပြင်ဆင်းထိပ်ဖူးသည် ဆိုယုဇ်သို့မဟုတ် ရှင်ကျိုးအာကာသယာဉ်တွင် အပိုင်း(မော်ဂျူး)သုံးပိုင်းရှိသည့်အနက်အလယ်ပိုင်းဖြစ်သည်။ ကမ္ဘာပတ်မော်ဂျူးသည် ယာဉ်၏ရှေ့ဆုံးတွင်ရှိသည်။ ကိရိယာများတပ်ဆင်ထားသော မော်ဂျူး(အထိန်းမော်ဂျူး)သည် ယဉ်၏နောက်ဆုံးပိုင်းတွင်ရှိသည်။ မြေဆင်းရာတွင် လေထီးတစ်ခုနှင့် ဘရိတ်ဒုံးတို့ပါဝင်သည်။ ရှင်ကျိုး မြေပြင်ဆင်းထိပ်ဖူးသည် တစ်ကြိမ်သာအသုံးပြုနိုင်သည်။ အာကာသယာဉ်ပျံသန်းမှုတစ်ခါလုပ်တိုင်း မြေပြင်ဆင်းထိပ်ဖူးတစ်ခုအသုံးပြုရသည်။ အသုံးပြုပြီးသောထိပ်ဖူးများကို များသောအားဖြင့်ပြတိုက်သို့ပို့ပြီးပြသထားလေ့ရှိကြသည်။
ရှင်ကျိုး မြေပြင်ဆင်းထိပ်ဖူးနှင့်ပတ်သက်၍ ဆိုယုဇ် တီအမ် ဒီဇိုင်းမှနည်းပညာအချို့ကိုအသုံးပြုသည်ဆိုသောအချက်မှလွဲလျှင် ကျန်အချက်အလက်အနည်းငယ်သာသိရှိခွင့်ရသည်။ နိုင်ငံတကာအာကာသစခန်းသို့ ပင်တိုင်ပျံသန်းပေးနေသော ဆိုယုဇ် တီအမ်အေ အာကာသယာဉ်သစ်တွင် အရပ်ရှည်သော ယာဉ်မှူများအတွက် သင့်လျော်အောင်ပြုလုပ်ထားပြီး လေယာဉ်များ၊ အမေရိကန်တို့၏အာကာသလွန်းပျံယာဉ်များနည်းတူ မှန်ပြတင်းတပ်ဆင်ထားသည်။
ဆိုယုဇ်
[ပြင်ဆင်ရန်]ယခင်ဆိုဗီယက်ပြည်ထောင်စုတွင် မတော်တဆမှုနှစ်ခုနှင့်မတော်တဆဖြစ်လုနီးပါးတစ်ခုဖြစ်ပွားခဲ့သည်။ ယင်းသုံးခုလုံးသည် မြေပြင်ဆင်းထိပ်ဖူးကမ္ဘာပတ်လမ်းမှ ဖဲခွာလာပြီးလေထုထဲဆင်းလာချိန်တွင် ဖြစ်ပွားသည်။ ဆိုယုဇ် ၁ သည် လေထီးမပွင့်ပဲ ထိပ်ဖူးသည် မြေကြီးကို တစ်နာရီမိုင် ၃၀၀နှုန်းဖြင့်ဝင်ဆောင့်သည်။ အာကာသယာဉ်မှူးဗလာဒီမာ မီခေလ်းလိုဗစ်ချ် ကိုမာရော့ဗ်သေဆုံးခဲ့ရပြီး ဆိုယုဇ်၁ စီမံကိန်းလည်းရပ်တန့်ခဲ့ရသည်။ ဆိုယုဇ် ၅ သည်လည်းမတော်တဆဖြစ်မှုကြောင့်ရပ်တန့်လုနီးပါးဖြစ်ခဲ့ရသည်။ မြေပြင်ဆင်းထိပ်ဖူးသည် လေထုထဲသို့နေရာမှားယွင်းဆက်သက်လာခဲ့သည်။ ကိရိယာမော်ဂျူးသည် မြေပြင်ဆင်းမော်ဂျူးမှပြုတ်ထွက်မသွားဘဲ တန်းလန်းကြီးပါလာသည်။ ကံကောင်းစွာပင် ကိရိယာမော်ဂျူးလောင်ကျွမ်းသွားပြီး အဆင်းမော်ဂျူးနှင့် မြေပြင်ဆင်းထိပ်ဖူးတို့ ပုံမှန်ပြန်ဖြစ်သွားသည်။
ဆိုယုဇ် ၁၁ သည် ၁၉၇၁ မတော်တဆဖြစ်မှုနောက်ပိုင်းတွင် ဇာတ်သိမ်းသွားသည်။ ဖိအားညီမျှစေရန်တပ်ဆင်ထားသည့် ဖိအားမျှဗား(equalization valve)သည် ဆိုယုဇ်ယာဉ် နောက်ဆုံးဆင်းသက်ချိန်တွင် သတ်မှတ်ထားသည်ထက်စောကာ လေဟာပြင်အာကာကထဲတွင် ပွင့်သွားပြီး အာသာဝတ်စုံမဝတ်ဆင်ထားသည့် အာကာသယာဉ်မှူးသုံးဦးကိုသေဆုံးစေခဲ့သည်။ ဆိုယုဇ် ၁၂ မှ ဆိုယုဇ် ၄၀ထိ နောက်ပိုင်းပျံသန်းမှုများ တွင် ဖိအားချိန်ကိရိယာထည့်သွင်းရန်အတွက် ထိုင်ခုံတစ်လုံးကိုဖယ်ရှားပြီး ယာဉ်မှူးနှစ်ဦးသာစီးနင်းနိုင်သည့်ပုံစံပြုလုပ်ခဲ့သည်။ ဆိုယုဇ်တီ ပုံစံတွင် တတိယထိုင်ခုံကိုပြန်ထည်တပ်ဆင်ထားခဲ့သည်။
မြေပြင်ဆင်းထိပ်ဖူးများစာရင်း
[ပြင်ဆင်ရန်]အပိုလိုအာကာသယာဉ်၏အထိန်းမော်ဂျူး
SpaceX Dragon
Orion Crew Exploration Vehicle
ISRO Orbital Vehicle
ရှင်ကျိုမြေပြင်ဆင်းမောဂျူး
Soyuz reentry module
Vostok reentry module
ဗော့စ်ခေါ့ခ် မြေပြင်ဆင်းမော်ဂျူးများ
Space Capsule Recovery Experiment
McDonnell Mercury capsule
McDonnell Gemini capsule
ရည်ညွှန်း
[ပြင်ဆင်ရန်]- Soyuz Landing။ NASA။ 5 August 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 January 2013 တွင် ပြန်စစ်ပြီး။ - Describes Soyuz-TMA descent.