မာတိကာသို့ ခုန်သွားရန်

မ ခင်မှ ဥခင်

ဝီကီပီးဒီးယား မှ

မ ခင်မှ ဥခင် သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[]

အဓိပ္ပာယ်

[ပြင်ဆင်ရန်]

“မခင်မှ ဥခင်” ဆိုသည်မှာ ငှက်ဖိုသည် ငှက်မကို ခင်တွယ်မှသာ ငှက်မ၏ နှင့် အသိုက်အမြုံကိုပါ ခင်တွယ်သကဲ့သို့ ယောက်ျားများသည် မိမိ၏ ဇနီးကို ချစ်ခင်တွယ်တာမှသာ သားသမီးများကိုပါ ချစ်ခင်တွယ်တာတတ်သည်ဟု ဆိုလိုသည်။ ဤဆိုရိုးစကားသည် မိသားစုဆက်ဆံရေးတွင် ဇနီးမောင်နှံ၏ ဆက်ဆံရေးသည် အဓိကအရေးပါကြောင်းကို ဖော်ပြသည်။ ဇနီးမောင်နှံ၏ ဆက်ဆံရေး မကောင်းပါက သားသမီးများအပေါ် သက်ရောက်မှုရှိနိုင်ပြီး ဇနီးမောင်နှံ၏ ဆက်ဆံရေး ကောင်းမွန်ပါက သားသမီးများလည်း နွေးထွေးသော မိသားစုပတ်ဝန်းကျင်တွင် ကြီးပြင်းနိုင်မည်ဖြစ်သည်။ “မ ကို ခင် မှ ဥ ကို ခင်” ဟူ၍လည်း အသုံးပြုသည်။

ကိုးကားချက်များ

[ပြင်ဆင်ရန်]
  • "ထွန်းမြင့်မှာလည်း မ ကို ခင်မှ ဥကို ခင် ဆိုသလို အတာအား ကြည်ကြည်ဖြူဖြူနှင့် ကောလိပ်သို့ ပို့နိုင်မည်ဖြစ်ကြောင်း စဉ်းစားနေရာ၊" []
  • "ယခုမူ မ ကို ခင်၍ပင် ဥ ကို ခင်နေခြင်းမဟုတ်ပါလောဟု သူ့ကိုယ် သူ သတိရလာခဲ့သည်။" []
  • "အမိမဲ့တဲ့ ကလေးများဟာ လွန်စွာ ဆင်းရဲပါကလားနော်၊ မ ကို ခင် မှ ဥ ကိုမင် ဆိုတဲ့ စကားမျိုးလို အဖေလုပ်တဲ့လူများဟာလည်း မယားကို မခင်မင်လျှင် ဘယ်လိုပင် ပြောပြော ချစ်တဲ့သဘောကွာဝေး၍ ရင်သွေးကို စိမ်းကားလေ့ရှိကြတယ်။" []

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
  2. [၁၃၀၁] ဒဂုန်၊ ၂၂၉။ ၂၃၀။
  3. [၁၃၁၄] မြဝတီ၊ ၁၊ ၂။ ၁၀၈။
  4. [၁၂၈၂] ဝေဝေ၊ ပ။ ၂၀၅။